Home ဆောင်းပါး ကြားဖြတ်‌ရွေး‌ကောက်ပွဲ၊ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ကရင်တိုင်းရင်းသားများ‌နေထိုင်ရာ ‌ကော့မှူးမြို့နယ်၊ ဝါးသခင်္‌ကျေးရွာ

ကြားဖြတ်‌ရွေး‌ကောက်ပွဲ၊ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ကရင်တိုင်းရင်းသားများ‌နေထိုင်ရာ ‌ကော့မှူးမြို့နယ်၊ ဝါးသခင်္‌ကျေးရွာ

2069
အယ်ဂလယ်မူး

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ်၊ ဧပြီလ (၁)ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် ကြား ဖြတ်‌ရွေး‌ကောက်ပွဲ၌ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌တောင် ပိုင်းခရိုင်၊ ‌ကော့မှူးမြို့နယ် ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ်တွင် ‌ဒေါ်‌အောင်ဆန်းစု ကြည်၏ အဓိကယှဉ်ပြိုင်ဘက် ဖြစ်လာမည့်သူမှာ ပြည်‌ထောင် စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌ဒေါက် တာစိုးမင်း ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများအရ ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ‌ကော့မှူးမြို့နယ်သို့ အိမ်‌ထောင်စုဇယား(ပုံစံ-၁၀) ‌ပြောင်း‌ရွှေ့ရသည်။

‌ကော့မှူးမြို့နယ်မှ ဝင်‌ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ရခြင်းနှင့် ပတ်သက်၍ ‌ဒေါ်‌အောင်ဆန်းစုကြည်က မီဒီယာများအား ‌ပြောကြားချက်အ ချို့ကို ‌ကောက်နုတ်‌ဖော်ပြလိုက်ပါသည်။ “‌ကော့မှူးက ပြိုင်မယ်ဆို‌တော့ အဲဒီမှာပဲ မဲထည့်ရမယ်။ မဲထည့်ရမယ်ဆို‌တော့ အန်တီက အဓိက က‌တော့ အဲဒီရွာ(ဝါးသခင်္‌ကျေးရွာ)ကို ‌ရွေးတာက‌တော့ ကရင်တိုင်းရင်းသား‌တွေ ရွာမို့လို့ပါ။” ‌ရွေး‌ကောက်ပွဲ မဲဆွယ်စည်းရုံး‌ရေး ခရီးစဉ်အ ဖြစ် ‌ကော့မှူးမြို့နယ်သို့ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် အနည်းဆုံး (၃)ကြိမ် သွား‌ရောက်မည်ဖြစ်‌ကြောင်း သိရသည်။

၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်၊ စ‌နေ‌နေ့တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ‌ကော့မှူးမြို့နယ်သို့ ‌ရွေး‌ကောက်ပွဲအကြို၊ မဲဆွယ်စည်းရုံး ‌ရေး ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် လာ‌ရောက်ခဲ့ရာ ‌ဒေသခံ ပြည်သူလူထု ‌ထောင်‌ပေါင်းများစွာတို့မှ ‌ဒေါ်‌အောင်ဆန်းစုကြည်အား ‌နွေး ‌ထွေးလှိုက်လှဲစွာ အား‌ပေး‌ထောက်ခံကြိုဆိုခဲ့ကြပါသည်။ ‌ကော့မှူးမြို့နယ် စည်းရုံး‌ရေးခရီးစဉ်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ကရင် တိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်လာခဲ့ပါသည်။ ‌ကော့မှူးမြို့နယ်သည် ကရင်တိုင်းရင်းသား အများအပြား ‌နေထိုင်ရာ‌ဒေသ ဖြစ်သည်။

‌ဒေါ်‌အောင်ဆန်းစုကြည် မဲထည့်ရန် ‌ရွေးချယ်ထား‌သော ‌ကော့မှူးမြို့နယ်၊ ဝါးသခင်္‌ကျေးရွာအ‌ကြောင်း အကျဉ်းမျှ ‌ဖော်ပြလိုက်သည်။
ဝါးသခင်္ရွာနှင့် ‌ကော့မှူးမြို့သည် ၁၆မိုင်နှင့် ၁ဖာလုံမျှသာ ကွာ‌ဝေးပြီး ကျိုက်‌ထော်နှင့် ဝါးသခင်္သည် အ‌ရှေ့နှင့် အ‌နောက် ‌ကျောချင်းကပ် ‌နေကြသည်။ ‌ကော့မှူးမြို့သည် ရန်ကုန်-ဒလ-‌တောတန်း ကားလမ်း‌ပေါ်တွင် တည်ရှိပြီး တွံ‌တေးနှင့် ရန်ကုန်သို့ အလွယ်တကူ သွားလာ နိုင်သည်။ ထို့ပြင်မက ‌တောင်ဘက်ရှိ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းသို့လည်း အသွားအလာ လွယ်ကူ‌သော မြို့တစ်မြို့ ဖြစ်သည်။

‌ကော့မှူးမြို့နယ်၊ ဝါးသခင်္ရွာနှင့် ‌ကျောချင်းကပ်လျက်ရှိ‌သော ကျိုက်‌ထော်ရွာသည် ဧရာဝတီမြစ်ကမ်းနဖူး‌ပေါ်တွင် တည်ရှိပြီး ဖျာပုံ၊ ဘိုက ‌လေး၊ ကျိုက်လတ် စသည့် မြစ်ဝကျွန်း‌ပေါ်‌ဒေသများသို့ သ‌ဘေင်္င်္ာများဖြင့် အစဉ်အမြဲ သွားလာ၍ လွယ်ကူ‌သော‌နေရာ ဖြစ်ပါသည်။ ‌ကော့ မှူးမြို့သည် ရန်ကုန်တိုင်း၏ အ‌နောက်‌တောင်ဘက်အစွန်းတွင် တည်ရှိပြီး တွံ‌တေးမြို့နှင့် ကွမ်းခြံကုန်းတို့၏ အလယ်ဗဟိုတွင်ရှိကာ အလွန် နှစ်လိုဖွယ်‌ကောင်းသည့် မြို့‌လေးတစ်မြို့ ဖြစ်သည်။

‌ကော့မှူးမြို့သည် ယခင်က ကွမ်းခြံကုန်းမြို့နယ်တွင် ပါဝင်ခဲ့ပြီး မြို့နယ်အဖြစ်သို့ တိုးတက်‌ပြောင်းလဲ သတ်မှတ်ခြင်းခံရပြီး‌နောက် ၁၉၉၄ခု နှစ်၊ စာရင်းအရ လူဦး‌ရေ (၁၀၇,၀၀၀)‌ကျော်ရှိ၍ တိုင်းရင်းသား‌ပေါင်းစုံ မှီတင်း‌နေထိုင်လျက်ရှိ‌သော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်အ တွင်း ကရင်တိုင်းရင်းသား အများအပြား ‌နေထိုင်ကြပြီး ဝါးသခင်္‌ကျေးရွာသည် ကရင်လူမျိုးများ ‌နေထိုင်ကြ‌သော ‌ကျေးရွာတစ်ရွာဖြစ်သည်။ ဝါးသခင်္‌ကျေးရွာသားများသည် မျိုးချစ်စိတ်ဓာတ် ထက်သန်ကြသူများဖြစ်ပြီး ကရင်ရိုးရာယဉ်‌ကျေးမှု အထိမ်းအမှတ် ‌ကျောက်စာတိုင်ကြီး တစ်ခုကို တည်‌ဆောက်ထားကြသည်။