Home သတင်း အစိုးရငြိမ်းချမ်း‌ရေးအဖွဲ့ထံ ‌မြေယာ သိမ်းဆည်းမှုကိစ္စ တင်ပြသွား မည်ဟု KNPP ‌ပြော

အစိုးရငြိမ်းချမ်း‌ရေးအဖွဲ့ထံ ‌မြေယာ သိမ်းဆည်းမှုကိစ္စ တင်ပြသွား မည်ဟု KNPP ‌ပြော

1573
‌ဖေ‌ဖော်ဝါရီလ ၂၁ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

မြန်မာအစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်အဖွဲ့တို့နှင့် ‌နောက်ထပ် ‌တွေ့ဆုံသည့်အခါ ကရင်နီ‌ဒေသအတွင်း ဖြစ်ပွား‌နေသည့် ‌မြေယာ သိမ်းဆည်းမှုကိစ္စကို တင်ပြသွားမည်ဟု ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP က ‌ပြောသည်။

KNPP အတွင်း‌ရေးမှူး-၁ ခူဦးရယ်က “ကျ‌နော်တို့ အစိုးရကိုယ်စားလှယ်‌တွေနဲ့ ထပ်‌တွေ့ဖို့ရှိတယ်။ ပြင်ဆင်ထားတာက‌တော့ အများကြီး ရှိ တာ‌ပေါ့။ အဲဒီမှာ ကျ‌နော်တို့ ကရင်နီ‌ဒေသအတွင်းမှာ ‌ဒေသခံ‌တွေရဲ့ လယ်ယာခြံ‌မြေ‌တွေကို သိမ်းဆည်း‌နေတဲ့ကိစ္စကိုပါ အ‌သေးစိတ် ထပ် ‌ဆွေး‌နွေးဖို့ရှိတယ်။”ဟု ‌ပြောသည်။

ကရင်နီပြည်နယ်အတွင်း၌ စစ်တပ်မှ တပ်ရင်းတည်‌ဆောက်ခြင်း၊ တန်းမြင့်‌လေ့ကျင့်‌ရေး‌ကျောင်း တည်‌ဆောက်ခြင်း၊ စက်မှုဇုံတည် ‌ဆောက်ခြင်း၊ ကုမ္ပဏီမှ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ရန်ဆိုပြီး ‌ဒေသခံတို့ ပိုင်ဆိုင်သည့် လယ်ယာခြံ‌မြေဧက‌ပေါင်း ‌မြောက်များစွာကို ထို‌ဒေသတွင် အ‌ခြေစိုက်သည့် စစ်တပ်က သိမ်းဆည်းထားသလို ထပ်မံ သိမ်းဆည်းရန်အတွက် တိုင်းတာထားမှုများလည်း ရှိ‌နေသည်။

KNPP သည် ဒုတိယအကြိမ် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်အဖွဲ့တို့နှင့် ‌တွေ့ဆုံခဲ့စဉ်က အပစ်ခတ် ရပ်စဲ‌ရေးအ ပြင် ကရင်နီပြည်သူလူထုအတွက် ပြန်လည်‌နေရာချထားနိုင်‌ရေးနှင့် ကရင်နီ‌ဒေအတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ ‌ဒေသခံများကို အသိမ‌ပေးဘဲ ယာ‌မြေသိမ်းဆည်းမှု စသည့်အချက်များကို ‌ယေဘုယျ ‌ဆွေး‌နွေးခဲ့သည်။

၎င်းက “ယခင်‌တွေ့ဆုံခဲ့တုန်းကလည်း ‌မြေယာသိမ်းဆည်းမှုကိစ္စကို အခုလို နိုင်ငံ‌ရေး တည်ငြိမ်မှုမရှိ‌သေးတဲ့အချိန်မှာ စီမံကိန်းတည် ‌ဆောက်မှု‌တွေ ရပ်တန့်ထား‌ပေးဖို့ တင်ပြတာရှိတယ်၊ ဒါ‌ပေမယ့် သူတို့ (အစိုးရကိုယ်စားလှယ်) ဘက်က ပြန်‌ပြောတာက သွား‌နေတဲ့ စီမံ ကိန်း‌တွေ ရပ်ဖို့ဆိုတာက ခက်တာ‌ပေါ့တဲ့။ ဒါ‌ပေမယ့် အဲဒီကိစ္စ ညှိ‌ပေးမယ်၊ ‌ဆွေး‌နွေး‌ပေးမယ်လို့ ‌ပြောတယ်။ အခုတခါလည်း အဲဒါကို အ‌သေးစိတ် ‌ဆွေး‌နွေးမှာပါ။”ဟု ဆိုသည်။

‌ဒေသခံ ကရင်နီပြည်သူများသည် အဓိကအားဖြင့် ‌တောင်ယာစိုက်ပျိုးခြင်း၊ ‌ပြောင်းဖူး၊ နှမ်း၊ ‌မြေပဲစိုက်ပျိုးခြင်းဖြင့် အသက်‌မွေးဝမ်း‌ကျောင်း ပြုကြပြီး ယခုလို လယ်ယာခြံ‌မြေများ အကြိမ်ကြိမ် သိမ်းဆည်းခံရသည့်အတွက် အသက်‌မွေးဝမ်း‌ကျောင်း အခက်အခဲနှင့် ရင်ဆိုင်‌နေကြရ သည်။

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီသည် လာမည့်မတ်လ ပထမအပတ်တွင် အစိုးရ၏ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်များနှင့် တတိယအ ကြိမ် ‌တွေ့ဆုံရန်ရှိပြီး အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက် ရရှိနိုင်‌ရေးအတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးကြမည် ဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီနှင့် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်တို့သည် ပထမအကြိမ်အဖြစ် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်‌နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ‌တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးပွဲ ပြုလုပ်ရန်၊ ဆက်သွယ်‌ရေးရုံး ဖွင့်လှစ် ထားရှိရန်၊ လက်နက်မပါဘဲ နယ်‌မြေ ဖြတ်‌ကျော်ခွင့်အပြင် ဗဟိုအစိုးရနှင့် ‌ဆွေး‌နွေးရန်၊ အချိန်နှင့် ‌တွေ့ဆုံမည့်‌နေရာ သတ်မှတ်ချက်များ ကို အစိုးရကိုယ်စားလှယ်ဘက်မှ တင်ပြ‌ဆွေး‌နွေးခဲ့သည်။

ဒုတိယအကြိမ်အဖြစ် ချင်းမိုင်မြို့တွင် ‌တွေ့ဆုံခဲ့ရာ အစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့ကို ပြည်‌ထောင်စုအဆင့် ရထားပို့‌ဆောင်‌ရေး ဝန်ကြီး ဦး‌အောင်မင်းက ဦး‌ဆောင်ပြီး အတွင်း‌ရေးမှူး-၁ ခူဦးရယ်၊ အတွင်း‌ရေးမှူး-၂ ဦး‌အောင်ဆန်းမြင့်နှင့် ပလုရယ် ပါဝင်သည့် ကရင်နီအ မျိုးသား တိုးတက်‌ရေးပါတီ ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့ကို ကာကွယ်‌ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး ဦး‌ဆောင်ခဲ့သည်။