Home ဆောင်းပါး လိုက်‌တော်မူခဲ့ မ‌ပျောင်းနွဲ့နှင့်

လိုက်‌တော်မူခဲ့ မ‌ပျောင်းနွဲ့နှင့်

1941
M. ထက်‌ခေါင်

(၁)

ခါတိုင်းနှစ်‌တွေဆိုလျှင် ဒီအချိန်မှာ မိမိကိုယ်မိမိ အထူးတလည် ပြန်လည်‌ဝေဖန်သုံးသပ်မှု‌တွေ ကျ‌နော် လုပ်‌လေ့ရှိသည်။ ဖြတ် သန်းလာခဲ့သည့် တနှစ်တာကာလအတွင်း ဘာ‌တွေ ဘယ်‌လောက်လုပ်ခဲ့ပြီး ဘာ‌တွေ ဖြစ်လာသလဲ၊ ဘာ‌တွေ ပျက်သွားသလဲ၊ ဘာ့‌ကြောင့် ဘယ်လို ပျက်သွားရတာလဲ ဆိုသည်ကို ပြန်လည် ဆန်းစစ်တတ်သည်။ ဒီနှစ်‌တော့ လုပ်‌နေကျ ထုံးစံအတိုင်း မိမိ ဖြတ်သန်းခဲ့ရာ တနှစ်တာခရီးကို ပြန်လည် ‌စောင်းငဲ့ကြည့်‌နေရင်းမှာပင် မိမိကိုယ်‌ရေးကိုယ်တာ ကိစ္စ‌တွေထက် အ‌ရေးကြီး‌သော လက်ငင်း အ‌ခြေအ‌နေများကို ကျ‌နော် ‌တွေ့လာရသည်။ မိမိကိုယ်မိမိ အထူးအ‌ထွေ ပြန်လည်သုံးသပ်မှု မပြုနိုင်‌တော့‌ချေ။

အဓိက အ‌ရေးကြီးသည်မှာ ကချင်ပြည်နယ်အတွင်း ‌နေ့စဉ်ရက်ဆက် ဖြစ်ရှိ‌နေ‌သော တိုက်ပွဲများနှင့် ပတ်သက်၍ ဖြစ်သည်။ အ‌ရေခြုံ သမ္မတသိန်းစိန်က ဒီဇင်ဘာလ (၁၀)ရက်‌နေ့တွင် ကချင်ပြည်နယ်အတွင်း ဝင်‌ရောက် တိုက်ခိုက်‌နေ‌သော ၎င်းတို့တပ် များကို ကချင်တို့အား ထိုးစစ်မဆင်ရန်နှင့် ၎င်းတို့ကို လာတိုက်မှ ပြန်လည်ခုခံကာကွယ်ကြရန် အမိန့်ထုတ်ခဲ့သည်။ ထိုသို့ အမိန့်ထုတ်ခဲ့ပြီး‌နောက် တပ်အချို့ ပြန်ရုတ်သွားခဲ့‌သော်လည်း ‌နောက်ထပ် တပ်ရင်း တပ်မဟာ တပ်မများ ‌ရောက်ရှိလာကာ လက်နက်ကြီးများ၊ ဓာတုလက်နက်များဖြင့် တိုက်ခိုက်‌နေခဲ့သည်။ အပစ်အခတ်ရပ်ဆိုင်း‌ရေး၊ ငြိမ်းချမ်း‌ရေးစကားကို ကမ္ဘာ့လူထု ကြား‌ကောင်း‌အောင် အရပ်ဝတ်အ‌ရေခြုံသမ္မတက ‌ပြောခဲ့‌သော်လည်း ၎င်းတို့တပ်များမှာ တရက်တ‌လေမျှပင် တိုက်ခိုက်မှု ရပ် နားမသွား။ အထူးသဖြင့် ခရစ္စမတ်အကြို‌နေ့နှင့် ခရစ်စမတ်‌နေ့များတွင် အကြီးအကျယ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယခုထိတိုင် တိုက်ပွဲများ ပြင်းထန်‌နေဆဲ ရှိ‌သေးသည်။ ဤပွင့်လင်းရာသီအတွင်း တပ်မ တပ်ရင်း အများအပြားဖြင့် ‌ကေအိုင်‌အေကို အမျိုး တုန်း ‌ချေမှုန်း တိုက်ခိုက်သွားမည့် စစ်‌ရေးပြင်မှုများကိုလည်း အထင်အရှား ‌တွေ့‌နေရသည်။

တကယ်‌တော့ သမ္မတ၏အမိန့်ကို စစ်တပ်က မနာခံခြင်း မဟုတ်။ သမ္မတနှင့် စစ်တပ်တို့ သ‌ဘောထား မညီညွှတ်ကြခြင်းမ ဟုတ်။ အရပ်ဝတ်အ‌ရေခြုံ သမ္မတ‌ကော စစ်ဦးစီးချုပ်လုပ်‌နေသူပါ စစ်အုပ်စုဝင်များသာဖြစ်၍ ၎င်းတို့အားလုံးမှာ တကျိတ်တည်း တဉာဏ်တည်းပင် ဖြစ်သည်။ အားလုံး ‌လေးစားလိုက်နာကြရမည်ဟုဆိုထား‌သော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေတွင် စစ်တပ်နှင့် ပတ်သက်သမျှ ကိစ္စအဝဝကို စစ်ဦးစီးချုပ်သည် မိမိသ‌ဘောနှင့်မိမိ လုပ်‌ဆောင်နိုင်ခွင့်ရှိပြီး လိုအပ်လျှင် လိုအပ်သ လို အချိန်မ‌ရွေး နိုင်ငံ‌တော်အာဏာကို သိမ်းယူခွင့်လည်း ရှိ‌နေသည်။ စစ်တပ်က ကိုယ့်သ‌ဘောနှင့်ကိုယ် လုပ်နိုင်သလို သမ္မတ ကလည်း သူ့‌နေရာကသူ နာမည်‌ကောင်းယူနိုင်သ‌လောက်ယူကာ ပြည်သူလူထုနှင့် ကမ္ဘာကို နားလှည့်ပါးရိုက် လုပ်‌နေခြင်းသာ ဖြစ်၏။

