Home သတင်း ၆၅ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ အခမ်းအနား ပြည်တွင်းပြည်ပရှိ မွန်များ ကျင်းပ

၆၅ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ အခမ်းအနား ပြည်တွင်းပြည်ပရှိ မွန်များ ကျင်းပ

2587
‌ဖေ‌ဖော်ဝါရီလ ၈ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

တပို့တွဲလပြည့်‌ကျော် ၁ရက်‌နေ့ဖြစ်သည့် ၂၀၁၂ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၈ရက်‌နေ့တွင် ကျ‌ရောက်‌သော ၆၅ကြိမ်‌မြောက် မွန်အ မျိုးသား‌နေ့ အခမ်းအနားကို ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းများနှင့် မွန်လူမျိုးများက ယ‌နေ့ စည်ကားစွာ ကျင်းပခဲ့ကြ သည်။

မွန်အမျိုးသား‌နေ့ကို ပြည်တွင်း၌ ၁၅နှစ်ကြာ အခမ်းအနား ကျင်းပခွင့် တားမြစ်ခံထားရပြီး ယခုနှစ်ကျမှသာ ရန်ကုန်မြို့တွင် ပြန်လည် ကျင်းပခွင့်ရခြင်း ဖြစ်သည်။

မုဒုံမြို့နယ်မှ မွန်အမျိုးသား‌နေ့ ကျင်းပ‌ရေး ‌ကော်မတီဝင်တဦးက “ဒီနှစ်က ထူးခြားတဲ့ နှစ်တနှစ်‌ပေါ့‌နော်။ ဥပမာ ရန်ကုန်မှာ လည်း အရင်လိုပဲ အခမ်းအနား ပြန်လုပ်ခွင့်ရတယ်။ ပြီး‌တော့ မွန်ပြည်နယ်မှာလည်း လွတ်လွတ်လပ်လပ်နဲ့ အခမ်းအနား ကို ‌အောင်မြင်စွာနဲ့ ကျင်းပခွင့်ရကြတယ်။ ဝန်ကြီး‌တွေ‌တောင် အခမ်းအနားတက်ကြတယ်”ဟု ‌ပြောသည်။

ထို့အပြင် မွန်ပြည်နယ် ၁ဝမြို့နယ်မှ မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင်ပြီး မွန်အမျိုးသား‌နေ့(ဗဟို)ကို နှစ်စဉ် နှစ်တိုင်း ကျင်းပလျှက်ရှိရာ ယခုနှစ်တွင် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌ကော့ဘိန်း‌ကျေးရွာ အခမ်းအနားသို့ ကရင် ပြည်နယ် ဝန်ကြီးချုပ်နှင့် ‌မော်လမြိုင်မြို့ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ တက်‌ရောက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့ခံ မွန်အမျိုးသား နိုင်သိုက်က “ဒီနှစ် ခါတိုင်းနှစ်ထက် စည်တယ်လို့ ကျ‌နော်မြင်တယ်။ တလမ်းလုံးမှာလည်း မွန်ဝတ်စုံ‌တွေနဲ့ နီရဲ‌နေတာပဲ။ အခမ်းအနားကိုလည်း မြို့တိုင်း၊ ရွာတိုင်းမှာ ကျင်းပကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ထိုင်းနိုင်ငံအတွင်း ထိုင်းရာမန်(ထိုင်းမွန်)များ၊ နယ်စပ်မြို့များဖြစ်သည့် ဘုရားသုံးဆူ၊ မဲ‌ဆောက်တို့အပြင် ဖူး ကက်၊ မဟာချိုင်၊ ပထုံဌာန စသည့် ‌ဒေသများတွင်လည်း မွန်‌ရွှေ့‌ပြောင်းအလုပ်သမားများနှင့် မွန်အဖွဲ့အစည်းများ ဦး‌ဆောင်ကာ တီးဝိုင်းများဖြင့် ‌ဖျော်‌ဖြေကျင်းပခဲ့ကြသလို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်‌မြေအတွင်းရှိ ပလဲ့ဒွန်းဖိုက်‌ကျေး ရွာ၌လည်း ကျင်းပခဲ့ကြသည်။

၆၅ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ အခမ်းအနားကို အခြား မ‌လေးရှား၊ စင်ကာပူ၊ ဩစ‌တြေးယား၊ ကိုးရီးယား၊ က‌နေဒါ၊ ‌နော် ‌ဝေး၊ အဂင်္လန် စသည့်နိုင်ငံများတွင် ကျင်းပခဲ့ကြပြီး ၎င်းနိုင်ငံများမှ ပြည်ပ‌ရောက်မွန်လူမျိုးများက ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ရာတွင် မွန်အမျိုးသား ‌ရေးလှုပ်ရှားမှုများကို ‌သွေးစည်းညီညွှတ်မှုဖြင့် တက်ကြွစွာ ပါဝင်ရန်၊ တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်‌ကောင်စီ(UNFC)အ‌နေဖြင့် ရပ်တည်သွားရန်နှင့် သမ္မတဦးသိန်းစိန်အ‌နေဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကာ အချိန်သတ်မှတ်ပြီး နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတစ်ရပ် အမြန်ဆုံး ကျင်းပသွားရန် ‌တောင်းဆိုလိုက်သည်။

သာသနာသက္ကရာဇ် ၁၁၁၆ခုနှစ်၊ တပို့တွဲလပြည့်‌ကျော် ၁ရက်‌နေ့တွင် မွန်ဘုရားညီ‌နောင်နှစ်ပါးဖြစ်ကြ‌သော သမလမင်းနှင့် ဝိမလမင်းတို့၏ ဟံသာဝတီ မွန်နိုင်ငံ‌တော် တည်‌ထောင်ခဲ့သည့်‌နေ့ကို အစွဲပြု၍ မွန်အမျိုးသား‌နေ့ သတ်မှတ်ခဲ့ကြပြီး ထိုအ ချိန်မှစ၍ ‌နေ့ထူး‌နေ့မြတ်တစ်ရက်အဖြစ် မွန်လူမျိုးတို့က ၎င်းတို့‌နေထိုင်ရာ ‌ဒေသအသီးသီးတွင် ကျင်းပလာကြသည်။

မွန်အမျိုးသား‌နေ့ကို အမျိုးသား‌ရေးစိတ်ဓာတ်ရှင်သန်‌ရေး၊ အမျိုးသား စည်းလုံးညီညွှတ်‌ရေး အင်အား‌တောင့်တင်းခိုင်မာ‌ရေး အပါအဝင် အမျိုးသား‌ရေး လက္ခဏာနှင့် ယဉ်‌ကျေးမှုအ‌မွေများ ထိန်းသိမ်း‌စောင့်‌ရှောက်ရန် ရည်ရွယ်၍ အစဉ်အလာမပျက် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။