Home သတင်း အစိုးရ၏ ပညာ‌ရေးစီမံမှု အား နည်း‌ကြောင်း ပ‌လောင်‌ကျောင်း သားလူငယ်များ ‌ပြောဆို

အစိုးရ၏ ပညာ‌ရေးစီမံမှု အား နည်း‌ကြောင်း ပ‌လောင်‌ကျောင်း သားလူငယ်များ ‌ပြောဆို

1578
ဇန်နဝါရီ ၉ရက်၊ ၂၀၁၂။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

ရှမ်းပြည်နယ်‌မြောက်ပိုင်းရှိ ပ‌လောင်လူမျိုးများ ပညာ‌ရေးဖွံ့ဖြိုးမှုအားနည်းရခြင်းမှာ အစိုးရ၏ ပညာ‌ရေးဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်း‌ကြောင့် ဖြစ်သည် ဟု တအာင်းပ‌လောင်‌ကျောင်း သားနှင့်လူငယ်များ အစည်းအရုံး(TSYO)က ‌ပြောသည်။

ပညာ‌ရေးဖွံ့ဖြိုးမှုအားနည်းသည့် ရှမ်းပြည်‌မြောက်ပိုင်း နမ့်ဆမ်နှင့် မန်တုံ စသည့်ပ‌လောင်‌ဒေသများမှ ထူးချွန်ပ‌လောင်လူငယ် ၂ဝဦးကို ရန်ကုန်အ‌ခြေစိုက် ပုဂ္ဂလိက ပညာ‌ရေးသင်တန်း‌ကျောင်းတခုက လာမည့်မတ်လ ‌နွေရာသီ‌ကျောင်းပိတ်ရက်တွင် အခ မဲ့ ပညာသင်ဆု‌ပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ အဖွဲ့၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မိုင်း‌အောင်ကိုက ‌ပြောကြားခြင်းဖြစ်သည်။

၎င်းက “အခုလာမဲ့မတ်လမှာ Nelson English Language Centre (NELC) ပုဂ္ဂလိက ပညာ‌ရေးသင်တန်း‌ကျောင်းက‌နေ ပညာ‌ရေးအားနည်းတဲ့ပ‌လောင် လူငယ်‌တွေ နိုင်ငံတကာနဲ့ရင် ‌ဘောင်တန်းနိုင်ဘို့အတွက် ‌နွေရာသီသင်တန်းကို အခမဲ့ ပညာသင်ဆု ‌ပေးမယ်လို့ ‌ပြောပါတယ်။ ပ‌လောင်လူမျိုးတသန်း‌ကျော်‌နေထိုင်တဲ့ ပ‌လောင်‌ဒေသရဲ့ ပညာ‌ရေးဆိုင်ရာ တိုးတက်မြင့်မားလာဘို့ အတွက် တကယ် တာဝန်ရှိတာက လက်ရှိအစိုးရပဲ ဖြစ်တယ်။”ဟု ‌ပြောသည်။

ပ‌လောင်‌ဒေသရှိ လူငယ်များမှာ ‌ဒေသတွင်း စာသင်‌ကျောင်းများ အလုံအ‌လောက်မရှိမှုနှင့် အရည်အချင်းပြည့်မီသည့် ‌ကျောင်း ဆရာများမရှိသည့် အခက်အခဲများကို ဆယ်စုနှစ် ၂ခုနီးပါး ရင်ဆိုင်‌နေရသဖြင့် လူငယ်များ ပညာ‌ရေးကျဆင်းပြီး အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့်ထိသာ ပညာသင်ကြားနိုင်သည်ဟုလည်း ၎င်းက ဖြည့်စွက်‌ပြောကြားသည်။

ယမန်နှစ်က ထုတ်‌ဝေသည့် TSYO အဖွဲ့၏ ပ‌လောင်‌ဒေသ ပညာ‌ရေးချွတ်ခြုံကျမှုဆိုင်ရာ ပညာ‌ရေးအစီရင်ခံအရ ‌ကျောင်းတ ‌ကျောင်းတွင် ၂၀၀ဝခုနှစ်က ပညာကို စတင် သင်ကြားခဲ့သည့် ‌ကျောင်းသား‌ကျောင်းသူ ၁၇၂ဦးအနက် ၂၀၀၉ခု စာသင်နှစ်တွင် ‌ကျောင်းသား‌ကျောင်းသူ ၃ဦးခန့်သာ ဆယ်တန်းအထိ ပညာသင်ကြားနိုင်ခဲ့‌ကြောင်း သိရသည်။

နမ့်ဆမ်မြို့နယ်ရှိ နမ်လင်း‌ကျေးရွာအုပ်စုတွင် လက်ရှိ‌ကျောင်းသားဦး‌ရေ ၁,၀၀၀‌ကျော် ရှိ‌သော်လည်း တွဲဘက်အလယ်တန်း ‌ကျောင်းတ‌ကျောင်းသာရှိသဖြင့် ၂၀၀၉ခုနှစ်က ပညာ‌ရေးဝန်ကြီးဌာနကို အထက်တန်း‌ကျောင်း‌ဆောက်လုပ်ရန် တင်ပြထားခြင်း ကို ယ‌နေ့အထိ တစုံတရာ အ‌ကြောင်းပြန်ကြားချက်မရှိဟုလည်း ပ‌လောင်‌ဒေသခံတစ်ဦးက ‌ပြောသည်။

