Home သတင်း အပစ်အခတ်ရပ်စဲ‌ရေး ပိုခိုင်မာ‌အောင် KNU က အစိုးရနှင့် ထပ်မံ ‌ဆွေး‌နွေးသွားမည်

အပစ်အခတ်ရပ်စဲ‌ရေး ပိုခိုင်မာ‌အောင် KNU က အစိုးရနှင့် ထပ်မံ ‌ဆွေး‌နွေးသွားမည်

1934
‌ဖေ‌ဖော်ဝါရီ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU) သည် ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေးကို သ‌ဘောတူလက်မှတ် ထိုးထား‌သော်လည်း အပစ်အခတ် ရပ်စဲ‌ရေးကိစ္စ လက်ရှိအ‌ခြေအ‌နေထက် ပိုခိုင်မာ‌စေ‌ရေးအတွက် လာမည့်မတ်လ မြန်မာအစိုးရနှင့် ထပ်မံ ‌တွေ့ဆုံရာတွင် ‌ဆွေး‌နွေးသွား မည်ဟု ယ‌နေ့ ‌ပြောကြားလိုက်သည်။

အပစ်အခတ်ရပ်စဲ‌ရေးနှင့်ပတ်သက်၍ အစိုးရနှင့် ထပ်မံ‌တွေ့ဆုံရန်အတွက် KNU သည် ၎င်းတို့ထိန်းချုပ်ရာ‌ဒေသ ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ်၊ တပ်မဟာ(၇) နယ်‌မြေတ‌နေရာ၌ ယ‌နေ့ ‌နေ့လည် ၁၂နာရီမှ မွန်းလွဲ ၂နာရီအထိ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် KNU ၏ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက ထိုသို့ ‌ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

သူက “(အစိုးရနဲ့‌တွေ့ဖို့) ကျ‌နော်တို့ မတ်လထဲမှာ သွားဖို့ စဉ်းစားထားပါတယ်။ ပထမအပတ်မှာ ဖြစ်‌ကောင်းဖြစ်မယ်။ အဓိကက‌တော့ အပစ်ရပ်‌ရေးကို ပို‌သေချာ‌အောင်နဲ့ အပြန်အလှန် ယုံကြည်မှု‌တွေ ပို‌သေချာ‌အောင်ပါ။ ‌နောက် စစ်‌မြေပြင်မှာ ပဋိပက္ခ‌တွေ ‌လျော့ပါးသွားပြီး ယုံကြည်မှု ပိုများလာ‌အောင် နှစ်ဖက် ဘယ်လိုပူး‌ပေါင်းလုပ်မလဲဆိုတာကို တိုင်ပင်ညှိနှိုင်းပြီး‌တော့ အလုပ်လုပ်သွားဖို့ ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဏာမ သ‌ဘောတူညီမှု အချိန်ကာလအတွင်း ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေများဖြစ်သည့် တပ်မဟာ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆)တို့ တွင် မြန်မာအစိုးရစစ်တပ်ဘက်မှ ပြန်လည်ဆုတ်ခွာမှု မရှိခဲ့သည့်အပြင် တပ်အင်အားနှင့် တပ်ရိက္ခာများ တိုးချဲ့လာမှုများ ရှိသည်ဟု KNU စစ်ဘက်ဆိုင်ရာများထံမှ သတင်းထွက်‌ပေါ်ပြီး‌နောက် KNU ဘက်က ယခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်လာခြင်းလည်းဖြစ်သည်။

၎င်းတို့နှင့် တူညီ‌သော နိုင်ငံ‌တော်တည်‌ဆောက်‌ရေးပန်တိုင် ရှိပါက KNU အုပ်ချုပ်မှုနယ် ‌မြေအတွင်း အစိုးရစစ် တပ်ရုပ်သိမ်း‌ပေး‌ရေး၊ တိုင်းရင်းသား‌ဒေသများသို့ တပ်အင်အား‌လျှော့‌ပေးပြီး တပ်သားနှင့် ‌ထောက်ပံ့ပစ္စည်းများ ထပ်မံမပို့‌ဆောင်‌ရေး၊ နိုင်ငံ‌ရေးအကျဉ်းသား များအဖြစ် ထိန်းသိမ်းထား‌သော KNU အဖွဲ့ဝင်နှင့် ကရင်ပြည်သူအားလုံးကို လွှတ်‌ပေး‌ရေးနှင့် ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ‌ဒေသအားလုံးတွင် စစ်ဆင်မှုများ ရပ်တန့်‌ပေး‌ရေး စသည့် အချက်(၄)ချက်ဖြင့် KNU က မြန်မာအစိုးရအား ထပ်မံ‌တောင်းဆိုထားသည်။