(၂)

အင်တာနက် ‌ဆောင်းပါးများ ‌အောက်‌ခြေတွင် မိမိတို့၏ သ‌ဘောထားအမြင်များကို ‌ဝေဖန်ချက်‌ပေး‌နေသူ‌တွေ အများအပြားရှိ ‌သော်လည်း တကယ်တမ်း အနှစ်သာရရှိရှိ သမာသမတ်ကျကျ ‌ပြောဆို ‌ဝေဖန်ကြသူ‌တွေက‌တော့ သိပ်မရှိ။ များ‌သောအားဖြင့် ‌ဆောင်းပါးအ‌ပေါ် ‌ဝေဖန်သည်ထက်၊ ‌ဆောင်းပါးကို ‌ဝေဖန် ကြသူ‌တွေ အချင်းချင်း ပုတ်ခတ်ဆဲ‌ရေးတာ‌တွေက ပို၍များ‌နေ သည်။ အုပ်စုလိုက် အုံနှင့် ကျင်းနှင့် ဝိုင်းဖွဲ့ တိုက်ခိုက်ကြခြင်း ဖြစ်သည်။ အများစုမှာ စစ်အုပ်စု၏ အစီအစဉ်‌အောက် မီဒီယာကို် မီဒီယာဖြင့် ပြန်လည် ထိုးနှက် တိုက်ခိုက်‌နေ‌သော စစ်အုပ်စုအသုံးချခံ သူလျှိုဒလံများသာ ဖြစ်‌ကြောင်း ၎င်းတို့၏ အသုံးအနှုန်း များက သက်‌သေပြလျက်ရှိသည်။

၎င်းတို့သည် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို အဲန်အယ်လ်ဒီပါတီဝင်များထက်ပင် စွတ်ရွတ်‌ထောက်ခံပြ‌နေပြီး ‌ဒေါ်‌အောင်ဆန်းစု ကြည်အ‌ပေါ် အပြုသ‌ဘော‌ဝေဖန်‌ရေးသားမှု၊ တိုင်းပြည်‌ကောင်းကျိုးအတွက် ‌စေတနာ‌ရှေ့ထား သတိ‌ပေး ‌ရေးသားမှုများကို အမနာပ ဆဲ‌ရေးခြင်းများ၊ ထိကပါးရိကပါး အ‌ရေးအသားများဖြင့် ကြားဝင် တုံ့ပြန်တတ်ကြသည်။ ၎င်းတို့၏ အသုံးအနှုန်းများမှာ လည်း စစ်အုပ်စု၏သတင်းစာများအတွင်း ‌ရေး‌နေကြသူများ၏ ‌လေသံအတိုင်းပင် ဖြစ်‌လေသည်။

စစ်အုပ်စုနှင့် ပူး‌ပေါင်းကာ စစ်အုပ်စု အလိုကျ ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်သည့်အပြင် ကိုယ်တိုင်လည်း ‌ရွေး‌ကောက်ပွဲဝင် မည်ဟု ‌ကြေညာလိုက်‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်အား နှ‌မျောတသစွာ ‌စေတနာ‌ရှေ့ထား သတိ‌ပေး ‌ဝေဖန်‌နေကြသူများကို ယခင်က (မ‌ကျေနပ်ရင် ကိုယ့်လမ်းကိုယ်‌လျှောက်)ဟု ကြားဝင်‌ရေးသားခဲ့ပြီး ယခု‌နောက်ပိုင်းမှာ‌တော့ (ကဲ ခင်ဗျားတို့မှာ plan ရှိရင်ချပြပါ) ဟူ‌သော စကားလုံးများကို ကွန်မန့်‌ရေးသူ အများစုက သုံးနှုန်း‌နေသည်မှာ ယခင်နှစ်များအတွင်း စစ်အုပ်စု ထုတ် ‌ဝေ‌သော စာအုပ်များကို တင်‌ရောင်းရ‌သော စာအုပ်ဆိုင်များက စာအုပ်ဝယ်သူများကို (မဖတ်ကြည့်ရင် ဘာမှ မသိနိုင်ဘူး။ ဖတ် ကြည့်မှ ဘာ‌တွေဘယ်လိုဆိုတာ သိရတာ‌ပေါ့)ဟု ‌ပြော‌လေ့ရှိသလိုမျိုး အ‌ခြေခံဥပ‌ဒေကိစ္စ အငြင်းပွားရာတွင် (ဘာမှမရှိတာ ထက် တခုခုရှိတာက ပို‌ကောင်းတာ‌ပေါ့)ဟု ဆို‌လေ့ရှိ‌သော စကားမျိုးများလို စစ်အုပ်စုအလိုကျ ပင်ရင်းဌာနတစ်ခုတည်းက ဖြန့် ဖြူးလိုက်သည့် စကားများသာဖြစ်‌ကြောင်း ထင်ရှား‌နေ‌လေသည်။

(၃)

