Home ထိပ်တန်းသတင်း စစ်ပွဲများရပ်ရန်၊ တန်းတူညီမျှ‌ရေး ရှိရန် ကွင်တားနားကို တိုင်းရင်းသားများ တင်ပြမည်

စစ်ပွဲများရပ်ရန်၊ တန်းတူညီမျှ‌ရေး ရှိရန် ကွင်တားနားကို တိုင်းရင်းသားများ တင်ပြမည်

1857
‌ဖေ‌ဖော်ဝါရီလ ၂ရက်၊ ၂၀၁၂။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာနိုင်ငံဆို်င်ရာ ကုလသမဂ လူ့အခွင့်အ‌ရေးအထူး ကိုယ်စားလှယ် မစ္စတာ ‌သောမတ်စ် အို‌ဟေးကွင်တားနား နှင့်‌သောကြာ‌နေ့တွင်‌တွေ့ဆုံမည့် ၁၉၉ဝ ‌ရွေး‌ကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ ‌ခေါင်း‌ဆောင်များက တိုင်းရင်းသားနယ်‌မြေများတွင် ဖြစ် ‌နေ‌သော စစ်ပွဲများရပ်တန့်ရန်နှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရမှုများကို အဓိကထား တင်ပြ ‌ဆွေး‌နွေးသွားမည်ဟုဆိုသည်။

တိုင်းရင်းသားနယ်‌မြေများတွင် စစ်ပွဲများ‌ကြောင့်ထွက်‌ပြေးပုန်း‌ရှောင်‌နေရသည့် ပြည်သူများ၏ အ‌ခြေအ‌နေများ၊ လယ်ယာ‌မြေ များကို အဓမ္မ အသိမ်းခံမှုများနှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရမှုများကို တင်ပြသွားမည်ဟု ကွင်တားနားနှင့် ‌တွေ့ဆုံမည့် ရခိုင်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(ALD) မှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဦး‌အေးသာ‌အောင်က ‌ပြောသည်။

၎င်းက “အဓိက‌တော့ ပြည်တွင်းစစ်ကို အ‌ကြောင်းပြပြီး အိမ်‌တွေမီးရှို့တာ၊ လူ‌တွေကို မတရား ဖမ်းပြီး‌တော့ နှိပ်စက်တာ၊ အ‌မေးအမြန်းမရှိပဲ ဖမ်းဆီးသွားတာ တချို့ဆို‌ပျောက်ဆုံး‌နေတာ၊ လူအများကြီး ဒုက္ခသည်စခန်း‌တွေမှာ ဒုက္ခ‌ရောက်‌နေကြ တာ‌တွေကို ‌ပြောဆိုသွားမှာပါ။”ဟု ‌ပြောသည်။

ထို့အပြင် မလွတ်‌မြောက်‌သေးသည့် နိုင်ငံ‌ရေးအကျဉ်းသားများကို ပြန်လွှတ်‌ပေးရန်နှင့် လွတ်လပ်စွာ ခရီးသွားလာခွင့်များ ရရှိ ကြရန် ‌ဆွေး‌နွေးသွားမည်ဟု ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) ဥက္ကဌ ဦးပူကျင့်ရှန်းထန်က ‌ပြောသည်။

အစိုးရဘက်မှ အပစ်ခတ်ရပ်စဲ‌ရေး‌ဆွေး‌နွေးမှုများကို ကချင်၊ ကရင်၊ ရှမ်းစသဖြင့် သီးခြား‌တွေ့ဆုံမှုများ မပြုလုပ်ဘဲ ပင်လုံညီလာ ခံလို တိုင်းရင်းသားအားလုံး စု‌ဝေး‌ဆွေး‌နွေးပွဲများ ပြုလုပ်‌ပေးရန် တိုင်းရင်းသားများ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ‌လျှောက်ထား ရာတွင် မခွဲခြားဖို့ စသည့်အ‌ရေးများလည်း ‌ဆွေး‌နွေးကြမည် ဖြစ်သည်။

ထို‌တွေ့ဆုံမှုမှတဆင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရမှုများ ရှိ‌နေ‌သေးသည်ကို ကုလသမဂ္ဂ အပါအဝင် အာဆီယံနိုင်ငံကြီးများနှင့် နိုင်ငံတကာမှ သိမြင်လာပြီး လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ရပ်တန့်သွားရန် အစိုးရအား ဖိအား ‌ပေးနိုင်ရန် ‌မျှော်လင့်‌ကြောင်း ဦး‌အေးသာ‌အောင်က ယခုလို ‌ပြောသည်။

၎င်းက “အထူးသဖြင့် လက်ရှိအစိုးရက လိုက်နာတာ‌တွေ မလိုက်နာတာ‌တွေကို နိုင်ငံတကာက သိမယ်။ နိုင်ငံတကာက ကျယ် ကျယ်ပြန့်ပြန့် ‌ဆွေး‌နွေးပြီး‌တော့ မြန်မာအစိုးရကို ဖိအား‌ပေးမှု‌တွေ လုပ်နိုင်မှာပါ။”ဟု ဆိုသည်။

မစ္စတာ ကွင်တားနား၏ ကမ်းလှမ်းချက်အရ ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုး သားကွန်ဂရက်(ZNC) ဥက္ကဌ ဦးပူကျင့်ရှန်ထန်း အပါအဝင် ရခိုင်ဒီမိုက‌ရေစီအဖွဲ့ချုပ်(ALD) မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦး‌အေး သာ‌အောင်တို့သည် ‌ဖေ‌ဖော်ဝါရီလ ၃ရက်‌နေ့ ည‌နေပိုင်းတွင် UNDP ရုံး၌ သွား‌ရောက်‌တွေ့ဆုံမည် ဖြစ်သည်။

မစ္စတာကွင်တားနားသည် မြန်မာနိုင်ငံကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်‌နေ့ မှ ၆ရက်တာ ခရီးအဖြစ် လာ‌ရောက်ကာ ‌ဖေ‌ဖော်ဝါ ရီလ ၄ရက်‌နေ့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် တိုင်းရင်းသား ‌ခေါင်‌ဆောင်များနှင့် သွား‌ရောက်‌တွေ့ဆုံမည်။

ကွင်တားနား၏ ယခုခရီးစဉ်မှ မြန်မာနိုင်ငံ၏ လူ့အခွင့်အ‌ရေး တိုးတက်‌ပြောင်းလဲမှု ‌တွေ့ရှိချက်များကို စာတမ်းပြုစုပြီး မတ်လ တွင် ပြုလုပ်မည့် ၁၉ကြိမ်‌မြောက် လူ့အခွင့်အ‌ရေး‌ကောင်စီ ‌ဆွေး‌နွေးပွဲတွင် တင်ပြသွားမည် ဖြစ်သည်။