Home သတင်း ခ‌နောက်စိမ်းတူး‌ဖော်မှု‌ကြောင့် ဥယျာဉ်ခြံနှင့် လယ်ကွင်း အချို့ပျက်စီး

ခ‌နောက်စိမ်းတူး‌ဖော်မှု‌ကြောင့် ဥယျာဉ်ခြံနှင့် လယ်ကွင်း အချို့ပျက်စီး

1390
‌ဖေ‌ဖော်ဝါရီ ၁ဝရက်၊ ၂၀၁၂။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ‌မောလူ့‌တောင်(‌ဒေသခံအ‌ခေါ်)တွင် ကုမ္ပဏီ နှစ်ခု၏ ခ‌နောက်စိမ်းတူး‌ဖော်မှု ‌ကြောင့် ထို‌ဒေသရှိ တ‌ဂေး‌လောင်းရွာမှ ဥယျာဉ်ခြံနှင့် လယ်ကွင်းအချို့ ပျက်စီးခဲ့ရသည်ဟု သိရသည်။

ခ‌နောက်စိမ်းတူး‌ဖော်သည့်‌နေရာမှ တ‌ဂေး‌လောင်း‌ကျေးရွာဘက်သို့ စီးဆင်းလာသည့် ထီးချိ‌ဘော‌ချောင်း (‌ဒေသခံအ‌ခေါ် တ‌ဂေး‌လောင်း‌ချောင်း)ဗွက်‌ရေ‌ကြောင့် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်အတွင်း လယ်ကွင်း ၂ကွင်းအပါ အဝင် ကွမ်းခြံ ၉ခြံ၊ ကွမ်းပင်ခြံ ၄ခြံနှင့် ငရုပ်‌ကောင်းခြံ ၃ခြံ ပျက်စီးသွား ခဲ့ရခြင်းဖြစ်သည်။

‌ဒေသခံအမျိုးသမီးတဦးက “ခ‌နောက်စိမ်းတူး‌ဖော်တဲ့ ‌မောလူ့‌တောင်ဟာ ထိချိ‌ဘော‌ချောင်း စီးဆင်းလာတဲ့ ‌နေရာ‌လေ။ ‌နောက် ခ‌နောက်စိမ်းတူးလို့ ‌မြေ‌အောက်က ထွက်လာတဲ့ ဗွက်‌တွေ အဲဒီ‌ချောင်းက‌နေ ပါပြီး စီးဆင်း လာတာ ဥယျာဉ်ခြံ‌တွေထဲကို ဝင်လာ‌တော့ အပင်‌တွေ ‌သေကုန်တယ်။ လယ်ကွင်းထဲကို ဝင်‌တော့လည်း စပါး စိုက်လို့ မရဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရွာသားများက ပျက်စီးသွားသည့် ၎င်းတို့၏ ဥယျာဉ်ခြံနှင့် လယ်ကွင်းများအတွက် ‌လျော်‌ကြေးများ မရရှိ‌သေး သကဲ့သို့ ယခုချိန်ထိ တစုံတရာ တိုင်ကြားမှုပြုလုပ်ခြင်းများ မရှိ‌သေး‌ကြောင်း သိရသည်။

အဆိုပါ ခ‌နောက်စိမ်းတူး‌ဖော်သည့်‌နေရာသည် ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ် နယ်စပ်အကြားတွင် တည်ရှိပြီး ပြီးခဲ့သည့် ၂၀၀၆ခုနှစ်ကတည်းက ရန်ကုန်အ‌ခြေစိုက် စိုင်းသူရပိုင် မြင့်မြတ်စံ ကုမ္ပဏီနှင့် ကိုချိုပိုင် ထွဋ်‌ခေါင်ကုမ္ပဏီတို့က တူး‌ဖော်ခဲ့ခြင်းဖြစ်သည်။

အိမ်‌ခြေ ၃၀၀ဝန်းကျင်ရှိ တ‌ဂေး‌လောင်းရွာသည် ဖားအံမြို့နယ်ထဲတွင် တည်ရှိသည့် ရွာတရွာဖြစ်ပြီး ထိုခ‌နောက် စိမ်းတွင်း၏ အ‌နောက်ဘက် ‌ခြေလျင်ဖြင့် ၄နာရီ‌ကျော် ခရီးအကွာတွင် ရှိသည်။