စစ်အုပ်စု၏ သူရဲ‌ဘော‌ကြောင်မှုကို ဇန္နဝါရီ ၂ရက်‌နေ့တွင် ‌ကြေညာ‌သော လွတ်ငြိမ်းချမ်းသာခွင့်၌ ‌တွေ့ရှိရသည်။ ‌သေဒဏ်ကို လွတ်ရက်မရှိ ‌ထောင်ဒဏ်၊ နှစ် ၃ဝအထက်ကို နှစ် ၃၀၊ နှစ် ၂ဝနှင့် နှစ် ၂၀‌အောက်ကို ပြစ်ဒဏ် ‌လေးပုံတစ်ပုံ‌လျှော့ စသည့် ‌ကြေညာချက်ဖြင့် ၃ရက်‌နေ့တွင် လွတ်လာ‌သော အကျဉ်းသားများထဲတွင် နိုင်ငံ‌ရေးအကျဉ်းသားဟု ဆိုနိုင်‌လောက်သူ နှစ်ဦး သုံးဦးမှလွဲ၍ အများ‌မျှော်လင့်‌နေ‌သော နိုင်ငံ‌ရေးအကျဉ်းသားများ မပါရှိ။

နိုင်ငံ‌ရေးသမားများ လွှတ်မည်ဟု ကမ္ဘာကို ကတိ‌ပေးခဲ့ပြီး ‌ဖောက်ဖျက်သည်မှာ အရှက်မရှိ လုပ်ရပ်သာ ဖြစ်၏။ ဇာဂနာ ‌ပြောသ လိုပင် နိုင်ငံ‌ရေးသမား‌တွေ ပြန်‌ပေးဆွဲခံ‌နေရခြင်း ဖြစ်သည်။ မင်းကိုနိုင်လို ခွန်ထွန်းဦးလို နိုင်ငံ‌ရေးသမား‌တွေကို လွှတ်‌ပေးနိုင် သည့်တိုင် ဘယ်‌သောအခါမျှ လွှတ်မည်မဟုတ်ဟုပင် ယူဆရသည်။ လူထုအ‌ပေါ် ‌စေတနာ‌ကောင်းထားရှိသူ၊ ထက်မြက်သူ များအား ၎င်းတို့ကြီးစိုး‌နေ‌သော လွှတ်‌တော်တွင် ပါဝင်ခွင့်‌ပေးလိုကြမည် မဟုတ်။

ကြားဖြတ်‌ရွေး‌ကောက်ပွဲကို ဧပြီ ၁ရက်‌နေ့ ကျင်းပမည်ဟု သတ်မှတ်လိုက်‌ကြောင်းလည်း ကြားသိရသည်။ ဗမာပြည်က လူထု ကိုသာမက ကမ္ဘာ့လူထုကိုပါ ကသိက‌အောက်ဖြစ်‌အောင် လုပ်လိုက်ခြင်း ဖြစ်၏။ ဧပြီ ၁ရက်‌နေ့မှာ ကမ္ဘာက သိမှတ်ထား‌သော အ‌လေ့အထတစ်ခု ရှိသည်။ ထို‌နေ့မှာ လုပ်သမျှ ‌ပြောသမျှတိုင်းကို အမှန်တကယ်ဟု မှတ်ယူ၍ မရ။ အချို့လုပ်ရပ်များက မှန် ကန်သည့်တိုင် အချို့လုပ်ရပ်များမှာ ‌နောက်‌ပြောင်တာ ဖြစ်ချင်ဖြစ်နိုင်သည်။ အတည်တကျ ယူ၍မရ။ ‌နောက်‌ပြောင်သူအ‌ပေါ် လည်း ‌ဗွေယူ၍ မရ။ တစုံတဦး၊ တစုတဖွဲ့အား ‌နောက်‌ပြောင်ကျီစယ်သည့် လုပ်ရပ်များကို ‌ပျော်စရာ ရယ်စရာအဖြစ် လုပ်တတ် သည့်‌နေ့ ဖြစ်၏။ အလကားစတာပါဟု ‌လျှောချတတ်‌သော အ‌ပျော်အပြက်‌နေ့တွင် ‌ရွေး‌ကောက်ခံရမည့် လွှတ်‌တော်ကိုယ်စား လှယ်များမှာ ‌ပြောသမျှ အရာမထင်နိုင်သည့် အလကား လွှတ်‌တော်ကိုယ်စားလှယ်များအဖြစ် ၎င်းတို့ အသိုင်းအဝိုင်းထဲ ‌ပြောင် ‌လှောင်စရာဖြစ်‌အောင် လုပ်လိုက်ခြင်းဟုပင် မှတ်ယူရ‌လေသည်။

‌ဒေါ်‌အောင်ဆန်းစုကြည် လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပြိုင်ပွဲများ၊ အဆို‌တော်များ ‌ဖြေ‌ဖျော်သည့် ‌ဈေး‌ရောင်းပွဲ၊ ပညာ‌ရေး ရံပုံ ‌ငွေရှာပွဲများဖြင့် လက်ခုပ်သံများအကြား ‌ကျေနပ်ပြုံး‌ပျော်‌နေစဉ် ကချင်‌ဒေသထဲ ‌သေနတ်သံညံမစဲ ဖြစ်လျက် ခိုကိုးရာမဲ့ ဒုက္ခ ‌ရောက် လူထုများ၊ က‌လေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၏ စိုးတထိတ်ဖြစ်ရမှုများနှင့် စစ်အုပ်စုခိုင်းသမျှ လိုက်လုပ်ရင်း အသက်ဆုံးပါးကြ‌သော စစ်ဗိုလ် စစ်သား မိသားစုများ၏ ‌ကြေကွဲပူ‌ဆွေးရမှုများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိ သည်။ ထိုကျူး‌ကျော်စစ်ကို လုံးဝ ရပ်ပစ်လိုက်ရန်မှာ နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်‌ရေးကိစ္စထက် ပို၍ အ‌ရေးကြီး သည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် ကချင်မှာ ဖြစ်‌နေသည့် စစ်ပွဲကို ချက်ချင်းရပ်ဆိုင်းပစ်ရန် ‌နေ့စဉ်‌ပြောစ ကားများအ တွင်း တ‌နေ့တကြိမ်‌လောက်‌တော့ အနည်းဆုံး ‌ပြောသင့်သည်။