တပြိုင်နက်တည်း၌ပင် အစိုးရနှင့် ထပ်မံ‌တွေ့ဆုံပါက သမ္မတဦးသိန်းစိန်၏ ထာဝရငြိမ်းချမ်း‌ရေးအ‌ပေါ်အ‌ခြေခံ၍ ပဏာမ အပစ်အခတ် ရပ်စဲ‌ရေးအဆင့်၊ ခိုင်မာသည့် အပစ်အခတ်ရပ်စဲ‌ရေးအဆင့်၊ ကနဦး နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှု အ‌ခြေခံ နိုင်ငံ‌ရေးပြဿနာများကို အ‌ဖြေ ရှာ‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး၊ နိုင်ငံ‌ရေးအရ ပူး‌ပေါင်းခြင်း စသည့် အဆင့်(၄)ဆင့်ပါ လမ်းပြ‌မြေပုံအတိုင်း ‌ဆွေး‌နွေးသွားမည် ဟု KNU က ယ‌နေ့ ထုတ်ပြန်ထားသည်။

ထို့အပြင် KNU တစ်ဖွဲ့တည်းဖြင့် အစိုးရနှင့် ငြိမ်းချမ်း‌ရေးယူနိုင်ပါက မြန်မာနိုင်ငံတနိုင်ငံလုံး ငြိမ်းချမ်း‌ရေးရရှိနိုင်မည် မဟုတ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၂)ဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC မူလမ်းစဉ်အတိုင်း ဆက်လက် ‌ဆွေး‌နွေးသွားမည်ဟုလည်း KNU က ‌ပြောသည်။

ယခင်လ ဇန်နဝါရီ ၁၂ရက်‌နေ့၌ KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့သည် ပြည်နယ်အဆင့်ရှိ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ‌တွေ့ဆုံကာ ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေးအတွက် အချက်(၅)ချက်ပါ သ‌ဘောတူညီချက် စာချုပ် တစ်ခု ချုပ်ဆိုနိုင်ခဲ့သည်။ ထို့‌နောက် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ဆက်‌ဆွေး‌နွေးရန်အတွက် အချက်(၁၁)ချက်ပါ အဆိုပြုချက်ကို KNU က တင်သွင်းခဲ့ရာ အစိုးရဘက်က သ‌ဘောတူထားပြီးလည်း ဖြစ်သည်။

KNU ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “အပစ်အခတ်ရပ်စဲ‌ရေး တခုတည်းနဲ့ သမ္မတ ဦးသိန်းစိန်‌ပြောတဲ့ ထာဝရငြိမ်း ချမ်း‌ရေးအတွက် မလုံ‌လောက်ဘူး။ ဒါ‌ကြောင့် အစိုးရနဲ့ ကျမတို့ နိုင်ငံ‌ရေး ဆက်‌ဆွေး‌နွေးသွားမယ်။”ဟု ‌ပြောသည်။

ယ‌နေ့ သတင်းစာရှင်းလင်းပွဲတွင် KNU ၏ အတွင်း‌ရေးမှူးချုပ်နှင့် တွဲဖက်အတွင်း‌ရေးမှူး(၁)တို့မှ လက်ရှိ ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေး အ‌ခြေအ‌နေ အပါအဝင် အစိုးရနှင့် ထပ်မံ‌တွေ့ဆုံမည့် အ‌ကြောင်းကိစ္စများကို အဓိက ‌ပြောဆို‌ဆွေး‌နွေးခဲ့ပြီး KNU အလုပ်မှု‌ဆောင် ‌ခေါင်း ‌ဆောင်တစ်ဦးဖြစ်သူ ‌စောသမိန်ထွန်းက မြန်မာအစိုးရနှင့် KNU ‌တွေ့ဆုံခဲ့သည့် အကြိမ်အ‌ရေအတွက်နှင့် မ‌အောင်မြင်ခဲ့ခြင်း အ‌ကြောင်း တို့ကို ရှင်းပြခဲ့သည်။

၎င်းအပြင် သတင်းစာရှင်းလင်းပွဲတွင် KNU ‌ခေါင်း‌ဆောင်နှင့် အဖွဲ့ဝင်အချို့အပါအဝင် ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် မြန်မာ၊ ထိုင်းနှင့် နိုင်ငံခြားသားသတင်း‌ထောက်များ စုစု‌ပေါင်း ၄ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ လွတ်လပ်‌ရေးရပြီး‌နောက်ပိုင်း KNU သည် အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိ‌ရေး အတွက် ၁၉၄၉ခုနှစ်မှစ၍ မြန်မာအစိုးရ ‌ခေတ်အဆက်ဆက်ကို ဆန့်ကျင်‌တော်လှန်လာခဲ့ရာ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် သမ္မတ ဦးသိန်းစိန် အစိုးရနှင့် ပထမဆုံးအကြိမ် ပြည်နယ် အဆင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေး သ‌ဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့သည်။