Home သတင်း မြန်မာပြည် ငြိမ်းချမ်း‌ရေးအတွက် အားလုံး ပူး‌ပေါင်း‌ဆောင်ရွက်ရန် WLB တိုက်တွန်း

မြန်မာပြည် ငြိမ်းချမ်း‌ရေးအတွက် အားလုံး ပူး‌ပေါင်း‌ဆောင်ရွက်ရန် WLB တိုက်တွန်း

1742
‌ဖေ‌ဖော်ဝါရီလ ၁၄ရက်။ ၂၀၁၂။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာ‌ဆောင်သည့်အပစ်အခတ် ရပ်စဲ‌ရေး ‌ကြေညာနိုင်ရန် သက်ဆိုင် သူ အားလုံး အ‌ကောင်အထည်‌ဖော် ပူး‌ပေါင်း‌ဆောင်ရွက်ကြရန် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ယ‌နေ့ သတင်းထုတ် ပြန် တိုက်တွန်းလိုက်သည်။

WLB ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါ်တင်တင်ညိုက “Statementမှာ ဦးတည်ထားတာက‌တော့ ဦးသိန်းစိန် အစိုးရတစ်ခု တည်း မဟုတ်ဘူး‌ပေါ့‌နော်။ လက်နက်ကိုင်တပ်ဖွဲ့‌တွေအားလုံး၊ ဒီမိုက‌ရေစီ အင်အားစု‌တွေအားလုံး အခုလို ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ‌တွေ လုပ်‌ဆောင်တဲ့‌နေရာမှာ မြန်မာပြည်ရဲ့ အ‌ပြောင်းအလဲတခုကို မဟာဗျူဟာကျကျ စဉ်းစား‌တွေး‌ခေါ်ပြီး‌တော့မှ ‌ဖြေရှင်းရ မယ့် ပြဿနာတခုလို့ ကျမတို့ မြင်တယ်။ ဒါကို တိုက်တွန်းချင်တာပါ။”ဟု ‌ပြောသည်။

ထို့အပြင် အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ လုပ်‌ဆောင်ရာတွင် ‌ရေရှည်အတွက် နိုင်ငံ‌ရေးအရ ‌ဖြေရှင်းရန် မစဉ်းစားပါက အစိုး ရနှင့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော် (KIA)တို့ အပစ်အခတ်ရပ်စဲ‌ရေး ပျက်ပြယ်သွားခြင်းမျိုးကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်မိ ‌ကြောင်းလည်း ‌ဒေါ်တင်တင်ညိုက ဆက်‌ပြောသည်။

WLB ၏ ‌ကြေညာချက်တွင် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်‌ပေါ်‌နေ‌သော စစ်‌ရေး ပဋိပက္ခများ ‌ပြေလည်‌စေ‌ရေးအတွက် ‌တွေ့ဆုံ ‌ဆွေး‌နွေးမှုများ ပြုလုပ်ရာတွင် အမျိုးသမီးများ ပါဝင်မှုကို အား‌ပေးရန်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို တိုက် တွန်းထားသည်။

ကချင်၊ ကရင်၊ ရှမ်း အပါအဝင် တိုင်းရင်းသားအားလုံး၏ လိုအပ်ချက်အမှန်မှာ မြန်မာနိုင်ငံတွင် ပင်လုံစာချုပ်၏ အနှစ်သာရ များကို အ‌ခြေခံ၍ နိုင်ငံ‌ရေးအရ တန်းတူညီမျှမှုရှိ‌သော ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ထောင်ပြီး ကိုယ်ပိုင် ပြဌာန်းခွင့်များရှိရန် ဖြစ်ပြီး ၎င်းတိုင်းရင်းသားများ၏ လိုအပ်ချက်များကို အ‌လေးထားကာ အပြန်အလှန် ယုံကြည်မှုတည်‌ဆောက်၍ ထာဝရငြိမ်းချမ်း ‌ရေးကို ‌ဖော်‌ဆောင်ရန် အ‌ရေးတကြီး လိုအပ်‌နေသည်ဟု ယုံကြည်‌ကြောင်း WLB က ဆိုသည်။

