Home သတင်း KNU ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ် အဖွဲ့ ရှင်းလင်းပွဲပြုလုပ်

KNU ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ် အဖွဲ့ ရှင်းလင်းပွဲပြုလုပ်

2006
ဇန်နဝါရီလ ၁၇ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် ‌တွေ့ဆုံခဲ့ပြီး ပြန်လည်‌ရောက်ရှိလာသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်တွင်းငြိမ်းချမ်း‌ရေး ကိုယ် စားလှယ်အဖွဲ့သည် အစိုးရနှင့် ‌တွေ့ဆုံ ‌ဆွေး‌နွေးခဲ့သည့်ကိစ္စရပ်များကို ဗဟို‌ကော်မတီဝင်များထံသို့ ယမန်‌နေ့က တင်ပြရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။

KNU အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “ခရီးစဉ်တစ်‌လျှောက်လုံးနဲ့ပတ်သက်ပြီး EC ကို ပြန်လည် တင်ပြတယ်။ ‌နောက်ပြီး ဆက်လက် ‌ဆွေး‌နွေး‌ရေးအတွက် အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးထားတဲ့ ကိစ္စကိုလည်း ပြန်လည်ချပြရှင်းလင်းမှု‌တွေ လုပ်တာပါ။”ဟု ‌ပြောသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်များ ပါဝင်သည့် ၁၉ဦးအဖွဲ့သည် ဇန်န ဝါရီလ ၁၁ရက်‌နေ့က စတင်ခဲ့သည့် ၅ရက်ကြာ ခရီးစဉ်တွင် ရထားဝန်ကြီး ဦး‌အောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦး‌ဇော်မင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ တနသင်္ာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ နယ်စပ်လုံခြုံ‌ရေးဝန်ကြီးများအပြင် ဒုသမ္မတ စိုင်း‌မောက်ခမ်းနှင့်လည်း ‌တွေ့ဆုံခဲ့ ပြီး ဇန်နဝါရီလ ၁၅ရက်‌နေ့ည‌နေတွင် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်‌ရောက်ရှိလာခဲ့သည်။

အစိုးရနှင့် သွား‌ရောက်‌တွေ့ဆုံမှုတွင် ‌ဆွေး‌နွေးရန်အဆင့်သာ ခွင့်ပြုထားပြီး လက်မှတ်‌ရေးထိုးရန် မပါဝင်‌သော‌ကြောင့် မကြာမီ ပြုလုပ်မည့် အမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးတွင် KNU ဗဟို‌ကော်မတီအတွင်း ‌ဆွေး‌နွေးသွားမည်ဟု ‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

ယခုလ ၁၂ရက်‌နေ့က KNU ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ၏ မီးရထားဝန်ကြီး ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် အပစ်အခတ် ရပ်စဲရန်၊ ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံ လုံး သွားလာရန်နှင့် ကျန်အဆင့်များကို ဆက်လက်‌ဆွေး‌နွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမ သ‌ဘောတူညီခဲ့ကြသည်။

အဆိုပါ သ‌ဘောတူညီချက်အရ အ‌သေးစိတ် အချက်အလက်များကို ၄၅ရက်အ‌တောအတွင်း ဆက်လက် ‌ဆွေး‌နွေးရန်ရှိပြီး လာမည့် ဗဟို‌ကော်မတီ အစည်းအ‌ဝေးတွင် ထိုကိစ္စရပ်များကို ‌ဆွေး‌နွေးသွားမည်ဟုလည်း KNU က ‌ပြောသည်။

အစိုးရနှင့် KNU အပစ်ခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးမှုအ‌ပေါ် မဟာမိတ်နှင့် အခြားတိုင်းရင်းသား အဖွဲ့အစည်းများမှ ‌ဝေဖန်မှု များ မရှိ‌သော်လည်း ပြည်တွင်းပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းတချို့က ‌ထောက်ပြ‌ဝေဖန်မှုများ ပြုလုပ်လာခဲ့ကြသည်။

မြန်မာအစိုးရ အဆက်ဆက်ကို ၁၉၄၉ခုနှစ်မှစ၍ ခုခံ‌တော်လှန်ခဲ့သည့် KNU သည် မြန်မာအစိုးရနှင့် တရားဝင် ၆ကြိမ် ‌တွေ့ဆုံ ခဲ့ပြီး‌နောက် ပထမဦးဆုံးအကြိမ်အဖြစ် ပဏာမ သ‌ဘောတူညီချက် လက်မှတ်‌ရေးထိုးခဲ့‌သော်လည်း ထိုကိစ္စအ‌ပေါ် ကရင်လူထု အတွင်း ‌ဝေဖန်မှုများ အမျိုးမျိုး ထွက်‌ပေါ်လျှက်ရှိသည်။