Home သတင်း ‌တောင်ငူ‌ဒေသခံများကို အစိုးရတပ်မှ ‌နေ့စဉ် အဓမ္မလုပ်အားခိုင်း‌စေ

‌တောင်ငူ‌ဒေသခံများကို အစိုးရတပ်မှ ‌နေ့စဉ် အဓမ္မလုပ်အားခိုင်း‌စေ

1555
ဇန်နဝါရီလ ၅ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့်၊ ‌စောဖိုးမူး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်များသည် တပ်ရိက္ခာအတွက် ‌ဒေ သခံရွာသားများအား ‌နေ့စဉ် အလှည့်ကျစနစ်ဖြင့် အတင်းအဓမ္မ လုပ်အားခိုင်း‌စေလျှက်ရှိသည် ဟု ‌ဒေသခံများက ‌ပြောသည်။

ထန်းတပင်မြို့နယ်၊ ‌ရေသိုးကြီး‌ဒေသတွင် လှုပ်ရှား‌နေသည့် အစိုးရတပ် စစ်ကွပ်ကဲ‌ရေးဋ္ဌာနချုပ်-စကခ(၉) လက်‌အောက်ခံ ခမရတပ်ရင်းများဖြစ်သည့် (၃၇၆)၊ (၅၄၁)၊ (၅၄၀)နှင့် (၃၈၀)တို့သည် ယမန်နှစ် နိုဝင်ဘာလမှစ၍ ယခုအချိန်ထိ ‌ဒေသခံရွာ သားများအား ‌နေ့စဉ် တပ်ပစ္စည်းများကို သယ်‌ဆောင်ရန် ခိုင်း‌စေလျှက်ရှိသည်ဟု ‌ဒေသခံရွာသားတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “တစ်ရက်ကို ဆိုင်ကယ် ၁ဝစီး ‌ရေသိုးကြီး‌ကျေးရွာက‌နေ ‌မောင်းတိုင်ကြီးစခန်းအထိ အနည်းဆုံး သွား‌နေရတယ်။ ‌မြေထိုးတဲ့ကား‌တွေ‌နောက် လိုက်တာ။ လုံခြုံ‌ရေးယူ‌ပေးတဲ့ စစ်သား‌တွေရဲ့ရိက္ခာ ဆန်၊ ငါးပိ၊ ပဲ၊ သကြား၊ နို့ဆီ‌တွေနဲ့ တပ်အသုံး အ‌ဆောင်‌တွေကို သယ်‌ပေးရတာ။”ဟု ‌ပြောသည်။

ထိုသို့ခိုင်း‌စေရာတွင် များ‌သောအားဖြင့် ဆိုင်ကယ်ရှိသူများကို ‌ခေါ်ယူခိုင်း‌စေခြင်းဖြစ်‌သော်လည်း ဆိုင်ကယ်မရှိသည့် အချို့‌ဒေ သခံများမှာ လူကိုယ်တိုင် သွား‌ပေးရသည်ဟု သိရသည်။

ယင်းသို့ ခိုင်း‌စေမှုကို မသွားပါက ရွာသားများ၏ စားဝတ်‌နေ‌ရေးအတွက် အဓိကကျသည့် ‌ရေသိုးကြီး၊ ‌ဘောဂလိ ‌တောင်ငူသို့ သွားသည့် ကားလမ်းမကြီးကို ပိတ်ပစ်မည်ဟု ၎င်းအစိုးရစစ်တပ်များက ခြိမ်း‌ခြောက်မှုများ လုပ်‌ဆောင်ခြင်း‌ကြောင့် ရွာသားများ မှာ ဆန္ဒမရှိ‌သော်လည်း သွား‌နေရခြင်းဖြစ်သည်ဟု သူက ဆက်‌ပြောသည်။

‌ဒေသခံရွာသားများသည် အစိုးရစစ်တပ်အတွက် ယင်းသို့ ‌နေ့စဉ် လုပ်‌ဆောင်‌ပေး‌နေရသဖြင့် မိမိတို့၏လုပ်ငန်းများကို မလုပ် ကိုင်အားသလို သွားရသည့်ခရီးလမ်းက ကြမ်းတမ်း‌သော‌ကြောင့် ဆိုင်ကယ်တိမ်း‌မှောက်နိုင်သဖြင့် အသက်အန္တရာယ်လည်း စိုး ရိမ်ရ‌ကြောင်း ‌ပြောဆို‌နေကြသည်။

မြန်မာအစိုးရမှ ကရင်အမျိုးသားအစည်းအရုံး(KNU)အား ငြိမ်းချမ်း‌ရေးစကား‌ပြောရန် ဖိတ်‌ခေါ်မှုများ ပြုလုပ်‌နေချိန်တွင် တစ် ဖက်က လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ကျူးလွန်‌နေသည့်အ‌ပေါ် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG) ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌စော အဲလ်ဘတ်က ယခုလို သုံးသပ်သည်။

“အစိုးရနဲ့ ‌ကေအဲန်ယူ ‌တွေ့ဆုံမှုမှာ ခိုင်မာတဲ့ နှစ်ဖက်သ‌ဘောတူညီချက်ရယူပြီး လက်မှတ်‌ရေးထိုးမှသာလျှင် လက်ရှိ ဖြစ်ပျက် ‌နေတဲ့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေ ရပ်တန့်နိုင်မှာ ဖြစ်တယ်။ အရင်ကလို ‌တွေ့ဆုံမှုသာ လုပ်ပြီး သ‌ဘောတူညီချက် တစုံ တရာ မလုပ်ဘူးဆိုလို့ရှိရင် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုက‌တော့ ဆက်ဖြစ်‌နေအုံးမှာပဲ။”ဟု ‌စောအဲလ်ဘတ်က ‌ပြောသည်။

အစိုးရစစ်တပ်၏ လုပ်အားခိုင်း‌စေခြင်းခံရသည့် ရွာများမှာ ‌ရေသိုးကြီး၊ ‌ဘောဂလိ၊ သစ်‌စေး‌တောင် စသည့်‌ကျေးရွာများ အပါအ ဝင် ရွာ‌ပေါင်း ၁၂ရွာ‌ကျော်ရှိပြီး လူဦး‌ရေမှာ ၅,၀၀၀‌ကျော်ရှိသည်ဟု နယ်‌မြေခံ ‌ကေအဲန်ယူ၏ ‌ပြောပြချက်အရ သိရသည်။

ထို့အပြင် ယခင်လ ၂၄ရက်‌နေ့ကလည်း ခမရ(၅၄၀)တပ်ရင်းသည် ‌ရေသိုးကြီး‌ဒေသရှိ ခူ‌လောင်ရွာသား ‌စောကိုမြ ၃၁နှစ်အား အ‌ကြောင်းမဲ့ ပစ်သတ်ခဲ့‌သေးသည်။