Home သတင်း ထိုင်းကာကွယ်‌ရေးဦးစီးချုပ် ထိုင်း-မြန်မာနယ်နိမိတ်ကို လာ‌ရောက်စစ်‌ဆေး

ထိုင်းကာကွယ်‌ရေးဦးစီးချုပ် ထိုင်း-မြန်မာနယ်နိမိတ်ကို လာ‌ရောက်စစ်‌ဆေး

2564
‌ဖေ‌ဖေါ်ဝါရီ ၇ရက်၊ ၂၀၁၂ခုနှစ်။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

မြန်မာနိုင်ငံဘက်မှ မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင် တပ်ဖွဲ့များ အ‌ခြေစိုက်သည့် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် အတွင်းရှိ မဲ‌ဆောက်နှင့် ဖုတ်ဖရမြို့နယ် နယ်နိမိတ်တစ်‌လျှောက်ကို ထိုင်းတပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထနာ ဆတ်ပါတီမာပရကွန် ယ‌နေ့ လာ‌ရောက်စစ်‌ဆေး ခဲ့သည်။

ထိုင်းကာကွယ်‌ရေးဦးစီးချုပ်က ၎င်း၏ခရီးစဉ်နှင့် ပတ်သက်၍ သတင်း‌ထောက်များကို တစုံ တရာ ‌ပြောဆိုခြင်း မရှိခဲ့‌ပေ။

သို့‌သော် ထိုင်းကာကွယ်‌ရေးဦးစီးချုပ်၏ ခရီးစဉ်တွင်ပါရှိသည့် တာ့ခ်ခရိုင်နှင့် မယ်‌ဟောင် ‌ဆောင်ခရိုင် နှစ်ခု၏ တာဝန်ခံ “န‌ရေစွမ်”တပ်မမှူးဗိုလ်ချုပ် က‌စေထနာဖွန်က ထိုင်းနှင့် မြန်မာချစ်ကြည်‌ရေးအတွက် လာ‌ရောက်သည့်ခရီးစဉ်ဖြစ်သည်ဟု ‌ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်‌ရေး‌တွေလုပ်‌နေတယ်။ နယ်စပ်‌ဒေသ တ‌လျှောက်မှာလည်း တည်ငြိမ်‌အေးချမ်းမှုရှိဘို့ လိုတယ်။ ထိုင်းနဲ့မြန်မာကြားမှာ ချစ်ကြည် ‌ရေး ပိုမို ခိုင်မြဲ‌အောင်‌ဆောင်ရွက်ကြရမယ်။ နှစ်ဖက်နယ်စပ်အကြားမှာ နားလည်မှုလွဲခဲ့တာ ‌တွေရှိရင် ‌ပြေလည်‌အောင်‌ဖြေရှင်းကြဘို့ ‌အောက်‌ခြေတပ်မှူး‌တွေကိုမှာကြားသွားတယ်။”ဟု သတင်း‌ထောက်များကို ‌ပြောသည်။

ခရီးစဉ်တွင် ထိုင်းကာကွယ်‌ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ဖုတ်ဖရမြို့နယ်အတွင်း နယ်စပ် မြန်မာဘက်ခြမ်းရှိ မြန်မာစစ်တပ်စခန်းထိုင်သည့် ‌ဝေါ်‌လေရွာနှင့် တိုးတက်‌သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသားတပ်မ‌တော်-DKBA ကလို့ထူး‌ဘောအဖွဲ့ စခန်းထိုင်သည့် ‌သေ့‌ဘော ဘိုးရွာနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA စခန်းထိုင်သည့် မြန်မာ ဘက်ခြမ်း‌နေရာများ၏ အ‌ခြေအ‌နေများကို သွား‌ရောက်ကြည့်ရှု စစ်‌ဆေးခဲ့သည်။

ဆက်လက်၍ မဲ‌ဆောက်ရှိ ထိုင်းစစ်တပ်သို့ သွား‌ရောက် စစ်‌ဆေးပြီး‌နောက် ထိုင်း-မြန်မာ ချစ်ကြည်‌ရေးတံတားနှင့် နယ်စပ်အ‌ခြေအ‌နေများကို ‌လေ့လာကာ ထိုင်းကာကွယ်‌ရေးဦးစီး ချုပ်နှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဘန်‌ကောက်သို့ ပြန်လည်ထွက်ခွာသွားသည်။

ထိုင်းနှင့် မြန်မာနှစ်ဖက်တပ်မ‌တော်များအကြား ချစ်ကြည်‌ရေးပိုမိုခိုင်မြဲ‌စေ‌ရေးအတွက် မြန်မာ့တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်း‌အောင်လှိုင် ဦး‌ဆောင်သည့် ချစ်ကြည်‌ရေးကိုယ်စားလှယ်အဖွဲ့သည် ယခင်လက ထိုင်းနိုင်ငံသို့ ချစ်ကြည်‌ရေးခရီးစဉ် သွား‌ရောက်ခဲ့သည့်‌နောက်ပိုင်း ထိုင်းတပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်၏ ထိုင်း-မြန်မာ နယ်စပ်ခရီး စတင်ခြင်း ဖြစ်သည်။