လူထု‌ခေါင်း‌ဆောင်အ‌နေဖြင့် လယ်ယာခြံ‌မြေအသိမ်းခံရ‌သော ‌တောင်သူဦးကြီးများအတွက် ဘာတခုမျှ မ‌ဆောင်ရွက်‌ပေးနိုင်ဘဲ ‌နောက်မှ လုပ်ရမည့်ကိစ္စများထဲ အချိန်ဖြုန်း‌နေခိုက်မှာပင် စစ်အုပ်စုက မီတာခများ၊ တယ်လီဖုန်းခများ၊ လ္ဘက်ရည်ဆိုင် အခွန်အ တုပ်များ၊ ဓာတ်ဆီ‌ဈေးများ တိုးမြှင့်လာခဲ့သည်။ ၂၀၀၇ခုနှစ် မင်းကိုနိုင်တို့ ဖမ်းဆီးခံရ၊ နှစ်ရှည်‌ထောင်ဒဏ်များ ကျခံရသည်မှာ ထိုစဉ်က ဓာတ်ဆီ‌ဈေးတက်မှုအ‌ပေါ် လမ်း‌လျှောက် ဆန္ဒပြခဲ့၍ ဖြစ်သည်။ ယခု‌တော့ ဝန်ထမ်းများကို လုပ်ခလစာ‌တွေ တိုး‌ပေး မှု မရှိသည့်ကြားကပင် ဓာတ်ဆီ‌ဈေး‌တွေ ထပ်တက်လာပြန်‌ချေပြီ။ မီတာခ၊ ဖုန်းခ၊ ဓာတ်ဆီ‌ဈေးတက်မှုများ‌ကြောင့် အခြား ‌သော ကုန်‌ဈေးနှုန်း‌တွေပါ လိုက်တက်လာကြမည်ဖြစ်ရာ၊ စစ်အုပ်စုအ‌နေဖြင့် ‌တော်လှန်‌ရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်မမိ ‌သေး‌သော ‌အောက်‌ခြေလူထု၏ ဆန္ဒပြ အုံကြွမှုတခု အချိန်မတိုင်မီ ‌ပေါ်‌ပေါက်လာ‌စေရန်နှင့် ထို‌ပေါ်‌ပေါက်လာ‌သော အုံကြွမှုကို အင်အားသုံး နှိမ်နင်းလိုက်ခြင်းဖြင့် တကယ်တမ်း ကြီးမားကျယ်ပြန့်သည့် လူထုအုံကြွမှုကြီး မ‌ပေါ်‌ပေါက်‌စေရန် အကွက်ထွင် လိုက်ခြင်းဟုပင် မှတ်ယူရ‌လေသည်။

ထို့အပြင်လည်း လူထုအုံကြွမှုတခု ‌ပေါ်‌ပေါက်လာပါက စစ်တပ်မှ ထပ်မံ အာဏာသိမ်းမည်ဖြစ်ပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် သိန်းစိန်၊ သိန်းစိန်၏ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားများ ‌ဆွေး‌နွေးခဲ့သမျှမှာလည်း အုံကြွမှု ဒီ‌ရေနှင့်အတူ ‌မျောပါသွား ‌တော့မည် ဖြစ်၏။

(၄)

‌ကေအဲန်ယူက စစ်အုပ်စုနှင့် အပစ်အခတ်ရပ်ဆိုင်း‌ရေး ‌ဆွေး‌နွေး‌နေမှုအ‌ပေါ် ကရင်အမျိုးသားထု၏ အကြံဉာဏ်များကို ‌တောင်း ခံထားသည်။ ဇန္နဝါရီ ၁၂ရက်‌နေ့မှာ စစ်အုပ်စုနှင့် ထပ်မံ ‌ဆွေး‌နွေးဦးမှာ ဖြစ်။ စစ်အုပ်စုနှင့် ပူး‌ပေါင်းကာ စီးပွား‌ရေး အကွက်အ ကွင်း အကျိုးအမြတ် ရှာလိုသူတို့က အပစ်အခတ်ရပ်‌ရေးကို ‌ဇောင်း‌ပေး တိုက်တွန်းကြမည် ဖြစ်သည်။ တကယ်‌တော့ အပစ်အ ခတ်ရပ်ဆိုင်း‌ရေး ငြိမ်းချမ်း‌ရေးဆိုသည်မှာ ရန်စစ်ဖြစ်ပွား‌နေသူ အားလုံးပင် လိုချင်‌တောင့်တ ‌မျှော်လင့်‌နေကြ‌သောအရာ ဖြစ် ၏။ ဒါ‌ပေမဲ့ တဘက်နှင့်တဘက် ရိုးသားမှုရှိဖို့၊ သ‌ဘောထား ‌စေတနာ မှန်ကန်ဖို့ လိုအပ်သည်။ တဘက်နှင့်တဘက် အမှန်တ ကယ် ယုံကြည်မှု တည်‌ဆောက်နိုင်ဖို့ လိုအပ်သည်။ မိမိတို့အ‌နေဖြင့် အမျိုးသား ပြည်သူလူထု အကျိုး‌မြော်ကိုးလျက် ရိုးသားစွာ အပစ်အခတ်ရပ်ဆိုင်းလိုသည့်တိုင် ရန်သူ့ဘက်က ရိုးသားလိမ့်မည်ဟု ယုံကြည်‌လောက်စရာ အ‌ကြောင်းအချက်များ ယခုအ ချိန်ထိ မ‌တွေ့ရှိရ‌ချေ။