မြန်မာနိုင်ငံသည် လွတ်လပ်‌ရေး ရပြီးချိန်မှစပြီး ယခုတိုင် နှစ်‌ပေါင်း ၆၀‌ကျော် ပြည်တွင်းစစ်အတွင်း တိုင်းပြည်ဘဏ္ဍာကို လူထုတရပ်လုံး၏ လူ‌နေမှုဘဝ မြင့်မား‌ရေးတွင် အသုံးပြုရန်ထက် စစ်အသုံးစရိတ်များတွင် အများဆုံး အသုံးပြု‌နေခဲ့မှု‌ကြောင့် ပြည်သူလူထုဘဝများမှာ ဆင်းရဲ မွဲ‌တေ၍ အဖက်ဖက်မှ ချွတ်ခြုံကျ‌နေရသည်ဟုလည်း WLB က ‌ထောက်ပြသည်။

၎င်းအပြင် လက်နက်ကိုင် ပဋိပက္ခကြားတွင် အပြစ်မဲ့ ပြည်သူများမှာ ဓားစာခံအဖြစ် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ မျိုးစုံကို ခံ စားခဲ့ရပြီး စစ်ပွဲများ၏ ဆိုးကျိုးကို အဓိက ခံစားရသူများမှာ အမျိုးသမီးနှင့် က‌လေးငယ်များ ဖြစ်ကြသည်ဟု WLB က ဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရသည် လက်နက်ကိုင်အင်အားစုများနှင့် ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ လုပ်‌ဆောင်ရင်း ကချင်‌ဒေသ၌ စစ်ဆင်‌နေမှုအ‌ပေါ် ‌ဒေါ်တင်တင်ညိုက “‌တွေ့ဆုံ‌ဆွေး‌နွေးမှု‌တွေ လုပ်‌နေတဲ့ တပြိုင်နက်ထဲမှာ စစ်ပွဲ‌တွေက ဖြစ် ‌နေတယ်။ လူ‌တွေ ‌သေ‌ကြေ‌နေတယ်။ အမျိုးသမီး‌တွေ မုဒိမ်းကျင့်ခံ‌နေရတယ်။ အဲလိုအ‌နေအထား‌တွေက ဦးသိန်းစိန်အစိုးရ အ‌နေနဲ့ တကယ်‌ကော စစ်မှန်တဲ့ ဒီမိုက‌ရေစီ အစိုးရ တစ်ရပ်ဖြစ်‌အောင် ကြိုးစား‌နေတာ ဟုတ်ရဲ့လား။ တကယ့်ကို ခိုင်မြဲတဲ့ ငြိမ်းချမ်း‌ရေးတစ်ခုကို တည်‌ဆောက်ချင်တဲ့သူ ဟုတ်ရဲ့လားဆိုတဲ့ ‌မေးခွန်း‌တွေ ကျမတို့မှာ ဖြစ်လာတယ်။”ဟု ‌ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် ငြိမ်းချမ်း၍ တရားမျှတ‌သော လူ့‌ဘောင်အဖွဲ့အစည်းသို့ ‌ရှေ့ရှု၍ အမျိုးသမီးများ ဘဝအဆင့်အတန်း တိုးတက်မြင့်မား‌ရေး ရည်ရွယ်၍ ဘဂင်္လား‌ဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနယ်စပ် အ‌ခြေစိုက် မြန်မာနိုင်ငံမှ တိုင်း ရင်းသူအမျိုးသမီးအဖွဲ့ ၁၂ဖွဲ့ဖြင့် ၁၉၉၉ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်‌နေ့တွင် ဖွဲ့စည်းခဲ့သည်။