Home သတင်း ခရီးသည်တင်သည့် လိုင်စင်မဲ့ကားများလာ၍ လိုင်စင်ရှိကား ‌ပြေးဆွဲသူများ အထိနာ

ခရီးသည်တင်သည့် လိုင်စင်မဲ့ကားများလာ၍ လိုင်စင်ရှိကား ‌ပြေးဆွဲသူများ အထိနာ

1673
‌ဖေ‌ဖော်ဝါရီလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ ထိုင်းဘက်ခြမ်း မဲ‌ဆောက်မြို့ဘက်သို့ ခရီးသည်တင် လိုင်စင်မဲ့ကား ‌ပြေးဆွဲမှု များပြားလာခြင်း‌ကြောင့် လိုင်စင်ရှိကား ‌ပြေးဆွဲသူများ နစ်နာဆုံးရှုံးလျှက်ရှိသည်ဟု ယာဉ်‌မောင်းသူများက ‌ပြောသည်။

လူဝင်မှုကြီးကြပ်‌ရေးဌာန(လဝက)နှင့် ကုန်းလမ်းပို့‌ဆောင်‌ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)၊ ပို့‌ဆောင်ဆက်သွယ်‌ရေး ဦးစီးဌာနတို့ ခွင့်ပြု ချက်ဖြင့် ချစ်ကြည်‌ရေးတံတား ပြန်လည် ဖွင့်လှစ်ခဲ့သည့်အချိန်မှစ၍ လိုင်စင်မဲ့ကားအစီး‌ပေါင်း ၄ဝနီးပါးခန့် ‌နေ့စဉ် ‌ပြေးဆွဲလာခြင်း‌ကြောင့် လိုင်စင်ရှိကားများကို ‌မောင်းနှင်သူများ ယခုလို တွက်‌ခြေမကိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

လိုင်စင်ရှိ ယာဉ်‌မောင်းသူတစ်ဦးက “(ကညန)က လိုင်စင်မရှိတဲ့ ကား‌တွေကို ပိုက်ဆံယူတယ်။ (လဝက)ကလည်း ပိုက်ဆံယူတယ်။ တစ် ဖက်နိုင်ငံကို လွှတ်တယ်‌ပေါ့။ လွှတ်တဲ့အခါကျ‌တော့ ကျ‌နော်တို့လို လိုင်စင်ရှိတဲ့ ကား‌တွေကျ‌တော့ နစ်နာဆုံးရှုံးတာ‌ပေါ့ဗျာ။ ကျ‌နော်တို့ ယာဉ်‌မောင်း‌တွေကျ‌တော့ စားဝတ်‌နေ‌ရေး အဆင်မ‌ပြေ‌တော့ဘူး‌ပေါ့၊ ဝစ်‌သောက်တ် ကား‌တွေ များလာ‌တော့‌လေ။ ကိုယ့်ခရီးသည်‌တွေ ကို လုတင်တဲ့သ‌ဘောမျိုး ဖြစ်သွားတယ်‌လေ။”ဟု ‌ပြောသည်။

ကုန်းလမ်းပို့‌ဆောင်‌ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)၊ လူဝင်မှုကြီးကြပ်‌ရေးဌာန(လဝက) ပို့‌ဆောင်ဆက်သွယ်‌ရေး စီမံကိန်း ဦးစီးဌာန (ပို့ ဆက်)နှင့် တံတားဂိတ်တို့က ကားစီး‌ရေ ‌ပြေးဆွဲမှုများလာလျှင် ဖြတ်သန်းခ ပိုရရှိ‌သော‌ကြောင့် ယခုလို လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ယာဉ် ‌မောင်းသူများက ‌ပြောသည်။

အဆိုပါ ဌာနဆိုင်ရာ အသီးသီးက လိုင်စင်မဲ့ကားတစ်စီးကို ကျပ် ၁,၀၀၀‌ကောက်ခံပြီး လိုင်စင်ရှိ ကားတစ်စီးကို ကျပ် ၅၀ဝ ‌ကောက်ခံ လျှက်ရှိသည်ဟု သိရသည်။

