Home သတင်း တရားဝင်‌ဆွေး‌နွေးပွဲ ကျင်းပနိုင်ရန် အစိုးရနှင့် ABSDF ‌တွေ့မည်

တရားဝင်‌ဆွေး‌နွေးပွဲ ကျင်းပနိုင်ရန် အစိုးရနှင့် ABSDF ‌တွေ့မည်

1273
မတ်လ ၇ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ကိုယ်စားလှယ်အချို့သည် အစိုးရနှင့် တရားဝင်‌ဆွေး‌နွေးပွဲ ပြင်ဆင်၊ ညှိနှိုင်းရန်အတွက် ဘားအံမြို့သို့ ယ‌နေ့နံနက်တွင် စတင် ထွက်ခွာသွားကြသည်။

ABSDF တွဲဖက်အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး(၁) ဦးမြင့်ဦး ဦး‌ဆောင်သည့် အဖွဲ့ဝင်‌ခြောက်ဦးသည် ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ခရီးစဉ် အတွက် ညှိနှိုင်းစရာရှိသည်များကို ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး‌ဟောင်း ‌စောခင်စိုးနှင့် ယခုလ (၈) ရက်‌နေ့ ဘားအံတွင် ‌တွေ့ဆုံမည်ဟု ABSDF မှ ဒုဥက္ကဌ ဦးမျိုးဝင်းက ‌ပြောသည်။

ဦးမျိုးဝင်းက “နှစ်ဖက်ကိုယ်စားလှယ်‌တွေ ‌တွေ့ပြီး မကြာခင်မှာကျ‌နော်တို့‌တွေ့ဆုံမယ့် ‌ဆွေး‌နွေးပွဲ ခရီးစဉ်ကို ပြင်ဆင်ဖို့သွား ညှိတဲ့အဆင့် ပါပဲ” ဟု‌ပြောသည်။

လာမည့် ဧပြီလ ပထမအပတ်တွင် အစိုးရငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ဦး‌အောင်‌သောင်းနှင့် ‌တွေ့ဆုံမည့် ခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်း ရန် ‌တွေ့ဆုံရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ အပစ်ခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေး‌နေချိန်တွင် ABSDF အ‌နေဖြင့် သွား‌ရောက်‌တွေ့ဆုံခြင်းမှာ ‌ကောင်း‌သောအလားအလာဖြစ်သကဲ့သို့ မြန်မာပြည်ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် အစိုးရဘက်မှ အဓိကကျ‌ကြောင်း ကရင်အမျိုးသားအ စည်းအရုံး(KNU) ဒုဥက္ကဌ ပဒို‌ဒေးဗစ်သက‌ဘောက ‌ပြောသည်။

“အစိုးရဘက်က ‌စေတနာမှန်မယ်ဆိုရင် ငြိမ်းချမ်း‌ရေး အလားအလာက‌တော့ အားလုုံး‌ကောင်းတာပဲ။ ဒါ‌ပေမယ့် အစိုးရဘက်က ကချင် ဘက်မှာ ဖြစ်‌နေတဲ့ တိုက်ပွဲ‌တွေကို ရပ်ရမယ်‌လေ။”ဟု ‌ပြောသည်။

ABSDF ၏ တပ်ရင်းအများစုသည် လတ်တ‌လော အစိုးရနှင့် အပစ်ခတ်ရပ်စဲ‌ရေးများ ‌ဆွေး‌နွေး‌နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်‌မြေများအတွင်း ‌နေထိုင်ကာ လှုပ်ရှားလျှက်ရှိသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ (၉)ရက်‌နေ့တွင် ABSDF နှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး‌ဟောင်း ‌စောခင်စိုးတို့သည် အကြိုသ‌ဘောဖြင့် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

၁၉၈၈ခု ဒီမိုက‌ရေစီ‌တောင်းဆိုမှူ အ‌ရေးအခင်း‌နောက်ပိုင်းတွင် ‌ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းထားသည့် ABSDF သည် မိမိအဖွဲ့ တွင်းနှင့် ပြည်တွင်းပြည်ပရှိ ‌ကျောင်းသားလူငယ်တို့၏ သ‌ဘောထား အကြံဉာဏ်များ ရယူကာ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။