Home ဆောင်းပါး ကရင်ပြည်သူ့ပါတီ (K.P.P)အ‌ကြောင်း တ‌စေ့တ‌စောင်း

ကရင်ပြည်သူ့ပါတီ (K.P.P)အ‌ကြောင်း တ‌စေ့တ‌စောင်း

2408

၂၀၁ဝပြည့်နှစ်၊ နိုဝင်ဘာလ ၇ရက်‌နေ့တွင် ကျင်းပပြီးစီးခဲ့‌သော အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ၌ ‌အောက်ပါ ကရင်တိုင်းရင်းသားပါတီများ ဝင် ‌ရောက်ယှဉ်ပြိုင် အ‌ရွေးချယ်ခံခဲ့ကြသည်။
၁။ ကရင်ပြည်သူ့ပါတီ (Kayin Peoples Party-KPP) (‌စောထွန်း‌အောင်မြင့် – ဥက္ကဌ)
၂။ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (‌စောခင်‌မောင်မြင့် – ဥက္ကဌ)
၃။ ကယန်းအမျိုးသားပါတီ (ခူးယူဂျင်း – ဥက္ကဌ)

ကရင်ပြည်သူ့ပါတီ (K.P.P)သည် မဲဆန္ဒနယ်‌ပေါင်း ၄၁‌နေရာတွင် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ် ၆ဦး ‌ရွေးချယ်ခံခဲ့ရပြီး ‌အောက်ပါ အတိုင်း လွှတ်‌တော်အသီးသီးတွင် တာဝန်‌ပေးအပ်ခြင်း ခံခဲ့ရသည်။
(၁) ‌စောထွန်‌အောင်မြင့် ရန်ကုန်တိုင်း‌ဒေသကြီးလွှတ်‌တော်၊ ကရင့်‌ရေးရာကိုယ်စားလှယ်နှင့် ရန်ကုန်တိုင်း‌ဒေသကြီး တိုင်းရင်းသား‌ရေးရာအဖွဲ့ ဥက္ကဌ
(၂) ‌စောဂျူဗလီစံလှ ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော်၊ ကရင့်‌ရေးရာ ကိုယ်စားလှယ်
(၃) ‌စောခရစ္စတိုဖာ ကရင်ပြည်နယ် ပညာ/စီမံဝန်ကြီး
(၄) ‌စော‌ဂျေ‌အေးဝင်းမြင့် ကရင်ပြည်နယ်လွှတ်‌တော်၊ တိုင်းရင်းသား‌ရေးရာ အဖွဲ့ဝင်
(၅) ‌စော‌တော်ပလဲ အမျိုးသားလွှတ်‌တော်၊ လွှတ်‌တော်အခွင့်အ‌ရေး‌ရေးရာ အဖွဲ့ဝင်
(၆) ‌စော‌နေ‌ကော်ကြီး ပြည်သူ့လွှတ်‌တော်၊ အစိုးရ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်‌ရေး ‌ကော်မတီ

၂၀၁ဝပြည့်နှစ်၊ နိုဝင်ဘာလ ၇ရက် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲမှ ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ၅ဦးကို ‌အောက်ပါအတိုင်း ‌ရွေးချယ်ခံ ရလျက် ခန့်အပ်တာဝန်‌ပေးခဲ့သည်။
၁။ ‌စောထွန်း‌အောင်မြင့် (ရန်ကုန်တိုင်း‌ဒေသကြီး၊ ကရင်ပြည်သူ့ပါတီ)
၂။ ‌စောဂျူဗလီစံလှ (ပဲခူးတိုင်း‌ဒေသကြီး၊ ကရင်ပြည်သူ့ပါတီ)
၃။ မန်းသန်း‌ရွှေ (ဧရာဝတီတိုင်း‌ဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီ)
၄။ ‌စော‌အောင်‌ကျော်သိန်း (မွန်ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ)
၅။ ‌စောဟာဗွီ (တနသင်္ာရီတိုင်း‌ဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီ)

