Home သတင်း တိုင်းရင်းသားချင်းဖဲ့ထုတ်စည်းရုံးမှု အား KNU လက်မခံနိုင်

တိုင်းရင်းသားချင်းဖဲ့ထုတ်စည်းရုံးမှု အား KNU လက်မခံနိုင်

1530
‌ဖေ‌ဖော်ဝါရီလ ၂၈ ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိ‌သော တိုင်းရင်းသားအဖွဲ့အစည်းများ မပါဝင်ဘဲ အစိုးရဘက်က နိုင်ငံ‌ရေး‌တွေ့ဆုံမှု ပြုလုပ်မည့်အစီအစဉ်မှာ တိုင်းရင်းသား အချင်းချင်းဖဲ့ထုတ် စည်းရုံးခြင်းသာဖြစ်‌ကြောင်း ကရင့်အမျိုးသားအစည်း အရုံး( KNU)က ‌ပြောသည်။

KNU ဒုဥက္ကဌ ပဒို‌ဒေးဗစ်သာက‌ဘောက “‌ကေအဲန်ယူရဲ့ သ‌ဘောထားက‌တော့ ပစ်ခတ်ရပ်စဲ‌ရေးကို ခိုင်မာ ‌အောင်လုပ်ပါ။ တစ်ပြည်လုံးအတိုင်းအတာနဲ့ လုပ်ပါလို့ အမြဲတမ်း‌ပြောတယ်။ ရတဲ့အဖွဲ့‌လေးနဲ့ပဲ ‌တွေ့ဆုံ‌ဆွေး‌နွေး သွားမယ်ဆိုတာ ဖဲ့ထုတ်စည်းရုံးတဲ့ လုပ်ငန်းပဲ။ အဲ့ဒါက‌တော့ လက်မခံနိုင်ဘူး” ဟု ‌ပြောသည်။

ယခုလ ၂၄ရက်‌နေ့တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့ ‌မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် ‌တွေ့ဆုံရာတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနှင့် အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိ‌သေးပါက ‌နောက်တစ်ဆင့်တက်ပြီး စုစည်းနိုင်‌သော အပစ်ရပ်အဖွဲ့ ကိုယ်စားလှယ်များနှင့်သာ အစိုးရက နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများပြုလုပ်သွားရန် သ‌ဘောတူညီခဲ့သည်။

အစိုးရအ‌နေဖြင့် တစ်ပြည်လုံးအတိုင်းအတာအထိ အပစ်အခတ်ရပ်စဲ‌ရေးပြုလုပ်သွားပြီးမှသာ နိုင်ငံ‌ရေး‌တွေ့ဆုံ ‌ဆွေး‌နွေးမှုများ လုပ်‌ဆောင်သင့်‌ကြောင်း ပဒို‌ဒေးဗစ်သာက‌ဘောက အကြုံပြု‌ပြောဆိုသည်။

အပစ်အခတ်ရပ်စဲ‌ရေးနှင့် ပက်သက်ပြီး KNU ဘက်မှ အစိုးရအား ‌တောင်းဆိုထားမှုများရှိ‌နေသည့်အပြင် ကချင် နှင့်ရှမ်းပြည်နယ်ဘက်တွင်လည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျှက်ရှိ‌နေ‌သေး‌ကြောင်း ပဒို‌ဒေးဗစ်သာက ‌ဘောက ‌ထောက်ပြ‌ပြောဆိုသည်။

“ကချင်ပြည်နယ်ဘက်မှာ အပစ်ခတ်ရပ်စဲ‌ရေးလုပ်ပါဆို မလုပ်ဘူး။ သူတို့က ဆက်ပြီးတိုက်ချင်‌နေတဲ့ အ‌နေ အထားမှာ လုပ်‌နေတယ်။ ကရင်ပြည်နယ်မှာလည်း အစိုးရက ရိက္ခာပို့ပြီးရင် ပြန်တိုက်မှာပဲ။” ဟု ၎င်းက ‌ပြော သည်။

အခြားတိုင်းရင်းသားအဖွဲ့များ မပါဝင်သည့် ‌ဆွေး‌နွေးမှုသည် အထ‌မြောက်မည်မဟုတ်ဟုလည်း ရှမ်းပြည်တပ်မ ‌တော် (‌တောင်ပိုင်း)က ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်း‌လောဝ်ဆိုင်က ‌ပြောသည်။

သူက “သူတို့မပါပဲ ကျ‌နော်တို့က ဘယ်လိုပုံသဏ္ဍာန်နဲ့ သွား‌ဆွေး‌နွေးမလဲ၊ ပြဿနာတစ်ခုလို့ထင်တယ်။ ဒီအ ‌ရေးဟာ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့ အ‌ရေးဖြစ်တယ်” ဟု‌ပြောသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂၂ ရက်‌နေ့တွင် စစ်မှန်၍ ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေးရရှိနိုင်ရန် အဆင့် ၄ဆင့်ပါ လမ်းပြ‌မြေပုံကိုလည်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။