Home အယ်ဒီတာ့အာဘော် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲမဲ့ ကြားဖြတ်‌ရွေး‌ကောက်ပွဲ

သူနိုင်ကိုယ်နိုင် အပြိုင်ကြဲမဲ့ ကြားဖြတ်‌ရွေး‌ကောက်ပွဲ

2031

၂၀၁ဝခုနှစ်၊ နိုဝင်ဘာ ၇ရက် ‌ရွေး‌ကောက်ပွဲအပြီးတွင် မြန်မာတစ်ပြည်လုံးရှိ မြို့နယ် ၅၉မြို့နယ်၌ လစ်လပ်သွားသည့် မဲဆန္ဒနယ်‌မြေ ၄၈ ‌နေရာရှိ‌နေသည်။ ထို့အတွက် ကြားဖြတ်‌ရွေး‌ကောက်ပွဲကို ယခုနှစ်၊ ဧပြီလ ၁ရက်‌နေ့တွင် ကျင်းပမည်ဖြစ်သည်။ ယင်းသို့ မကျင်းပမီ လက် ရှိအချိန်တွင် မဲဝင်‌ရောက်ယှဉ်ပြိုင်မည့် ပါတီအသီးသီးမှ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများက ၎င်းတို့၏ သက်ဆိုင်ရာ နယ်‌မြေအ လိုက် မဲဆန္ဒရှင်လူထုကို စည်းရုံးလှုံ့‌ဆော်လျှက်ရှိရာ အထူးသဖြင့် အာဏာရပါတီဖြစ်သည့် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ လွှတ်‌တော်ကိုယ်စားလှယ်များက ပြန်လည် ဦး‌မော့လာသည့် ၉၀‌ရွေး‌ကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့်အ ပြိုင် စည်းရုံး‌နေကြသည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ဥက္ကဌ ဦးတင်‌အေးသည် ပြီးခဲ့သည့် ‌နေပြည်‌တော် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ရုံး အစည်းအ‌ဝေး တွင် လာမည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ‌ရွေး‌ကောက်ပွဲဖြစ်‌စေရမည်ဟု ကတိကဝတ်များ ‌ပေးအပ်‌ပြော ဆိုခဲ့သည်။ သို့‌သော် အချို့မြို့နယ်များ၌ ‌သေဆုံးသူ ကြံ့ဖွံ့ပါတီဝင်များ၏ စာရင်းများရှိ‌နေ‌သေးခြင်း၊ မဲ‌ပေးရမည့်သူဖြစ်ပါလျက်နှင့် မဲစာရင်းတွင် မပါဝင်ခြင်း၊ ‌ကြေညာထားသည့် မဲစာရင်းများကို ‌စောင့်ကြည့်လိုသူများက ကူးယူခွင့်မရခြင်းများမှာ လွတ်လပ်မှု၊ တရားမျှတမှုကို ကင်းမဲ့‌စေပါသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် မိမိတို့ပါတီ၏ ကိုယ်စားလှယ်များ မဲအနိုင်ရရှိ‌ရေးအတွက် တနသင်္ာရီတိုင်း၊ ဧရာဝတီတိုင်း၊ သျှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မန္တ‌လေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ကြိုးပမ်း‌ဟော‌ပြောခဲ့သည်။ သူမက “‌ရွေး‌ကောက်ပွဲတစ်ခုမှာ တရားမျှတ တယ်ဆိုတာဟာ ဒီမဲထည့်တဲ့‌နေ့မှာ လွတ်လွတ်လပ်လပ် လျှို့ဝှက်မဲထည့်နိုင်ရုံနဲ့ မပြီး‌သေးဘူး။ မဲဆွယ်ခွင့်ကာလမှာ မဟုတ်တဲ့ကိစ္စ‌တွေ၊ မလုပ်သင့်တဲ့ကိစ္စ‌တွေ မလုပ်ဖို့၊ မပါဖို့လည်း အ‌ရေးကြီးတယ်”ဟူ၍ ‌နေပြည်‌တော် ဥတ္တရသီရိမြို့တွင် လူထုကို သတိ‌ပေး ‌ပြောကြားသွားခဲ့ သလို တပ်မ‌တော်သားများကိုလည်း ‌ဟော‌ပြောစည်းရုံးခဲ့သည်။

ယခုလို အစိုးရ၏ ကတိစကားများ၊ ‌ဒေါ်စု၏ သတိစကားများမှာ စည်းကမ်းရှိ‌သော ဒီမိုက‌ရေစီနိုင်ငံ ထူ‌ထောင်‌ရေးအတွက် ‌ရွေးချယ်လက် ခံရမည့် အမှာစကားများသာ ဖြစ်သည်။ ‌ရွေး‌ကောက်ပွဲ၏ ရလဒ်မှာ လူထုထည့်ဝင်မည့် မဲတစ်ပြားတန်ဘိုး‌ပေါ်တွင် မူတည်လျှက်ရှိရာ မဲစာ ရင်းများ ‌ပျောက်‌နေခြင်းမှာလည်း လွတ်လပ်၍ တရားမျှတမှုအတွက် ကြီးမားသည့် နိုင်ငံ‌ရေးအမှားတစ်ခုကို ကျူးလွန်‌နေခြင်းပင် ဖြစ် သည်။ ဤအမှားမျိုးကို ကျူးလွန်ခြင်းသည် လူထု၏ လွတ်လပ်‌သောဆန္ဒကို လျစ်လျူရှုခြင်းပင် ဖြစ်သည်။

လူထု အပါအဝင် လူထုအ‌ခြေပြု အဖွဲ့အစည်းများသည် သန့်ရှင်း‌သော အစိုးရတစ်ရပ်ကိုသာ လိုလားကြသည့်အ‌လျောက် မိမိတို့၏ လိုလားမှုကို ပြသသည့်အ‌နေဖြင့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ခရီးစဉ်တိုင်းကို ‌ထောင်‌သောင်းချီ‌သော လူထုက ‌သောင်း‌သောင်းဖျဖျ ကြိုဆို ကြသည်။ မိမိတို့ဘဝအတွက် အာမခံ‌ပေးမည့် ‌ခေါင်း‌ဆောင်ကို ‌မျှော်လင့်အားကိုးကြသည်။ မြန်မာနိုင်ငံကို ဒီမိုက‌ရေစီနိုင်ငံ အစစ်အမှန် ဖြစ်လိုပါက လက်ရှိ အစိုးရ အပါအဝင် မဲဆန္ဒရှင်လူထုနှင့် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများက သူနိုင်ကိုယ်နိုင် အပြိုင်ကြဲမည့် ကြား ဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပသည့်‌ဒေသများ၌ ‌စောင့်ကြည့်‌လေ့လာသူများ ထားရှိသွားခြင်းဖြင့် လွတ်လပ် ရိုးသားမှုများကို သက်‌သေခံ ‌ဖော် ထုတ်သိရှိနိုင်မည် ဖြစ်‌ပေသည်။