Home လူထုအသံ ပေးစာကဏ္ဍ ပြည်တွင်းကရင်လူထုမှ KNU ကို ပန်ကြားခြင်း

ပြည်တွင်းကရင်လူထုမှ KNU ကို ပန်ကြားခြင်း

1934

၁၂၊ ၁၊ ၂၀၁၂ရက် (ကြာသပ‌တေး‌နေ့) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၇) ဇွဲကပင်ဟိုတယ် ခမ်းမ၌

(က) အစိုးရဘက်မှ ထားရှိ‌သော ငြိမ်းချမ်း‌ရေးမူ ၄-ချက်နှင့်
(ခ) ‌ကေအဲန်ယူဘက်မှ ထားရှိ‌သော ‌တောင်းဆိုချက်မူ ၁၁-နှင့်ပါတ်သက်ပြီး

တစ်ကမ္ဘာလုံးရှိ ကရင်အမျိုးသားများ ငြိမ်းချမ်း‌ရေး ကြိုဆိုကြပါ‌သော်လည်း ထာဝရ စစ်မှန်‌သော ငြိမ်းချမ်း‌ရေး မရနိုင်‌ကြောင်း သုံးသပ်ပါသည်။

သုံးသပ်ချက်-
၁။ ‌ကေအဲန်ယူ၏ ‌တောင်းဆိုချက် ၁၁-ချက်သည် ကရင်တစ်မျိုးသားလုံး၏ အခွင့်အ‌ရေး အပြည့်အဝ မပါရှိခြင်း
၂။ ကရင်လူထုအတွက် အာမခံ‌သော ငြိမ်းချမ်း‌ရေးမဟုတ်ခြင်း
၃။ ငြိမ်းချမ်း‌ရေးပွဲစားများ‌ကြောင့် ‌ကေအဲန်ယူများ အစိတ်စိတ် အပိုင်းပိုင်း ကွဲပြားလာနိုင်ခြင်း စသည်တို့ကို ရှုမြင်‌တွေ့ရှိရပါသည်။

* သတိပြု‌စေ *
ထိုသို့ အလျင်အမြန် ‌ဆောင်ရွက်လုပ်ကိုင်‌သောကိစ္စ‌ကြောင့် ကရင်တစ်မျိုးသားလုံး (၆၃)နှစ်အတွင်း ခုခံအားထုတ်ခဲ့‌သော ‌တော်လှန်‌ရေးအတွက် အထူးအခွင့်အ‌ရေး ဆုံးရှုံးသွားပြီးဖြစ်‌ကြောင်း ‌ကေအဲန်ယူသို့ ပန်ကြားသိ‌စေအပ်ပါသည်။

(ပြည်တွင်းကရင်လူထုများ)