Home သတင်း ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၄သိန်းခန့် ‌နေရပ်ပြန်ပို့ခံရမည်

‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၄သိန်းခန့် ‌နေရပ်ပြန်ပို့ခံရမည်

1290
ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၂။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

လာမည့်လကုန်တွင် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ တရားမဝင်မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား ၄သိန်းခန့်ကိုထိုင်းအာဏာပိုင် များက ‌နေရပ်ပြန်ပို့‌တော့မည်ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက် အပါအဝင် တာ့ခ်ခရိုင် ၉မြို့နယ်အတွင်း အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား ၄သိန်းခန့်ကို လာမည့်လအကုန်တွင် ချွင်းချက်မရှိ ‌နေရပ်ပြန်၍ ယာယီနိုင်ငံကူးလက်မှတ် ပြန်လုပ်ကြရန်အတွက် ထိုင်းအလုပ်သမားရုံးက ယခုလဆန်းမှစ၍ အသိ‌ပေး ‌ကြေညာထားခြင်းဖြစ်သည်။

သတ်မှတ်ကာလအတွင်း ‌နေရပ်ပြန်ကာ ယာယီနိုင်ငံကူးလက်မှတ်ပြန်မ‌လျှောက်ဘဲ ဆက်လက် ‌နေထိုင်သူများကို တရားမဝင် ‌နေထိုင်မှုဖြင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးအ‌ရေးယူခြင်းကို ခံရမည်ဟုလည်း အသိ‌ပေးချက်တွင် ပါရှိသည်။

ထိုင်းတစ်နိုင်ငံလုံးတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ‌ရွှေ့‌ပြောင်းနိုင်ငံခြားသား အလုပ်သမားများအတွက် ပြုလုပ်‌ပေးသည့် တနှစ်သက်တမ်းရှိ အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်သက်တမ်းမှာ ယခုလ ၂ဝရက်‌နေ့နှင့် လာမည့်လ ၂၈ရက်‌နေ့များတွင် သက် တမ်း ကုန်ဆုံးမည်ဖြစ်ကာ ၎င်းလက်မှတ်များကို ထပ်မံ၍ သက်တမ်းတိုး‌ပေး‌တော့မည်မဟုတ်ဟု ထိုင်းအလုပ်သမားဝန်ကြီး ဌာနက ‌ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများသည် ‌နေရပ်ပြန်ပြီး ယာယီနိုင်ငံကူးလက်မှတ် ပြန်‌လျှောက်ပြီးမှသာလျှင် ထိုင်း နိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

တာ့ခ်ခရိုင်အတွင်းရိ ှမြန်မာအလုပ်သမား ၄သိန်းခန့်အနက် အလုပ်သမားမှတ်ပုံတင်ထားသူ အ‌ရေအတွက်မှာ ၄‌သောင်း‌ကျော် သာ ရှိသည်ဟု မဲ‌ဆောက်ရှိ ထိုင်းအလုပ်သမားရုံး၏ စာရင်းများအရ သိရသည်။ ထို့အပြင် ထိုင်းတစ်နိုင်ငံလုံးတွင် မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမား ၂သန်းခန့်ရှိသည့်အနက် ယာယီနိုင်ငံကူးလက်မှတ် ကိုင်‌ဆောင်သူ ၆သိန်း‌ကျော်ရှိသည်ဟု မြန်မာနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနများ၏ စာရင်းများအရ သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ယာယီနိုင်ငံကူးလက်မှတ် ထုတ်‌ပေး‌ရေးစခန်းများကို တာချီလိတ်၊ မြဝတီ၊ ‌ကော့‌သောင်း၊ ရ‌နောင်းတို့ တွင် ‌နေ့စဉ် ဖွင့်လှစ်ထားပြီး လက်မှတ်များ ထုတ်‌ပေးလျှက်ရှိကာ ယမန်နှစ် ဇူလိုင်လက စတင် ပိတ်ထားခဲ့သည့် မြဝတီ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်‌ပေး‌ရေးရုံးကို ယခုလ ၉ရက်‌နေ့က ပြန်လည် ဖွင့်လှစ်‌ပေးခဲ့သည်။

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့်မှတ်ပုံတင်သက် တမ်းကုန်ဆုံးမည့် ‌ရှေ့လကုန်တွင် မဲ‌ဆောက် အပါအဝင် တာ့ခ်ခရိုင်အတွင်း တရားမဝင်‌နေထိုင်သူများကို ဖမ်းဆီးအ‌ရေးယူမည့် အထူးစစ်ဆင်‌ရေးတရပ် ရှိသည် ဟု မြန်မာအလုပ်သမားများအ‌ရေး ‌ဆောင်ရွက်‌နေသည့် မဲ‌ဆောက်အ‌ခြေစိုက် မြန်မာအလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသည့် အဖွဲ့များက ‌ပြောသည်။

အဆိုပါ အထူးစစ်ဆင်‌ရေးတွင် တရားမဝင်အလုပ်သမားများအပြင် အလုပ်ရှင်ကိုလည်း ဖမ်းဆီးအ‌ရေးယူမှုများ ပြုလုပ်မည်ဟု မဲ‌ဆောက်အ‌ခြေစိုက် မြန်မာ့အလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသည့် JACBA အဖွဲ့ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

၎င်းက “လာမဲ့လကုန်ရင်‌တော့ အဖမ်းအဆီး စစ်ဆင်‌ရေးက‌တော့ ‌သေချာသွားပြီး။ ထိုင်းအာဏာပိုင်‌တွေဘက်က‌တော့ မြန်မာ အလုပ်သမား‌တွေကို ယာယီနိုင်ငံကူးလက်မှတ် ပြန်‌လျှောက်ကြဘို့အတွက် ဖိအား‌တွေစလာပြီး ဒီတ‌ခေါက်က အလုပ်သမား၊ အလုပ်ရှင်အားလုံးကို ဖမ်းမယ်လို့‌ပြောတယ်။”ဟု ဆိုသည်။

မြန်မာအလုပ်သမားများအတွက် ယခုလ ၉ရက်‌နေ့မှစတင်ကာ မြဝတီစခန်းမှ ထုတ်‌ပေးသည့် ယာယီနို်င်ငံကူးလက်မှတ်သည် ၆နှစ်သက်တမ်းရှိပြီး ၎င်းလက်မှတ်သည် ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ပိုင်ခွင့်နှင့် အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်များ အပြည့်အဝ ရရှိမည်ဟု မြန်မာအလုပ်သမားဝန်ကြီးဌာနက ‌ပြောသည်။

ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ် ကိုင်‌ဆောင်သူများသည် ၃နှစ်စာ ဗီဇာ‌ကြေးအတွက် ကုန်ကျမည့် ထိုင်းဘတ်‌ငွေ ၄၅ဝကို ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့ရှိ မြန်မာသံရုံးတွင် ‌ပေး‌ဆောင်ရမည်ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၄သိန်းအနက် ၂သိန်းခန့်မှာ မဲ‌ဆောက်မြို့နယ်ရှိ အလုပ်ရုံစက်ရုံများနှင့် စိုက်ပျိုး‌ရေးလုပ်ငန်း၊ ‌ဆောက်လုပ်‌ရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်‌နေကြသူများ ဖြစ်သည်။