Home သတင်း ကိုလိုနီစရိုက်ကို ဗိုက်ထဲမှာ ထည့်ထား‌သော မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး

ကိုလိုနီစရိုက်ကို ဗိုက်ထဲမှာ ထည့်ထား‌သော မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး

1796
ဦးပဉ်ဖင်း ‌ကေသလ (မြဝတီ)

ကရင်ပြည်နယ် မြဝတီမြို့က ထိုင်းနယ်စပ်မြို့‌လေးပါပဲ။ ယခင်က ထိုင်းနိုင်ငံနဲ့မြန်မာအစိုးရနဲ့ မတည့်‌တော့ နိုင်ငံ‌တော်က လူကြီး‌တွေ မလာကြဘူး။ အခု အ‌မေရိကန်နိုင်ငံခြား‌ရေးဝန်ကြီး ဟယ်လာရီကလင်တန် မြန်မာနိုင်ငံလာသွားမှ ထိုင်းနဲ့ မြန်မာစကား‌တောင် တစ်ခွန်းမ‌ပြောရပဲ ချက်ချင်းတည့်သွားကြတယ်။ မြန်မာဖက်ကလူကြီး‌တွေ (စစ်တပ်လူ‌တွေ) ကလည်း ယခင်က ထိုင်းနိုင်ငံဆိုရင် အရမ်းမုန်းကြတယ်။

ပြည်နယ်ဝန်ကြီးချုပ်ဆိုရင် မုန်းလွန်းလို့ ထိုင်းကထွက်တဲ့ဆန် (‌ခေါက်မလိ) ကိုမှ မှာစားတာလို့ ကုန်သည်‌တွေ ‌ပြောတာသိရတာပါ။ အခု‌တော့လည်း အိမ်နီးချင်းဆိုပြီး ခတ်ရိုင်းရိုင်း‌ပြောတဲ့စကား‌တွေ ဘယ်‌ရောက်သွားကြလည်း မသိဘူး။ ဘယ်မျက်နှာနဲ့ရင်ဆိုင်ပြီး လက်ဆွဲနှုတ်ဆက်‌နေလည်း မသိဘူး။ တရွှတ်ရွှတ်လာ‌နေလို့ ဝန်ထမ်း‌တွေ‌ကော၊ အပြင်လူ‌တွေ‌ကော ဘုန်းကြီး‌တွေပါမကျန် ‌တော်‌တော်ဒုက္ခ‌ရောက်‌နေရတယ်။

ဒီ‌နေ့လည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ လူကြီး‌တွေ ‌အောက်ဖက်ကလာလို့ ဘုန်းကြီး‌တွေကို ကြိုတင်‌ခေါ်ထားတာ မနက်‌ကျောင်းမှာ ဆွမ်းစားပြီးကတည်းကပဲ။ ‌ရောက်‌တော့လည်း ည‌နေပိုင်းမှ‌ပေါ့။ ဘာသာ‌ရေးဆို‌တော့ ‌ဂေါပကအဖွဲ့‌တွေမှာ တာဝန်ရှိတယ်‌လေ။ အခမ်းအနားပြင်ရတယ်။ ဘုန်းကြီး‌တွေ ပင့်ဖိတ်ရတယ်။ အဲဒီလူကြီး‌တွေက လှူဘွယ်ဝတ္ထုကပ်မယ်ဆိုလို့ ‌ဂေါပကအဖွဲ့က ကန်‌တော့ပွဲခြင်း‌တွေ စိုက်ဝယ်ရတယ်။ ‌လော‌လောဆယ် ပိုက်ဆံမရှိလည်း ဆိုင်‌တွေမှာ အ‌ကြွေးလိုက်ဝယ်‌ပေါ့။ ဒါက‌တော့ ထုံးစံပဲ‌လေ။ ဝန်ထမ်း‌တွေကလည်း အာဏာရှင်‌တွေလာတဲ့အခါ တိုက်ပုံ‌လေး‌တွေနဲ့ ‌တော်‌တော်ကြာ ‌စောင့်‌နေကြရတယ်။ ထမင်းငတ်သူက ငတ်‌ပေါ့။ ဒါက လူ‌တွေအပိုင်း‌ပေါ့။ ဘုန်းကြီး‌တွေကျ‌တော့ ခဏခဏ အပင့်ဖိတ်ခံရတယ်။ အဲဒီလူကြီး‌တွေ မလာတဲ့အခါ ဘုန်းကြီး‌တွေလည်း သူတို့ဝန်ထမ်း‌တွေလို‌ပေါ့ ပြန်သွားရတာပါပဲ။ ဒို့ကို ကန်‌တော့မယ့် ကန်‌တော့ပွဲခြင်း‌လေး ‌တွေကို ‌ဂေါပကအဖွဲ့က ပြန်သိမ်းသွားတယ်။ ဒီလိုပဲ ဘုန်းကြီး‌တွေ ကန်‌တော့ပွဲပြပြီး အညာခံရတာ ခဏခဏပဲ။ ရဟန်းသံဃာ ‌တွေထက် အာဏာပိုင်က ပိုမြင့်မြတ်တယ်ဆိုတာ ဘုန်းကြီးတို့ အခုမှသိတယ်။ တီဗွီ၊ ဗွီဒီယိုရိုက်ဖို့ ဘုန်းကြီး‌တွေကို အသုံးချမှန်း သိရတယ်။ သံဃာကို ရို‌သေစွာ ကန်‌တော့ချင်လို့‌တော့ မဟုတ်ပါဘူး။