လိုင်စင်ရှိ ကားများသည် မြဝတီမြို့ရှိ ဌာနဆိုင်ရာ အသီးသီးမှ အခွန်‌ဆောင်ထားရသည့်အပြင် ထိုင်းဘက်ခြမ်းတွင်လည်း တနှစ်စာအခွန် အတွက် ဘတ် ၁၄၀ဝနှင့် တံတားဖြတ်ခ ဘတ် ၂ဝ ‌နေ့စဉ် ‌ပေး‌ဆောင်ရပြီး လိုင်စင်မဲ့ကားများကမူ မည်သည့်အခွန်အခမှ ‌ပေး‌ဆောင်ထား ခြင်းမရှိဘဲ တံတားဖြတ်ခ ဘတ် ၂ဝသာ ‌ပေး‌ဆောင်‌သော‌ကြောင့် မျှတမှု လုံးဝ မရှိ‌ကြောင်း လိုင်စင်ရှိ ယာဉ်‌မောင်းသူများက ‌ပြောသည်။

ယခုလို လိုင်စင်မဲ့ကားများ ‌ပြေးဆွဲမှုများလာ‌သော‌ကြောင့် လိုင်စင်ရှိကားများ ရရှိမည့် အကျိုးအမြတ်များ နစ်နာဆုံးရှုံးသည့်အပြင် အကယ် ၍ ထိုင်းဘက်ခြမ်းတွင် ပြဿနာတစုံတရာ ဖြစ်ပွားပါက တရားဝင် မှတ်ပုံတင်ထားသည့် လိုင်စင်ရှိကားများသာ အ‌ရေးယူခံရမည်ဟု ဆို သည်။

“တဖက်နိုင်ငံမှာ ယာဉ်တိုက်မှုတစုံတရာ ဖြစ်ရင်လည်း သူတို့ (လိုင်စင်မဲ့ကား)က ဘာမှ အာမခံချက်မရှိဘူး။ ကျ‌နော်တို့က ယာဉ်တိုက်မှု ဖြစ်ရင် ယာဉ်‌မောင်းလိုင်စင် အသိမ်းခံရမယ်။ တဖက်နိုင်ငံမှာ ရှုတ်‌ထွေးမှုဖြစ်တာ‌ပေါ့။ ရှင်းရှင်း‌ပြောရင် တန်းတူရည်တူ အခွင့်အ‌ရေး မရ ဘူး‌ပေါ့။ ကျ‌နော်တို့က တရားဝင်ဆို တရားဝင်ပဲ ဖြစ်‌စေချင်တာ‌ပေါ့။”ဟု အဆိုပါယာဉ်‌မောင်းသူက ‌ပြောသည်။

ကညနမှ တာဝန်ရှိသူတစ်ဦးက “ကျ‌နော်တို့က‌တော့ မှတ်ပုံတင်မရှိတဲ့ ကား‌တွေကို ခွင့်မပြုပါဘူး။ မှတ်ပုံတင်မရှိတဲ့ ကား‌တွေကို လွှတ်‌ပေး လို့လည်း မရပါဘူး။ လဝက က ‌ပေးတာ။ လဝက လွှတ်‌ပေးပိုင်ခွင့်ရှိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်လုံခြုံ‌ရေးနှင့် ထိုင်းဘက်ခြမ်း‌ရေထိန်းကန်‌ဘောင် တည်‌ဆောက်မှု အ‌ကြောင်းပြချက်ဖြင့် မြန်မာအစိုးရက ၂၀၁ဝခုနှစ်၊ ဇူလိုင်လ ၁၈ရက်‌နေ့မှ ချစ်ကြည်‌ရေးတံတားကို စတင် ပိတ်ပစ်ခဲ့ပြီး နှစ်ဘက် အာဏာပိုင်များက ယမန်နှစ် ဒီဇင်ဘာ ၅ရက်‌နေ့တွင် ပြန် လည် ဖွင့်လှစ်ခဲ့သည်။

ထိုအချိန်မှစ၍ ယ‌နေ့အထိ မြန်မာပြည်၊ မြဝတီမြို့မှ ချစ်ကြည်‌ရေးတံတားကို ဖြတ်ကူးကာ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့သို့ တစ်ရက်လျှင် လိုင် စင်ရှိကား ၃ဝစီးခန့်နှင့် လိုင်စင်မဲ့ကားများ ၄ဝစီးခန့်က ‌နေ့စဉ် ‌ပြေးဆွဲလျှက်ရှိသလို ခရီးသည်တစ်ဦးလျှင် ကျပ် ၁၅၀ဝနှုန်းဖြင့် ကားတစ်စီး ခရီးသည် ၈ဦးသာ တင်‌ဆောင်လျှက်ရှိသည်။