၂၀၁ဝပြည့်နှစ်၊ နိုဝင်ဘာလ ၇ရက်‌နေ့ထိ စာရင်းအရ ကရင်ပြည်သူ့ပါတီတွင် ပါတီဝင် စုစု‌ပေါင်း ၄,၆၀၂ဦးရှိပြီး မြို့နယ်စည်းရုံး‌ရေး‌ကော် မတီ ဖွဲ့စည်းထားနိုင်မှု အ‌ခြေအ‌နေမှာ ရန်ကုန်တိုင်း‌ဒေသကြီးတွင် ၆မြို့နယ်၊ ဧရာဝတီတိုင်း‌ဒေသကြီးတွင် ၁၁မြို့နယ်၊ ပဲခူးတိုင်း‌ဒေသ ကြီးတွင် ၃မြို့နယ်၊ တနသင်္ာရီတိုင်း‌ဒေသကြီးတွင် ၁မြို့နယ်၊ မွန်ပြည်နယ်တွင် ၃မြို့နယ်၊ စုစု‌ပေါင်း မြို့နယ်စည်းရုံး ‌ကော်မတီ ၂၄ခု ဖွဲ့ စည်းထားနိုင်ပြီး ဖြစ်သည်ဟု သိရသည်။

ကရင်ပြည်သူ့ပါတီ၏ စီးပွား‌ရေးလုပ်ငန်း‌ကော်မတီအ‌နေဖြင့် ‌ရွှေနှင့် သတ္တုတူး‌ဖော်‌ရေးလုပ်ငန်းများ ‌ဆောင်ရွက်ရန် (၁)‌ရွှေကရင် ကုမ္ပဏီ၊ (၂)ပသီထူး ကုမ္ပဏီ (၃)ဓ‌နေထူး‌စော ကုမ္ပဏီ (၄)Bright Morning Star ကုမ္ပဏီ၊ (၅)မိုး‌ထောင် ကုမ္ပဏီများ တည်‌ထောင်ထား‌ကြောင်း သိ ရှိရသည်။ ထို့အပြင် အခြား‌သော စီးပွား‌ရေးလုပ်ငန်းအချို့အ‌နေဖြင့် K.P.P ဥက္ကဌ ‌စောထွန်း‌အောင်မြင့်၏ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံမှုဖြင့် ပါတီဝင်များ အလုပ်အကိုင်ရရှိရန် ဗိုလ်မြတ်ထွန်းတံတားအနီးတွင် ‌အောင်တံခွန် စား‌သောက်ဆိုင်ကို ၁၄.၁.၂၀၁၁ရက်‌နေ့တွင် စတင် ဖွင့် လှစ်လုပ်ကိုင်လျက်ရှိသည်။ တွံ‌တေးခရိုင် စည်းရုံး‌ရေး‌ကော်မတီမှ ဦးစီး၍ ‌ရွှေဖားစည် ဓါတ်‌မြေဩဇာနှင့် စက်သုံးဆီ အ‌ရောင်းဆိုင်ကို လည်း ၁၆.၃.၂၀၁၁ရက်‌နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ကျိုက်ထို၊ ဘီးလင်း‌ဒေသတွင်လည်း ‌ဒေသခံ ကရင်ပြည်သူ့ပါတီဝင်များ၏ ပူး‌ပေါင်းပါဝင် မှုဖြင့် ‌ရွှေကျင်လုပ်ငန်းကို လုပ်‌ဆောင်လျက်ရှိသည်။ ‌တောင်ငူအ‌ရှေ့ဘက်ခြမ်း‌ဒေသတွင် ‌ရွှေတူး‌ဖော်ခြင်းလုပ်ငန်း လုပ်‌ဆောင်ရန်အ တွက် ကရင်ပြည်သူ့ပါတီမှ ကမကထပြုလျက် ကရင်အမျိုးသားပိုင်ကုမ္ပဏီများ ပူး‌ပေါင်း၍ ‌ရွှေကရင် စု‌ပေါင်းကုမ္ပဏီအဖွဲ့ကို ‌ဆောင်ရွက် လျက်ရှိပါသည်။

ကရင်လူထုအကျိုး အားထုတ်‌ဆောင်ရွက်မှုအ‌နေဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်မှ ဥက္ကံ‌ဒေသ လယ်‌မြေသိမ်းမှုကိစ္စကို ညှိနှိုင်း‌ဆောင်ရွက်‌ပေးခဲ့ရာ အသိမ်းခံရ‌သော လယ်‌မြေများ ပြန်လည်ရရှိခဲ့သည်။ ထို့အပြင် ‌မှော်ဘီနှင့် လှည်းကူးတို့တွင်လည်း ‌မြေသိမ်းဆည်းမှုများ ဖြစ်‌ပေါ်ခဲ့ရာ ဝန်ကြီး‌စောထွန်း‌အောင်မြင့်က သက်ဆိုင်ရာ တာဝန်ရှိသူများအပြင် ရန်ကုန် တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်ထံသို့ တိုက်ရိုက် ကိုယ်တိုင်သွား‌ရောက်တင်ပြခဲ့ရာ ၎င်းကိစ္စများကို ယခုအခါ ရပ်ဆိုင်းထား‌ကြောင်း သိရှိရ သည်။

ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ပြည်သူလူထု၏ ယုံကြည်‌ထောက်ခံမှု အပြည့်အဝရရှိရန် သတိထား လုပ်‌ဆောင်ရမည့် အ‌ကြောင်းအရာနှစ်ခု လတ်တ‌လောအားဖြင့် ရှိ‌နေသည်။ ပထမတစ်ခုမှာ ကရင်လူမျိုးများသည် ကိုးကွယ်ယုံကြည်မှု အမျိုးမျိုးကို သက်ဝင်ယုံကြည်ကြသည့် လူ မျိုးတစ်ရပ် ဖြစ်သည်။ အဓိကအားဖြင့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဟူ၍ ကရင်လူမျိုးအများ ကိုးကွယ်ယုံကြည်ကြ‌သော ဘာသာ ကြီး ၂ခုရှိရာ ကရင်အများစုက ကရင်ပြည်သူ့ပါတီသည် ခရစ်ယာန်ကရင်များ ဦး‌ဆောင်‌သောပါတီဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ကရင်အမျိုးသား များအတွက် ရပ်တည်‌ဆောင်ရွက်‌ပေးမည့်ပါတီ မဟုတ်ဟူ၍ နားလည်လက်ခံထားကြ‌သောအချက် ဖြစ်သည်။

ဒုတိယအချက်မှာ ကရင်ပြည်သူ့ပါတီသည် ဘယ်မတိမ်း ညာမယိမ်းဘဲ အမှန်တရားဘက်မှ ပြတ်ပြတ်သားသား၊ ရဲရင့်တည်ကြည်စွာ ရပ် တည်မည့် ပါတီတစ်ရပ်ဖြစ်‌ကြောင်း ပြည်သူလူထုမှ ယုံကြည်လာ‌စေရန် လက်‌တွေ့လုပ်‌ဆောင်ပြသ‌ရေး ဖြစ်သည်။ အ‌ကြောင်းမှာ ကြားသိ ရ‌သော သတင်းများအရ ၂၀၁၂ခုနှစ်၊ ဧပြီလ ၁ရက်‌နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်‌သော ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ကရင်တိုင်းရင်းသား အများစု ‌နေထိုင်ကြ‌သော ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် ဝင်‌ရောက်ယှဉ်ပြိုင် အ‌ရွေးခံမည့် အမျိုးသားဒီမိုက‌ရေ စီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း ‌ဒေါ်‌အောင်ဆန်းစုကြည်၏ အဓိက ယှဉ်ပြိုင်ဘက်အဖြစ် အ‌ရွေး ချယ်ခံမည်ဖြစ်‌သော ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ကိုယ်စားလှယ်‌လောင်း ‌ဒေါက်တာစိုးမင်း၏ ‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေး အတွက် ‌ကော့မှူးမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများ၏ မဲအားလုံးရရှိနိုင်‌စေ‌ရေး ကရင်ပြည်သူ့ပါတီမှ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီအား အကူအညီ‌ပေးရန် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်အား ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးဖွံ့ဖြိုး‌ရေးပါ တီ၏ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေး ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ဦး‌အောင်သိန်းလင်း (ယခင် ရန်ကုန်မြို့‌တော်ဝန်‌ဟောင်း)က ချဉ်းကပ်‌ပြောဆိုမှုများရှိ‌ကြောင်း ကြားသိရသည်။

သို့ဖြစ်ပါ‌သော‌ကြောင့် ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ကရင်လူထုတစ်ရပ်လုံး၏ ယုံကြည်‌ထောက်ခံမှုများကို ရယူလိုလျှင် သ‌ဘောထားကြီး စွာ၊ သတိကြီးစွာဖြင့် ဆုံးဖြတ်ရပ်တည် လုပ်‌ဆောင်သင့်‌ကြောင်း ကရင်လူထုမှ ‌ပြောဆို‌ဝေဖန် သုံးသပ်လျက်ရှိ‌ကြောင်း သိရှိရသည်။
အယ်ဂလယ်မူး@EGM