Home သတင်း ကချင်ဒုက္ခသည်ကို ‌ဒေါ်စုက ကျပ်သိန်း ၁၀ဝ လှူမည်

ကချင်ဒုက္ခသည်ကို ‌ဒေါ်စုက ကျပ်သိန်း ၁၀ဝ လှူမည်

2866
‌ဖေ‌ဖော်ဝါရီလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာအစိုးရ စစ်တပ်နှင့် ကချင်လွတ်‌မြောက်‌ရေး အဖွဲ့-KIA တို့၏ တိုက်ပွဲ‌ကြောင့် ရွာစွန့်ထွက်‌ပြေး တိမ်း‌ရှောင်‌နေရသည့် ကချင်ဒုက္ခ သည်များအတွက် ရည်ရွယ်၍ မြန်မာ့ဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင် ဆန်းစုကြည်က ကျပ်‌ငွေသိန်း ၁၀ဝ လှူဒါန်းမည်ဟု သိရသည်။

NLD ၏ ‌ပြောခွင့်ရ ဦးဉာဏ်ဝင်းက “‌ဒေါ်စု လှူတဲ့‌ငွေကို သွား‌ပေးဖို့ မန္တ‌လေးက NLD အဖွဲ့ဝင်ဖြစ်တဲ့ ‌ဒေါ်ဝင်းမြမြ က ဦး‌ဆောင်ပြီး အဖွဲ့ တစ်ချို့နဲ့ ဒီ‌နေ့ ကချင်ပြည်နယ်ဘက်ကို ထွက်သွားပြီ။ ရန်ကုန်မှာက‌တော့ ပိုက်ဆံ၊ ပစ္စည်း‌တွေနဲ့ အ‌နွေးထည်‌တွေ၊ ‌စောင်‌တွေနဲ့ ထည့်‌ပေး လိုက်တယ်။ မန္တ‌လေးက‌တော့ ဘာပါသွားလဲ မသိဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် ကချင်ပြည်နယ်၏ မည်သည့်မြို့နယ်တွင် သွား‌ရောက်ကူညီရန် ၎င်းတို့အ‌နေဖြင့် ‌နေရာအတိအကျ မသိရ‌သေး‌ကြောင်း၊ ခရီးစဉ် နှင့် ပတ်သက်၍ ကြာမြင့်မည့်ရက်ကို မ‌ပြောနိုင်‌သေး‌ကြောင်း သူက ဆက်‌ပြောသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် ယခုလ ၂၃ရက်နှင့် ၂၄ရက်‌နေ့တွင် ကချင်ပြည်နယ် မိုး‌ကောင်းမြို့နယ်ရှိ နန့်တီး‌ကျေးရွာတွင် နိုင်ငံ‌ရေး ‌ဟော‌ပြောပွဲ ကျင်းပရန် အစီအစဉ်လည်း ရှိသည်။

“အခု ‌ဒေါ်စုလှူတဲ့‌ငွေဟာ သူ့ခရီးစဉ်နဲ့‌တော့ ဘာမှ မပတ်သက်ဘူး။ စစ်‌ဘေးဒဏ်‌ကြောင့် ဒုက္ခ‌ရောက်‌နေတဲ့ ကချင်ဒုက္ခသည်‌တွေကို ကူညီတာ သက်သက်ပါ။”ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

KIA သည် မြန်မာအစိုးရနှင့် ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုရရှိပြီး‌နောက် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဇွန်လတွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား‌သော‌ကြောင့် လက်ရှိ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်တ‌လျှောက်တွင် ကချင်ဒုက္ခသည် ‌လေး ‌သောင်းခွဲဝန်းကျင် ခိုလှုံ‌နေထိုင်‌နေရ‌ကြောင်း ကချင်ဒုက္ခသည်များ‌ကော်မတီထံမှ သိရသည်။

တရုတ်နိုင်ငံဘက်တွင် ကချင်ဒုက္ခသည်စခန်း ၁၉ခုနှင့် ကချင်ပြည်နယ်အတွင်ရှိ လိုင်ဇာ၊ မန်စီ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ ‌ဒေါ့ဖုယန်၊ ဝိုင်း ‌မော်နှင့် မန်ဝင်းကြီးမြို့နယ်များတွင် ဒုက္ခသည်စခန်း‌ပေါင်း ၄၀‌ကျော်ရှိသည်ဟုလည်း ၎င်းအဖွဲ့က ဆိုသည်။