Home သတင်း မြန်မာပြည်တွင်းကရင်အမျိုး သား‌ရေးရာ ‌ကော်မတီဖွဲ့စည်းခဲ့

မြန်မာပြည်တွင်းကရင်အမျိုး သား‌ရေးရာ ‌ကော်မတီဖွဲ့စည်းခဲ့

2306
‌ဖေ‌ဖော်ဝါရီလ ၁၈ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်အမျိုးသားအ‌ရေးနှင့်ပတ်သက်၍ ဦးစီးဦး‌ဆောင်နိုင်ရန် အမျိုးသားများအ‌ရေးကိစ္စကို ကိုယ်စားပြုသည့်အ‌နေဖြင့် မြန်မာနိုင်ငံ ကရင်အ မျိုးသား‌ရေးရာ‌ကော်မတီ (Myan-mar Karen Affair Committee-MKAC)အဖွဲ့ကို ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့က ဖွဲ့စည်းခဲ့သည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၁ဝရက်‌နေ့မှ ၁၁ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဘားအံမြို့ ‌ဆေးရုံလမ်းရှိ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းဝင်း၌ ငြိမ်း‌ဖောင်‌ဒေးရှင်းမှ ကမကထပြုလုပ် ကျင်းပခဲ့သည့် တတိယအကြိမ်‌မြောက် ကရင့်ရိုးရာ‌ကောက်သစ်စားပွဲနှင့် ကရင့်‌ရေးရာစကားဝိုင်းတွင် ပါဝင်ခဲ့ကြသူများက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကို ‌ကော်မတီ၏ အတွင်း‌ရေးမှူး (၁) ‌နော်စူစဲနာလှလှစိုးက အခုလို ‌ပြောသည်။

သူမက “ကရင်အမျိုးသားတို့ရဲ့ အ‌ရေးကို လုပ်‌ဆောင်တဲ့ကိစ္စကို အဖွဲ့အစည်းရှိဖို့‌ပေါ့‌နော်။ အခု လွှတ်‌တော်မှာလည်း ကရင်အမတ်‌တွေ ရှိ တယ်‌လေ။ ဆို‌တော့ ကရင့်အ‌ရေးနဲ့ ပတ်သက်ပြီး‌တော့ ဒီ့ထက်ပိုပြီး‌တော့ လုပ်‌ဆောင်ဖို့‌ပေါ့‌နော်။ ‌နောက်ပြီး ဒီ‌ကော်မတီက‌နေပြီး‌တော့ ဦးစီး လုပ်‌ဆောင်ပြီး‌တော့မှ ကရင်လူမျိုး‌တွေရဲ့အ‌ရေးအပြင် တခြားတိုင်းရင်းသားအ‌ရေး တိုးတက်ဖို့အတွက်‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါစကားဝိုင်းတွင် ကရင်အမျိုးသား‌ရေးရာ‌ကော်မတီ၏ ဥက္ကဌအဖြစ် ‌ဒေါက်တာစိုင်မွန်သာ၊ ဒု-ဥက္ကဌအဖြစ် ‌စောသိန်း‌အောင်နှင့် ‌စော ထွန်း‌အောင်ချိန်၊ အတွင်း‌ရေးမှူးအဖြစ် ‌စော‌ကျော်စွာ၊ အတွင်း‌ရေးမှူး(၁) ‌နော်စူစဲနာလှလှစိုးနှင့် အတွင်း‌ရေးမှူး(၂) နန်းမြင့်တင်တို့အပြင် ပြည်နယ်နှင့် တိုင်း ၆ခုမှ ကိုယ်စားလှယ်များ ပါဝင်သည့် ဗဟိုအလုပ်မှု‌ဆောင် စုစု‌ပေါင်း ၁၈ဦးကို ‌ရွေးချယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ‌ကော်မတီတွင် ဥ‌သျှောင်အဖြစ် Karen Peace Committee တွင် ပါဝင်သည့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဝင် ဆရာ‌တော်သံ ဃာ‌တော် ၉ဦး ‌ရွေးချယ်သတ်မှတ်ထားရာ ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိ အပါအဝင် ‌တောင်ပတ်၊ ဖားပြ၊ မန်‌အောင်(‌ရေး) ဆရာ‌တော်များ၊ ဆရာ‌တော် Dr. James k Ban, Bishop D White Kejin, Bishop ဖိုးရ (RC), Father သိန်းခင်နှင့် SDA ဆရာ‌တော် ‌စော‌အောင်ရှိန်တို့ ပါဝင်ခဲ့ကြသည်။

