Home သတင်း KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ အစိုးရနှင့် ‌တွေ့မည်

KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ အစိုးရနှင့် ‌တွေ့မည်

2928
ဇန်နဝါရီလ ၃၁ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ဗိုလ်ချုပ်ထင်‌မောင် ဦးစီးသည့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီက အစိုးရ ငြိမ်းချမ်း‌ဖော်‌ဆောင်‌ရေး အဖွဲ့ဝင်တချို့နှင့် ငြိမ်း ချမ်း‌ရေး စကား‌ပြောရန် လာမည့် ‌ဖေ‌ဖော်ဝါရီလ ၇ရက်‌နေ့တွင် ရန်ကုန်မြို့၌ ‌တွေ့ဆုံ‌ဆွေး‌နွေးမည်ဖြစ်သည်။

KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ၏ ‌ပြောခွင့်ရ ဗိုလ်မှူးချုပ်တီမသီက “အစိုးရဘက်က ကျ‌နော်တို့ KNU/KNLA Peace Council နဲ့ ‌တွေ့ဖို့ ကမ်းလှမ်းလာတယ်။ ဦးခင်စိုး (အစိုးရ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး ‌ကော်မတီအဖွဲ့ဝင်) က‌နေ တဆင့်လာ တယ်။ ရန်ကုန်မှာ ‌တွေ့ဖို့များတယ်။ ကျ‌နော်တို့ဘက်ကလည်း ကြိုတင်ပြင်မှု‌တွေ လုပ်ထားပါတယ်။”ဟု ‌ပြောသည်။

၎င်းခရီးစဉ်အရ လာမည့် ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့ ည‌နေတွင် ဘားအံမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ၆ရက်‌နေ့တွင် ရန်ကုန်မြို့သို့ ဆက်လက် ခရီးထွက်ကာ (၇)ရက်‌နေ့တွင် အစိုးရ ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်တို့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးကြမည်ဟု သိရသည်။

အစိုးရနှင့် သွား‌ရောက်‌ဆွေး‌နွေးမည့်အထဲတွင် ဗိုလ်ချုပ်ထင်‌မောင် အပါအဝင် ဗိုလ်ချုပ်‌ထော့‌လေး၊ ဗိုလ်ချုပ်ရင်နု၊ ဗိုလ်ချုပ်‌နော် က‌ပေါ်ထူး၊ ဗိုလ်မှူးချုပ်တီမ‌သေတို့ ပါဝင်ပြီး လက်မှတ်‌ရေးထိုးရန် အဓိက ‌ဆွေး‌နွေးမည်မဟုတ်ဘဲ အစိုးရအ‌နေဖြင့် လက်‌တွေ့ အ‌ကောင်အထည်‌ဖော်‌ဆောင်‌ရေး၊ စစ်‌ရေးနှင့် နိုင်ငံ‌ရေး အပါအဝင် အ‌သေးစိတ် အချက်‌ပေါင်း (၁၂)ချက် ‌ဆွေး‌နွေးသွားမည်ဟု သူက ဆိုသည်။

“(၁)က စားပွဲ‌ပေါ်မှာ ‌ပြောဆိုတာမဟုတ်ဘဲ လက်‌တွေ့အ‌ကောင်အထည်‌ဖော်‌ဆောင်‌ရေး ‌ဆွေး‌နွေးမယ်။ (၂)စစ်‌ရေးနဲ့ ပတ် သက်ပြီး ‌ဆွေး‌နွေးမယ်။ နိုင်ငံ‌ရေး ‌ဆွေး‌နွေးမယ်။ ဒါက အကြမ်းဖျင်းပဲ အ‌သေးစိတ် အ‌ကြောင်းအရာ‌တွေက‌တော့ အများကြီး ရှိ ပါ‌သေးတယ်။ အဲဒါ‌တွေအကုန်လုံး အဆင်‌ပြေမှသာ လက်မှတ်ထိုး‌ရေးကို စဉ်းစားမယ်”ဟု ဗိုလ်မှူးချုပ်တီမသီက ‌ပြောသည်။

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီအ‌နေဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ကဲ့သို့ အစိုးရနှင့် လက်မှတ်‌ရေးထိုးပြီး အစိုးရစစ်တပ် ဘက်မှ ‌ကေအဲန်ယူနယ်‌မြေအတွင်း တပ်အင်အားတိုးချဲ့ခြင်း၊ စစ်ရိက္ခာများ ပို့‌ဆောင်ခြင်း စသည့်လုပ်‌ဆောင်မှုမျိုး မလိုလား ‌ကြောင်း ‌ပြောသည်။

ထို့အပြင် ၎င်းတို့အဖွဲ့သည် အစိုးရကိုယ်စားလှယ်များနှင့် ‌တွေ့ဆုံမှုအပြီးတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် ရန်ကုန်မြို့ရှိ နိုင်ငံတကာမှ သံအမတ်တချို့နှင့်လည်း ‌တွေ့ဆုံရန် ‌မျှော်လင့်ထားသည်ဟု သိရသည်။

KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီသည် အစိုးရနှင့် ငြိမ်းချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးရာတွင် ‌ကေအဲန်ယူ အပါအဝင် ပြည်တွင်း ပြည်ပရှိ ကရင်ပြည်သူများ၏ အကြံ‌ပေးချက်များကို ဖိတ်‌ခေါ်ထားသည်ဟု ဆိုသည်။

KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့ကို ဗိုလ်ချုပ်ထင်‌မောင် ဦး‌ဆောင်၍ လွန်ခဲ့သည့် ၂၀၀၇ခုနှစ်က KNUမှ ခွဲထွက်ကာ နအဖစစ်အစိုးရနှင့် လက်မှတ်‌ရေးထိုးထားခြင်းမရှိဘဲ ငြိမ်းချမ်း‌ရေးရယူခဲ့သည်။ ပြီးခဲ့သည့်၂၀၁ဝခုနှစ် ဩဂုတ်လတွင် အစိုးရ၏ နယ်ခြား‌စောင့်တပ် ဖွဲ့စည်း‌ရေးအစီအစဉ်ကို ငြင်းဆန်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ သစ်တက်လာသည့်‌နောက်ပိုင်း ယခု ‌တွေ့ဆုံမှုတွင် ပထမဦးဆုံးအကြိမ်ဖြစ်သည်။