အပစ်အခတ်ရပ်ဆိုင်း‌ရေး ‌ဆွေး‌နွေးသ‌ဘောတူညီချက်များတွင် စီးပွား‌ရေး အကွက်အကွင်းများ ဖန်တီး‌ပေးရန်ဆိုသည့် အချက် လည်း ပါရှိသည်။ တကယ်တမ်းအားဖြင့် အပစ်အခတ်ရပ်ပြီးပါက နိုင်ငံ‌ရေးအရ ‌ဆွေး‌နွေးရန် ဦးတည်ရမည်ဖြစ်ပြီး နိုင်ငံ‌ရေးကိစ္စ အကြိမ်ကြိမ် အဖန်ဖန် ညှိနှိုင်း‌ပြေလည်ပြီး အတိုင်းအတာတစ်ရပ်အထိ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်ပြီးမှသာ မိမိတို့ ‌ဒေသအတွင်း စီးပွား‌ရေး ပြန်လည်ထူ‌ထောင်မှုလုပ်ငန်းများကို လုပ်ရမည် ဖြစ်သည်။ အပစ်ရပ်ပြီး‌နောက် စီးပွား‌ရေးလုပ်မည်ဆိုသည်က‌တော့ အဆင့်‌ကျော်‌နေမည် ဖြစ်သည်။ ‌ဆွေး‌နွေးရာတွင်လည်း တန်းတူရည်တူ ‌ဆွေး‌နွေးရမည်ဖြစ်ပြီး မိဘက သားသမီးဆိုး‌တွေအ ကြိုက် လိုက်‌လျော‌ပေးသည့် အ‌ပြောအဆိုမျိုး မဖြစ်‌စေရ‌ပေ။ ခိုင်မာ‌သော ငြိမ်းချမ်း‌ရေး အ‌ခြေခံအုတ်မြစ် မရှိသည့် အပစ်အ ခတ် ရပ်ဆိုင်း‌ရေးမှာ အချိန်မ‌ရွေး ပျက်ပြားသွားနိုင်မည်ဖြစ်ပြီး ရန်သူကို ယုံစားမိသူများအ‌နေဖြင့် ရန်သူ၏ စစ်‌ရေးပြင်ဆင်ထား မှု‌အောက် အငိုက်မိ ‌ချေမှုန်းခံရ‌ပေလိမ့်မည်။

အပစ်အခတ်ရပ်ဆိုင်း‌ရေးမှာ အပစ်အခတ်ရပ်စဲ‌ရေးမဟုတ်။ နှစ်ဦးနှစ်ဘက်သ‌ဘောတူညီချက်ဖြင့် အချိန်အတိုင်းအတာ အကန့် အသတ်တခုအတွင်း ‌ခေတ္တခဏ အပစ်အခတ်ရပ်ထားခြင်းသာ ဖြစ်သည်။ သ‌ဘောတူညီချက် တစုံတခုကို တဘက်ဘက်က ချိုး‌ဖောက်သည်နှင့် အပစ်အခတ်ရပ်ဆိုင်း‌ရေးမှာ ပျက်ပြားသွားမည်သာ ဖြစ်သည်။ အပစ်အခတ်ရပ်စဲ‌ရေး ဆိုသည်က‌တော့ အပစ်အခတ်များကို လုံးဝ ရပ်စဲပစ်လိုက်ခြင်း ဖြစ်သည်။ ‌ရှေ့ဆက် လက်နက်ကိုင် တိုက်ခိုက်စရာမလို။ ငြိမ်းချမ်းစွာ ရင်ကြား ‌စေ့‌ရေး ဆက်လက်‌ဆွေး‌နွေးကာ ပြဿနာရပ်များအ‌ပေါ် နိုင်ငံ‌ရေးအရ အ‌ဖြေရှာလို‌သော သ‌ဘောထားများ ပါရှိသည်။ ငြိမ်း ချမ်း‌ရေးအသွင်‌ဆောင်‌သော အပစ်အခတ်ရပ်စဲ‌ရေးမှာ တနိုင်ငံလုံး အပစ်အခတ်များကို လုံးဝ ရပ်စဲလိုက်ခြင်းပင် ဖြစ်၏။

ဗမာတပြည်လုံးသာမက နိုင်ငံတကာကပင် ငြိမ်းချမ်း‌ရေးကို လိုလားကြသည်။ အ‌ပေါ်ယံ‌ကြော အပစ်အခတ်ရပ်‌ရေးကို မလို လား။ ကချင်နယ်‌မြေမှာ‌ကော ကရင်နယ်‌မြေမှာပါ အပစ်အခတ်‌တွေ ဆက်လက် ရှိ‌နေဆဲဖြစ်သည်။