ကရင်အမျိုးသား‌ရေးရာ‌ကော်မတီကို လတ်တ‌လောအချိန်တွင် ဗဟို‌ကော်မတီအဆင့်သာ ဖွဲ့စည်းထားပြီး ဆက်လက်၍ ပြည်နယ်နှင့်တိုင်းရှိ ကိုယ်စားလှယ်များကို စနစ်တကျ ပြန်လည်ဖွဲ့စည်းပြီးပါက ‌ရှေ့လုပ်စဉ်များ ချမှတ်ကာ ကရင်အမျိုးသားအ‌ရေးကို လုပ်‌ဆောင်သွားမည်ဖြစ် ‌ကြောင်း ‌နော်စူစဲနာလှလှစိုးက ဆက်‌ပြောသည်။

ကရင့်‌ရေးရာစကားဝိုင်းသို့ တက်‌ရောက်ခဲ့သူ ကရင်လူငယ်တစ်ဦးက “အခု ကရင့်‌ရေးရာ‌ကော်မတီက ကရင်လူမျိုးအတွက် ထိထိ‌ရောက် ‌ရောက် လုပ်‌ပေးနိုင်ရင် ‌ကောင်းတယ်။ ကရင်‌တွေက အဖွဲ့အစည်း‌တွေ များ‌ပေမဲ့ အမျိုးသားအတွက် ထိထိ‌ရောက်‌ရောက် ဘာမှ မလုပ်‌ပေး နိုင်ဘူး။ အခု ကရင့်‌ရေးရာအဖွဲ့ဟာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုအပ်တယ်။ ဒီအဖွဲ့ ရှိ‌နေတဲ့အ‌ကြောင်းကို ကရင်ပြည်သူ‌တွေ သိဖို့ အရင် ဆုံး လုပ်ရမယ်။”ဟု ‌ပြောသည်။

ကရင်အမျိုးသား‌ရေးရာ ‌ကော်မတီသည် ကရင်အမျိုးသားများနှင့်သက်ဆိုင်‌သော ကိစ္စရပ်များကို စီမံခန့်ခွဲဆုံးဖြတ်ရာ၌ လုပ်ပိုင်ခွင့်အာဏာ ရှိ ရမည်၊ ကရင်အမျိုးသားနှင့်ဆိုင်‌သော ကိစ္စရပ်များကို ကရင့်‌ရေးရာ အဖွဲ့/ ‌ကော်မတီသာလျှင် စီမံခန့်ခွဲ ဆုံးဖြတ်ခြင်းသည် အတည်ဖြစ်သည် ဆိုသည့် အချက်များ အပါအဝင် အချက်‌ပေါင်း(၉)ချက်ဖြင့် ပြဌာန်းထားသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင့်ရိုးရာ ‌ကောက်သစ်စားပွဲနှင့် ကရင့်‌ရေးရာစကားဝိုင်းကို ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် တတိယအ ကြိမ်ရှိပြီဖြစ်ပြီး ကရင်ပြည်နယ် မြို့နယ် ၇မြို့နယ်မှ ကိုယ်စားလှယ်များ၊ နိုင်ငံ‌ရေးပါတီဝင်များ၊ လွှတ်‌တော်အမတ်များ၊ ဘာသာ‌ရေး‌ခေါင်း ‌ဆောင်များနှင့် ဧရာဝတီ၊ ပဲခူး၊ တနသင်္ာရီတိုင်းများအပြင် မွန်ပြည်နယ်မှ ကရင်ကိုယ်စားလှယ်များ၊ ကရင်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် ကရင်လူငယ်‌မောင်မယ်များ အပါအဝင် စုစု‌ပေါင်း ၁၇၅ဦး တက်‌ရောက်ခဲ့ကြသည်။

၎င်းစကားဝိုင်းတွင် အဓိကအားဖြင့် စည်းလုံးညီညွှတ်မှုနှင့် ငြိမ်းချမ်းမှုတို့မှရရှိမည့် အကျိုး‌ကျေးဇူး၊ လူမျိုးတစ်မျိုး၏ စည်းလုံးညီညွှတ်မှုနှင့် ငြိမ်းချမ်းမှုကို ဖြစ်‌စေသည့် အဓိက‌သော့ချက်၊ စည်းလုံးညီညွှတ်ခြင်းသည် ငြိမ်းချမ်း‌ရေး တည်‌ဆောက်ရန်အတွက် အ‌ရေးကြီးသည့် အခန်း ကဏ္ဍ၊ ကရင်လူမျိုးတို့၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲမှုကို ပျက်ပြား‌စေနိုင်သည့် အချက်များနှင့် ၎င်းအချက်များစအ‌ပေါ် ကိုင်တွယ်‌ဖြေရှင်းနိုင် မည့်နည်းလမ်း စသည့် အ‌ကြောင်းအရာ ၅ခုကို အ‌ခြေခံပြီး တက်‌ရောက်လာသူများက ‌ဆွေး‌နွေးခဲ့ကြသည်။