Home သတင်း မြန်မာအစိုးရနှင့်အပစ်ရပ်‌ရေး အဆင့်‌တွေ့ဆုံ‌ဆွေး‌နွေးမည့် KNPP ကို လူထုကြိုဆို

မြန်မာအစိုးရနှင့်အပစ်ရပ်‌ရေး အဆင့်‌တွေ့ဆုံ‌ဆွေး‌နွေးမည့် KNPP ကို လူထုကြိုဆို

2003
‌ဖေ‌ဖော်ဝါရီ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

လာမည့်မတ်လပထမအပတ်၌ ကရင်နီ(ကယား)ပြည်နယ်မြို့‌တော် လွိုင်‌ကော်တွင် မြန်မာအစိုးရနှင့် အပစ်ရပ် ‌ရေးအဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမည့် ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ-KNPP ကို ကရင်နီလူထုများက ကြိုဆို ‌ကြောင်း သိရသည်။

လွိုင်‌ကော်မှ လူငယ်တဦးက “သူတို့(KNPP)ပြန်လာမယ့်‌နေ့ကို သွားကြိုမှာပဲ။ ငြိမ်းချမ်း‌ရေးအတွက် ‌တွေ့ဆုံမယ်ဆို‌တော့ အစိုးရနဲ့ လက်မှတ်ထိုးသည် ဖြစ်‌စေ၊ မထိုးသည်ဖြစ်‌စေ ပြန်လာမယ့်သူ‌တွေကို‌တော့ ကြိုဆိုတယ်။ လူထု‌တော်‌တော်များများလည်း ကြိုဆိုမယ်လို့ ယုံကြည်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်အတွင်းရှိ လက်တ‌လော တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေ သည့်အ‌ပေါ် ကရင်နီလူထု အ‌တော်များများသည် အစိုးရကို သံသယရှိ‌နေ‌သေး‌သော်လည်း KNPP နှင့် အစိုးရ ‌တွေ့ဆုံမည့်‌ဆွေး‌နွေးပွဲတွင် ‌အောင်မြင်မည်ဟု ‌မျှော်လင့်ကြ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ယခုလ ‌ဖေ‌ဖော်ဝါရီ ၆ရက်‌နေ့က KNPP အတွင်း‌ရေးမှူး(၁) ခူဦးရယ် ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေး ကိုယ်စား လှယ်အဖွဲ့နှင့် မြန်မာအစိုးရမှ ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေး ကိုယ် စားလှယ်အဖွဲ့တို့သည် ‌တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်း‌ရေးအတွက် ထပ်မံ‌တွေ့ဆုံ‌ဆွေး‌နွေးကြရန် သ‌ဘောတူခဲ့ခြင်း ဖြစ်သည်။

“ကျ‌နော်တို့ ‌တော်လှန်‌ရေးလုပ်လာတာ နှစ်‌ပေါင်း(၆၀)‌ကျော်မှာ ကျ‌နော်တို့ကပဲ အနစ်နာခံ ဒုက္ခဆင်းရဲခံတာ မဟုတ်ဘူး။ ပြည်သူ‌တွေလည်း ကျ‌နော်တို့လိုပဲ အပင်ပန်းခံခဲ့တာဖြစ်တယ်။ ဒါ‌ကြောင့် အခုလို ကျ‌နော်တို့ ကြိုဆို တယ်လို့ သိရ‌တော့ ကျ‌နော်တို့ဆန္ဒလည်း သူတို့နဲ့ တထပ်တည်းပါလို့ ‌ပြောချင်တယ်။”ဟု KNPP အတွင်း‌ရေးမှူး (၁) ခူဦးရယ်က ‌ပြောသည်။

သို့‌သော် မြန်မာအစိုးရနှင့် ‌တွေ့‌ဆွေး‌နွေးပွဲတွင် နှစ်ဦးနှစ်ဖက် ပဏာမ ပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရ၊ မရခြင်းမှာ ၎င်းတို့ တင်ပြသည့် အချက်အလက်များကို အစိုးရဘက်မှ လက်ခံနိုင်‌လောက်သည့်အ‌ပေါ်၌သာ မူတည်သည်ဟု သူက ဖြည့်စွက်‌ပြောဆိုသည်။

KNPP သည် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်များနှင့် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်‌နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် တကြိမ်၊ ယခုလ ‌ဖေ‌ဖော်ဝါရီ ၆ရက်‌နေ့က ထိုင်းနိုင်ငံ ဒုတိယမြို့‌တော် ချင်းမိုင်တွင် တကြိမ် စုစု‌ပေါင်းနှစ်ကြိမ် ‌တွေ့ဆုံခဲ့ပြီဖြစ်သည်။

တဆက်တည်း၌ပင် KNPP သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၂)ဖွဲ့နှင့် စု‌ပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်‌သော တိုင်းရင်း သားများဖက်ဒရယ်‌ကောင်စီ-UNFC ၏ အဖွဲ့ဝင်ဖြစ်သည်။

လက်ရှိ UNFC အဖွဲ့ဝင်များထဲတွင် ကရင်အမျိုးသားအစည်းအရုံး-KNU အပါအဝင် ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် သျှမ်းပြည်တပ်မ‌တော်‌မြောက်ပိုင်း(SSA-N)တို့သည် မြန်မာ သမ္မတဦးသိန်းစိန် အစိုးရသစ်နှင့် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်သည်။