စစ်အုပ်စုသည် မှန်ကန်‌သော စိတ်‌စေတနာ‌ကောင်းဖြင့် အပစ်အခတ်ရပ်ဆိုင်းလိုလျှင် တဦးချင်း တဖွဲ့ချင်းကို ‌တွေ့ဆုံ‌ဆွေး‌နွေး ‌နေစဉ် ရပ်ဆိုင်းထားသည်ထက် တတိုင်းတပြည်လုံးကို လက်‌တွေ့ကျကျ အပစ်အခတ် ရပ်လိုက်ရမည် ဖြစ်၏။ အပစ်အခတ် ရပ်သည့်‌နေရာ‌တွေမှာ ရပ်ပြီး ဆက်၍ တိုက်ခိုက်သည့် ‌နေရာ‌တွေမှာ တိုက်ခိုက် လုပ်‌နေ၍ မရ။ ရန်သူနှင့် နှစ်ဦးသ‌ဘောတူ အပစ်ရပ်လိုက်ခြင်းမှာ ရန်သူတိုက်ခိုက်‌နေ‌သော မိမိတို့၏ မဟာမိတ်များကို အကူအညီမ‌ပေးနိုင်‌တော့သည့် အ‌နေအထားမျိုး မဖြစ်‌စေသင့်။ လက်သည်းဆိတ်‌တော့ လက်ထိပ်နာသလိုမျိုး မိမိတို့၏ မဟာမိတ်ကို တိုက်ခိုက်လျှင် မိမိကို တိုက်ခိုက်သလို ခံယူရမည်ဖြစ်ပြီး ရန်သူ၏ အတုအ‌ယောင် ‌စေ့စပ်‌ပြေငြိမ်း‌ရေး ‌ခေတ္တခဏ အပစ်အခတ် ရပ်ဆိုင်း‌ရေးများကို ဖယ်ရှားပစ်ရမည် သာ ဖြစ်သည်။ မဟာမိတ်‌ကောင်း ပီသစွာ မိမိတို့ မဟာမိတ်ကို ကူညီရမည် ဖြစ်သည်။ ဤသို့မလုပ်ပါက ‌ကောက်ကျစ်နည်း မျိုးစုံဖြင့် ရန်သူ ဖိတိုက်‌သော‌ကြောင့် မိမိတို့ မဟာမိတ် ပြိုပျက် ကျဆုံးသွားရပြီဆိုလျှင် မိမိတို့ ကျဆုံးရမည့် အလှည့်မှာ အ‌နှေး နှင့်အမြန် မလွဲမ‌သွေ ဆက်လက် ‌ရောက်ရှိလာမည် ဖြစ်‌လေသည်။

(၅)

တ‌လောက ပြည်တွင်းက တင်ဆက်‌နေ‌သော မြန်မာတိုင်း(မ်) ဝက်ဘ်ဆိုက်တွင် ၈၈ခုနှစ် အ‌ရေး‌တော်ပုံအတွင်း ဆရာဝန်တ ‌ယောက် ‌ရေးသားခဲ့‌သော ‌ဆောင်းပါးကို ပြန်လည်တင်ပြသည်ဟုဆိုကာ တပါတီအာဏာရှင်စနစ်ကို လက်ခံ‌သော လူထုကြီး သန်းနှင့်ချီ၍ ရှိ‌နေ‌ကြောင်း ‌ရေးသားထားသည်ကို ‌တွေ့ရသည်။ ယခင် အ‌ခြေအ‌နေ‌ဟောင်းသို့ ပြန်သွားရန်အတွက် စစ်အုပ်စုအ ကြိုက် ‌သွေးတိုးစမ်း မြူဆွယ်လိုက်ခြင်း ဖြစ်‌သော်လည်း သ‌ဘောထား‌စေတနာ မမှန်ကန်မှုများ ‌ပေါ်လွင်‌နေ‌သော‌ကြောင့် လူထု ၏ လျစ်လျူရှု ပစ်ပယ်မှုကို ခံရမည့် အချည်းစီး‌သော ‌ဆောင်းပါးသာ ဖြစ်‌လေသည်။

ဟစ်တိုင်တွင်လည်း ကြိမ်ဖန်များစွာ ‌မေးလ်ထဲသို့ ‌ရောက်လာ၍ဟုဆိုကာ အမြည်းသ‌ဘော တင်ဆက်ထား‌သော မာဃ ဆိုသူ ၏ ‌ဆောင်းပါးအချို့ကို ‌တွေ့ရသည်။ ဗိုလ်မှူးချုပ်ခင်ညွန့်တို့ တက်စ နဝတ‌ခေတ်မှသည် မနှစ် တနှစ်ကအထိ ‌ဖော်ပြလွှင့်ထုတ်ခဲ့ ‌သော စစ်အုပ်စုသတင်းစာပါ ‌ဆောင်းပါး အ‌ရေးအသားများကို သတိရဖွယ်ပင် ဖြစ်သည်။ ‌တော်လှန်‌ရေး အဖွဲ့အစည်းများကို ခွဲ ထုတ်ပြီး မင်းကိုနိုင်၊ မိုးသီးဇွန်နှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ အကြားသာမက တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဒီမိုကရက် တစ် အဖွဲ့အစည်းများအကြား၊ တိုင်းရင်းသားနှင့် ပြည်သူလူထုအကြားပါ သပ်လျှိူထိုးခွဲကာ ရိုဟင်ဂျာနှင့် ဗမာပြည်သားများအ ကြားတွင်လည်း လူမျိုး‌ရေးပြဿနာများ ပဋိပက္ခများ ‌ပေါ်‌ပေါက်‌အောင် ‌သွေးထိုးထားခြင်း ဖြစ်၏။ ယခုလို စစ်အုပ်စုနှင့် ပူး ‌ပေါင်းလုပ်‌ဆောင်‌ရေး မလုပ်‌ဆောင်‌ရေးကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံ‌ရေး ရှုပ်‌ထွေး‌နေချိန် အလွန်သိမ်‌မွေ့စွာ ‌ဆွေး‌နွေး အငြင်းပွား ကိုင်တွယ်‌ဖြေရှင်း ‌နေရချိန်မျိုး၌ ‌ပေါ်‌ပေါက်လာ‌သော ထို ‌ဆောင်းပါးများမှာ စစ်အုပ်စု၏ စနက်သာဖြစ်‌ကြောင်း သံသယ ရှိစရာ မလို‌ချေ။