မ‌နေ့က‌တော့ ပြည်နယ်ဝန်ကြီးချုပ်လာမယ်ဆိုလို့ ဘုရား‌ဂေါပကအဖွဲ့က သာသနာ့ ဗိမာန်မှာ အခမ်းအနား ပြင်ဆင်‌ပေးတာကို ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးမြင့်တင် ဆိုသူက ပြင်ဆင်တာမကြိုက်လို့ဆိုပြီး ‌လေနဲ့လာအလုပ်မလုပ် လက်‌ထောင်ပြီး ပါးရိုက်မယ်လို့ ‌ပြောတာ ‌တွေ့ရ‌တော့ အာဏာရှင်‌တွေ လက်‌အောက်မှာ ငရဲခံ‌နေရမှန်း သိရ‌တော့တယ်။ အစည်းအ‌ဝေး‌တွေမှာလည်း ငါက စစ်သားပီပီ စစ်သား‌တွေကို အမိန့်‌ပေးအုပ်ချုပ်သလို အုပ်ချုပ်မယ်လို့ ‌ပြောတာကို ဝန်ထမ်း‌တွေထံက ကြားလိုက်ရ ‌တော့ ကရင်ပြည်နယ်မှာ ဒီမိုက‌ရေစီမရ‌သေးပါလား၊ စစ်အုပ်ချုပ်‌ရေး စနစ်အတိုင်းပဲဆိုတာ ကွဲကွဲပြားပြား သိလာရတယ်။

ပြည်ထဲ‌ရေးဝန်ကြီးဌာနရဲ့ ‌ဆောင်ပုဒ်က ကိုလိုနီစရိုက်ကို‌ဖျောက် ပြည်သူ့အကျိုးကို ‌စောင့်‌ရှောက်ဆိုတဲ့ သူတို့ရုံးမှာကပ်ထားတဲ့ ‌ဆောင်ပုဒ်က ခရိုင်အုပ်ချုပ်‌ရေးမှူး ဗိုက်ထဲ‌ရောက်သွားတယ်ထင်တယ်။ မနက်ဆိုရင် သူ့အိမ်မှာ ကုန်သည်‌တွေ တရုန်းရုန်း နဲ့ အလုပ်ပဲ ကြိုးကြိုးစားစား လုပ်တာလား။ သူ့ဆရာ ပြည်နယ်ဝန်ကြီးချုပ် သင်လိုက်သလို ဝန်ထမ်း‌တွေအ‌ပေါ် မိုက်ရိုင်းဘို့ လုပ်‌နေတာလား။ ၎င်းကို ‌မွေးတဲ့မိဘက မဆုံးမခဲ့တာပဲလား။ တပ်မ‌တော်ထဲ‌ရောက်သွားလို့ မိုက်ရိုင်းသွားတာလား မသိဘူး။ တရားမဝင် ကား‌မှောင်ခို‌တွေနဲ့‌ပေါင်းပြီး လက်‌ဆောင်‌ပေးတဲ့ တရားမဝင် without (ပါကျဲဒိုး) ‌မော်‌တော်ကားကို ဇိမ်နဲ့စီးပြီး ဝန်ထမ်း‌တွေအ‌ပေါ် မာန‌ထောင်လွှား‌နေတယ်။ နိမ့်ကျတဲ့ ဝန်ထမ်း‌တွေ၊ ‌ကျောင်းဆရာ/ဆရာမ‌တွေကိုလည်း ပြည်နယ်ဝန်ကြီး ချုပ် နံမည်တတ်ကာ အနိုင်ကျင့် အုပ်ချုပ်တယ်။ ဘုန်းကြီးတို့ သံဃာ‌တွေကိုလည်း မကြည်ညိုချင်‌နေပါ သံဃာ‌တွေကို မဟုတ် ကဟုတ်က မ‌ပြော‌စေချင်ဘူး။

နိုင်ငံ‌တော်သမ္မတကြီးခင်ဗျား။ ဒီလိုမိုက်ရိုင်းတဲ့ ခရိုင်အုပ်ချုပ်‌ရေးမှူး‌တွေ‌ကြောင့် အစိုးရရဲ့ ဂုဏ်သိက္ခာဆိုတာ အလိုလို ကျဆင်း ပါတယ်။ ဒါ‌ကြောင့် အနာဂတ်အတွက် ယဉ်‌ကျေးလိမ္မာတဲ့ အုပ်ချုပ်‌ရေးမှူး‌ကောင်း‌တွေ ‌ရွေးချယ်ခန့်ပါလို့ တိုင်ကြားအကြံပြုသ လို ပြည်ထဲ‌ရေးဝန်ကြီး ပြည်‌ထောင်စုဝန်ကြီး ဦးကိုကိုလည်း မြဝတီမြို့ကို ‌ရွေးချယ်တာဝန်‌ပေးမယ်ဆိုရင်လည်း လူ‌တော်လူ ‌ကောင်းများ ‌ရွေးချယ်တာဝန်‌ပေး‌စေလို‌ကြောင်း အကြံပြု တိုင်ကြားအပ်ပါတယ်။