Home လူထုအသံ ပေးစာကဏ္ဍ Karen Peace Committee – KPC

Karen Peace Committee – KPC

474

နှုတ်ခွန်းဆက်သ၀ဏ်လွှာ

မြန်မာကောဇာသက္ကရာဇ် – ၁၃၇၃ ခုနှစ်၊ ပြာသိုလဆုတ် (၄)ရက်၊ (ကြာသပတေး)နေ့
ခရစ်နှစ် – ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၁၂)ရက်၊ (ကြာသပတေး)နေ့
ညနေ – (၃ : ၀၀) နာရီ
နေရာ – ဟိုတယ် – ဇွဲကပင်

နိဒါန်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၇)ရပ်ကွက်ရှိ (ဟိုတယ် – ဇွဲကပင်) ခမ်းမဆောင် အတွင်း၌ ဆုံဆည်းခွင့်ရသော ကေအင်န်ယူအဖွဲ့အစည်းတို့အား မင်္ဂလာရှိသော ယခုလို ငြိမ်းချမ်းရေးအကြို မင်္ဂလာဆုံဆည်း ခွင့် အချိန်အခါတွင် ဆုံဆည်းခွင့်ပြုသော သက်ဆိုင်ရာ တာဝန်ရှိသော ပုဂ္ဂိုလ်များအားလုံးတို့ကို အထူးပဲ ကျေးဇူးတင်ပါသည်။ ကေအင်န်ယူ အဖွဲ့အစည်းအပေါင်းတို့ကိုလည်း များစွာ ကျေးဇူးတင်ပါသည်။

ပဏာမ
ယနေ့ အချိန်အခါကာလသည်
အမျိုးသားနိုင်ငံရေးကို သမိုင်းပေးတာဝန်အရ ဆောင်ရွက်ကြရတော့မည် ဖြစ်ပေသည်။
ထိုသို့  ဆောင်ရွက်ရာ၌ –
(က) ယုံမှားမှုကင်းသော (အမောဟ)
(ခ) အလိုကြီးမှုကင်းသော (အလောဘ)
(ဂ) အမုန်းကင်းသော (အဒေါသ)

ကောင်းမှုတို့၏ ရေသောက်မြစ်သုံးသွယ် (ကုသလမူလ) တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်သော အချိန်အခါတွင် ပဋိပက္ခ အပေါ်ကို ဗဟိုထား၍
(၁) မသိနားမလည်မှု
(၂) လက်တွေ့အမှန်ကို နားမလည်မှု
(၃) ရောထွေးမှု
(၄) အမြင်ကျဉ်းမှု
(၅) အတ္တကြီးမှုများ ရှောင်ရှားနိုင်ကြပြီး ထာဝရငြိမ်းချမ်းရေးသို့ တည်ဆောက်နိုင်ရန် လူသားအားလုံး မျှော်လင့်သော ကောင်း မြတ်သော ငြိမ်းချမ်းရေးစံနှုန်းများအား အကောင်အထည် ဖော်ဆောင်နိုင်ပါစေရန် ပဏာမ တိုက်တွန်းအပ်ပါသည်။

ဘက်စုံပါဝင်မှု ဤနေရာ၌ ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆောင်ရွက်ရာတွင် –
(၁) ဆိုးဝါးသော အန္တရာယ်များ မတည်ငြိမ်သော အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းကြရန်
(၂) ပဋိပက္ခဖြစ်စဉ်အတွင်း တင်းမာမှု သို့ မဟုတ် အကြမ်းဖက်မှုများ ရှောင်ရှားကြရန်
(၃) အပြန်အလှန် ဆက်ဆံရေးပြုသော ရည်ညွှန်းပြောဆိုကြသည့် စကားရပ်များကို စံနှုန်းထားနိုင်သော ငြိမ်းချမ်းရေးစကား များ ဆိုပြောကြရန်
(၄) ငြိမ်းချမ်းရေး ဖော်ဆောင်မှု အချိန်ကာလအတွင်း
(က) ယဉ်ကျေးမှုဓလေ့
(ခ) ကင်းလွတ်ခွင့်ဓလေ့
(ဂ) ငြိမ်းချမ်းရေးဓလေ့များကို စိတ်နေသဘောထားများ ထားရှိကြရန်
(၅) ဘက်လိုက်ခြင်း၊ တစ်ဖက်သို့ပါခြင်း၊ ယုံကြည်မှုကင်းမဲ့ခြင်းများ မထားကြရန် တိုက်တွန်းလူသည် ခြိမ်းခြောက်ခြင်းမှ ကင်း လွတ်ရမည်။ ခြောက်လှန့်ခြင်းမှ ကင်းလွတ်ရမည်။ ဤငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်တွင် အဓိက ယုံကြည်မှု(TRUST) ရှိနိုင် ကြရန်သာဖြစ်သည်။ တစ်ဦး၏အကျိုးကို တစ်ဦးက တန်ဖိုးထားနိုင်ကြခြင်းသည် ငြိမ်းချမ်းရေး အခွင့်အလမ်း ဖြစ်သည်။

နိဂုံး
ဒီမိုကရေစီ အခြေခံမူများတွင် –
(၁) ရပိုင်ခွင့်များ
(၂) အခွင့်အလမ်းများ
(၃) တန်းတူညီမျှမှုများအဖြစ် စံနှုန်းထားပါသည်။

ဤငြိမ်းချမ်းရေးသည်လည်း –
(၁) မရေမရာသော ငြိမ်းချမ်းရေးမဖြစ်အောင်
(၂) ကာလရှည်ကြာသည့် လူမှုရေး၊ နိုင်ငံရေး၊ ပဋိပက္ခများကို ဖြေရှင်း ဆောင်ရွက် ဆုံးဖြတ်သော ငြိမ်းချမ်းရေးဖြစ်အောင်
(၃) လူမျိုး၊ လူမျိုးရေးဝါဒ ပဋိပက္ခအတွက် တုံ့ပြန်ချက်ကင်းသော ငြိမ်းချမ်းရေး ဖြစ်အောင် ကိုယ်စီကိုယ်ငှ အကြင်နာတရား၊ မေတ္တာတရားထားကြပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီး နိုင်ငံတော်မြတ်ဖြစ်အောင် အားသွန်ကြိုးပမ်း ဆောင် ရွက် လုပ်ကိုင်နိုင်ကြပါစေရန် ကရင်ပြည်နယ် ငြိမ်းချမ်းရေးကြိုးပမ်းမှု ဦးဆောင်ကော်မတီ (KPC)မှ နှုတ်ခွန်းဆက်သ အပ်ပါသ တည်း။

ကရင်ပြည်နယ် ငြိမ်းချမ်းရေးကြိုးပမ်းမှု
ဦးဆောင်ကော်မတီ (KPC)