ထိုင်းနှင့်‌ပေါင်း၍ ထားဝယ်-ကန်ချနဘူရီ လမ်း‌ဖောက်မည့်ကိစ္စမှာ ‌ဒေသခံများအတွက်သာမက ဗမာပြည်တွင်း ‌တော်လှန်‌ရေး အဖွဲ့ အစည်းများအတွက် အလွန်ပင်အန္တရာယ်များသည့်ကိစ္စ ဖြစ်သည်။ ထိုင်းအ‌နေဖြင့် ပြီးခဲ့သည့်နှစ်များကတည်းက စီးပွား ‌ရေး အ‌တော်က‌လေးကျ‌နေခဲ့ရာ မနှစ်က ‌ရေမြုပ်သည့်ဒဏ်ကို လအ‌တော်ကြာခံလိုက်ရသည်တွင် ပို၍ဆိုးရွားလာခဲ့သည်။ ပြန် လည် ထူ‌ထောင်မှု‌တွေလုပ်ပြီး စီးပွား‌ရေး ဦး‌မော့လာရန် ကြိုးပမ်း‌နေသည်။ တက်လာသည့် ဝန်ကြီးချုပ်မှာ နိုင်ငံ‌ရေးကို သိပ်နား မလည်‌သော်လည်း ဝန်ကြီးချုပ်‌ဟောင်း တပ်စင်၏ညီမဖြစ်၍ တပ်ဆင်လိုပင် စီးပွား‌ရေးအခွင့်အလမ်းကို မြင်တတ်သူ ဖြစ်သည်။

ထားဝယ်‌ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပင်လယ်ကူးသ‌ဘေင်္ာကြီးများအတွက် ‌ရေနက်ဆိပ်ကမ်းအပြင် အီတာလျံ-ထိုင်း ဖွံ့ဖြိုး ‌ရေးကုမ္ပဏီဘက်က အထူးစီးပွား‌ရေးဇုံနှင့် စက်မှုဇုံများ ထူ‌ထောင်ကာ စက်ရုံ အများအပြား‌ဆောက်မည့် အစီအစဉ် ရှိ‌နေသည်။ ‌ကျောက်မီး‌သွေးဓာတ်အား‌ပေးစက်ရုံ၊ ‌ရေနံဓာတု အ‌ခြေပြု စက်မှုလုပ်ငန်း၊ သံမဏိစက်ရုံ၊ ဓာတ်‌မြေဩဇာစက်ရုံ၊ ‌ဆေးဝါးထုတ် လုပ်‌ရေး၊ ကွန်ပြူတာဆက်စပ် ပစ္စည်း ထုတ်လုပ်‌ရေးစသည့် စက်ရုံများ‌ဆောက်လုပ်မည် ဖြစ်သည်။ ရန်သူ၏ ကပစလို စာရင်း ‌ဖော်ပြမထား‌သော လက်နက်ထုတ်လုပ်‌ရေး စက်ရုံများလည်း ပါရှိလာမည် ဖြစ်၏။

ထိုစက်ရုံများ ‌ဆောက်လုပ်ရန် အထူးစီးပွား‌ရေးဇုံတည်ရန်အတွက် ‌ဒေသတွင်းမှ လယ်ယာ‌မြေများနှင့် သီဟိုဠ်ခြံ၊ ‌ရော်ဘာခြံများ အပါအဝင် ဘိုးစဉ်‌ဘောင်ဆက် လုပ်ကိုင်လာခဲ့‌သော ခြံ‌မြေဧက‌ပေါင်းများစွာကို သိမ်းယူကြမည် ဖြစ်သည်။ တနိုင်ငံလုံး ‌နေရာ အနှံ့အပြားပင် အိုးအိမ်‌တွေ ‌ရွှေ့‌ပြောင်း‌ပေးရ၊ ဓားမဦးချ လုပ်ကိုင်လာခဲ့‌သော လယ်‌တွေသိမ်းယူခံရ၊ အနှိမ်ခံ၊ အ‌စော်ကားခံရ ‌သော လယ်သမားထုကြီး၏ တအုံ‌နွေး‌နွေး ‌ဒေါသမှာ ‌ပေါက်ကွဲလုနီးလာခဲ့ပြီ ဖြစ်သည်။

