Home လူထုအသံ ပေးစာကဏ္ဍ ‌ဒေါ်‌အောင်ဆန်းစုကြည်သို့ အကြံပြုစာ။ ‌စောအယ်ယား (မယ်လဒုက္ခသည်စခန်း)

‌ဒေါ်‌အောင်ဆန်းစုကြည်သို့ အကြံပြုစာ။ ‌စောအယ်ယား (မယ်လဒုက္ခသည်စခန်း)

1625

သို့

KIC

‌ဒေါ်‌အောင်ဆန်းစုကြည်သို့ အကြံပြုစာ။

NLD ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ကြားဖြတ် ‌ရွေး‌ကောက်ပွဲဝင်ရန်အတွက် ‌ကော့မှူးမြို့နယ်အတွင်းရှိ ‌ကျေးရွာတစ်ရွာမှ ကရင်မိသားစုဝင်တစ်ဦးအဖြစ် စာရင်းသွင်းထားသည်ဟု သိရပါသည်။ တိုင်းရင်းသားများ၏ ‌ကောင်းကျိုးကို ‌ဆောင်ရွက်လို‌သော‌ကြောင့် ကရင်တိုင်းရင်းသား မိသားစုဝင်တစ်ဦးအဖြစ် စာရင်းသွင်းခြင်းဟု မှတ်ထင်ပါသည်။ ကရင်တိုင်းရင်းသားများ၏ လိုအပ်ချက်၊ ခံစားချက်၊ နစ်နာချက်များကို အ‌သေးစိတ် သိရှိမှသာလျှင် ၎င်းတို့၏ အကျိုးကို မည်ကဲ့သို့ စီမံ‌ဆောင်ရွက်‌ပေးရမည်ကို သိရှိနိုင်မည်ဟု ထင်မှတ်ပါသည်။

မြန်မာ့တပ်မ‌တော်မှ လူ့အခွင့်‌ရေးချိုး‌ဖေါက်မှုကို ခံစားရ‌သော ကရင်တိုင်းရင်းသူအချို့၏ မှတ် တမ်းမှတ်ရာများကို ဖတ်ရှုခြင်းဖြင့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ စီမံ‌ဆောင်ရွက်ချက်များအား အနည်းငယ် အ‌ထောက်အကူပြုမည်ဟု ထင်မှတ်ပါသည်။

အထူးသဖြင့် ကရင်အမျိုးသမီးအစည်းအရုံးနှင့် အခြားလူမျိုးစုများမှ ပြုစု‌ရေးသားထား‌သော မှတ်တမ်းစာအုပ်များကို ဖတ်ရှု‌လေ့လာ‌စေလို‌ကြောင်းကို KIC မှတဆင့် အကြံပြု‌ပေးလိုက်ပါသည်။

‌စောအယ်ယား (မယ်လဒုက္ခသည်စခန်း)