ပ‌လောင်‌ဒေသတွင် အစိုးရ‌ကျောင်းနှင့် ‌ဒေသခံ ကိုယ်ထူကိုယ်ထ‌ကျောင်းများဟူ၍ ‌ကျောင်းအမျိုးအစား ၂မျိုးရှိပြီး ‌ကျောင်း ဆရာများကို ဆရာအတတ်သင်‌ကျောင်းဆင်းမဟုတ်သူ ‌ဒေသတွင်းရှိ ဆယ် တန်းအထိသာ ‌ကျောင်း‌နေဘူးသူများကို ဆွဲခန့်အ ဖြစ် သင်ကြား‌ပေး‌စေခြင်းဖြစ်သည်ဟု TSYO ၏ ပညာ‌ရေးတာဝန်ခံ မိုင်း‌ဂေါင်းဒါင်းက ‌ပြောသည်။

ရှမ်းပြည်‌မြောက်ပိုင်း နမ့်ဆမ်၊ မန်တုန်၊ သီ‌ပေါ၊ ‌ကျောက်မဲ၊ နမ့်ခမ်း၊ နမ့်တူ၊ ကွတ်ခိုင်၊ မူဆယ်၊ မိုးမိတ်၊ မိုးကုတ် စသည့်ပ‌လောင် ‌ဒေသများတွင် မူလတန်း‌ကျောင်းမှာ အများစုဖြစ်ပြီး ‌ဒေသခံများ၏ ကိုယ်ထူကိုယ်ထ‌ကျောင်းမှာ ၆ဝနီးပါး အပါအဝင် ‌ကျောင်း ‌ပေါင်း ၂၀ဝခန့်ရှိသည်။ သို့‌သော်လည်း ‌ဒေသဆိုင်ရာ အထက်တန်း‌ကျောင်းများတွင် အရည်အချင်း ပြည့်မီသည့် ဆရာဆရာမ များ၊ သင်‌ထောက်ကူပစ္စည်းများ အလုံအ‌လောက်ထားရှိ‌ပေးရန် လိုအပ်သည်ဟု TSYO ၏ ပညာ‌ရေးအစီရင်ခံစာတွင် ‌ဖော်ပြ ထားသည်။

ယခုလို ပ‌လောင်‌ဒေသအတွင်း ပညာ‌ရေးဖွံ့ဖြိုးမှုအားနည်းရခြင်းမှာ အစိုးရတွင် အဓိက တာဝန်ရှိသကဲ့သို့ တအာင်းပ‌လောင်အ မျိုးသားများကိုကိုယ်စားပြုသည့် တအာင်းပ‌လောင်အမျိုးသားပါတီ TNP တွင်လည်း တာဝန်ရှိသည်ဟု TSYO က ဆိုသည်။ ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် TNP ပါတီမှ ပ‌လောင်ကိုယ်စားလှယ်များ အမျိုးသားလွတ်‌တော်တွင် ၃ဦး၊ ပြည်‌ထောင်စု လွှတ်‌တော်တွင် ၃ဦး၊ ပြည်သူ့လွတ်‌တော်ကိုယ်စားလှယ်များအဖြစ် ‌ရွေးချယ်ခံခဲ့ရ‌သော်လည်း ပ‌လောင်‌ဒေသပညာ‌ရေး လိုအပ် ချက်များကို လွှတ်‌တော်အစည်းအ‌ဝေးများတွင် ‌ဆွေး‌နွေးတင်ပြခြင်းမရှိဟု TSYO အဖွဲ့၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မိုင်း‌အောင် ကိုက ဆိုသည်။

ပညာ‌ရေးဖွံ့မှုအားနည်းသည့် ပ‌လောင်‌ဒေသမှ ထူးချွန်လူငယ် ၂ဝဦးကို ရန်ကုန်ရှိ သင်တန်း‌ကျောင်းတွင် ‌နွေရာသီ‌ကျောင်းပိတ် ရက်သင်တန်းအဖြစ် လာမည့်မတ်လ၌ အခမဲ့ ပညာသင်ဆုအဖြစ် English 4 Skills အပါအဝင်၊ Presentation Skill နှင့် Public Speaking Skill များကို သင်ကြား‌ပေးမည်ဟု NELC ပုဂ္ဂလိက ပညာ‌ရေးသင်တန်း‌ကျောင်းအုပ်ကြီး Nelson က ယ‌နေ့ထုတ် ပြည်တွင်းရှိ The Voice အပတ်စဉ်ဂျာနယ်တွင် ‌ပြောကြားထားသည်။