စီးပွား‌ရေးအရ အချို့‌သောပုဂ္ဂိုလ်များ အကျိုးအမြတ်ရှိ၍ဖြစ်‌စေ၊ ထိုင်းအငြိုအငြင်ကို မခံလို‌သော‌ကြောင့်ဖြစ်‌စေ ထားဝယ်-ကန် ချနဘူရီလမ်း‌ကြောင်းကို ‌ကေအဲန်ယူက ခွင့်ပြုလိုက်မည်ဆိုလျှင် ‌ကေအဲန်ယူအ‌နေဖြင့် ကိုယ့်‌သေတွင်းကိုယ်တူးလိုက်သည့် အ‌ခြေအ‌နေသို့ ‌ရောက်သွားမည် ဖြစ်သည်။ စစ်‌ရေးအရ ဖြစ်‌ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် ပတ်သက်၍ ထိုင်းကို သ‌ဘော ‌ပေါက်‌အောင် ‌ပြောပြ‌မေတ္တာရပ်ခံရမည် ဖြစ်၏။ တဘက်တွင် သကင်္န်းညီ‌နောင် ‌ကော့ကရိတ်တို့ကို ဖြတ်သန်း‌ဖောက် လုပ်လာ မည့် အာရှလမ်းမကြီး ရှိ‌နေမည်ဖြစ်ပြီး တဘက်က ထားဝယ် ကန်ချဘူရီလမ်း‌ကြောင်းရှိ‌နေမည်ဖြစ်ရာ ဗမာပြည်၏ ကံကြမ္မာမှာ ထိုလမ်း‌ကြောင်းများ ဖွင့်မဖွင့်‌ပေါ်တွင် တည်မှီ‌နေသည်။ ထိုလမ်း‌ကြောင်း‌တွေသာ ဖွင့်လိုက်ပါက စစ်အုပ်စုအ‌နေဖြင့် ဗမာပြည် အတွင်းပိုင်းမှသာမက ထိုလမ်း‌ကြောင်းများမှ‌နေ၍ သံချပ်ကာကားများ ဓာတုလက်နက်များ အပါအဝင် လက်နက်မျိုးစုံဖြင့် ‌ကေအဲန်ယူကို တိုက်ခိုက်နိုင်‌ပေလိမ့်မည်။ ထိုင်းကလည်း သူ့စီးပွား‌ရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးမည်စိုး၍ မသိလိုက် ဖာသာ လျစ်လျူရှု‌နေနိုင်သည်။ မြစ်ဆုံကိစ္စ ဆက်လုပ်နိုင်ရန်အတွက် ကချင်လူထုကို တရုတ်က မကူ‌တော့ဘဲ နယ်စပ်ပိတ်လိုက်ပြီး စစ် အုပ်စုက တပ်‌ပေါင်းများစွာဖြင့် ဖိတိုက်သလိုမျိုး ထိုင်းနှင့် စီးပွား‌ရေး လုပ်‌ဆောင်ရန်အတွက် ‌ကေအဲန်ယူကိုလည်း ‌ချောင်ပိတ် လာ‌တော့မည်မှာ အ‌သေအချာပင် ဖြစ်သည်။‌ကေအဲန်ယူ ပြိုကွဲပြီဆိုလျှင် ကရင်နီ၊ ပအိုဝ်း၊ မွန်၊ ရှမ်း အပါအဝင် ကျန်အဖွဲ့အ စည်းများပါ မကြာမတင် ပြိုပျက်သွားနိုင်မည် ဖြစ်၏။

‌တော်လှန်‌ရေးအဖွဲ့အစည်းများ ‌မြေလှန်ခံရပြီဆိုပါက ဒီမိုက‌ရေစီအတုအ‌ယောင် လက်ဝါးကြီးအုပ် စစ်ဓနရှင်နိုင်ငံအတွင်း လက် နက်မဲ့ ပြည်သူလူထုကို ‌ရှေးကထက် ပိုမို ဖိနှိပ်‌ပေ‌တော့မည်။ သို့ဖြစ်၍ စစ်အုပ်စု ဖြိုဖျက်‌ရေးကိစ္စကို အ‌ရေးတကြီး အရင်ဆုံး လုပ်ရမည်ဖြစ်ပြီး ၎င်းတို့ပျက်သုဉ်းသွားမှသာ စီးပွား‌ရေးလုပ်ငန်းများ အကျိုးတူ ပူး‌ပေါင်းလုပ်‌ဆောင်ကြရမည်ဖြစ်‌ကြောင်း ထိုင်း ကို ‌ပြောပြထားနိုင်မည် ဖြစ်သည်။ ဘက်‌ပေါင်းစုံမှ တကယ်တမ်းအုံကြွ‌တော်လှန်မည်ဆိုလျှင် လူထုကြီး ပူး‌ပေါင်းပါဝင်လာမည့် ‌တော်လှန်စစ် ‌အောင်ပွဲခံ‌ရေးမှာ တစ်လနှစ်လပင် ကြာမည် မဟုတ်‌ချေ။

(၆)

ဗမာပြည်ကို တပ်မ‌တော်က အကြိမ်ကြိမ်ကယ်ခဲ့ရ‌ကြောင်း သိန်းစိန် ‌ပြောသည်။ သိန်းစိန်အ‌နေဖြင့် ကချင်ပြည်နယ်ထိုးစစ်ကို မရပ်‌သော စစ်တပ်အား အပြစ်တင်ရမည့်အစား စစ်တပ်အ‌ပေါ် ဇန်းတင်‌ပြောကြားလိုက်သည်မှာ အဘယ့်‌ကြောင့်နည်း။ ရှင်း ၏။ သိန်းစိန်ကိုယ်တိုင်က စစ်အုပ်စုဝင်တဦး ဖြစ်‌လေသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်၏ အ‌ပြော‌ကြောင့် စစ်အုပ်စုဝင်သိန်းစိန်အ‌ပေါ် ယုံကြည်မှု ထားခဲ့ကြသူတို့အ‌နေဖြင့် ဘာလီမှာ မှိုချိုး မျှစ်ချိုး ပုတ်ခတ်‌ပြောဆို‌သောစကားများ၊ ကချင်ပြည်နယ်တွင် စစ်ရပ်စဲရန် ‌ကြေညာပြီး ဆက်လက်တိုက်ခိုက်‌နေခြင်းများ၊ လွတ်ငြိမ်းချမ်းသာခွင့်ဟု ‌ကြေညာပြီး နိုင်ငံ‌ရေးအကျဉ်းသား အများစုကြီးကို ချန်ထားခဲ့ခြင်းများကို ကြည့်ခြင်းအားဖြင့် ဆက် လက် ယုံကြည်ရန်သင့်မသင့် စဉ်းစားဆုံးဖြတ်နိုင်ကြမည် ဖြစ်သည်။ သုံးတုံးစားသည့်တိုင် ‌ခွေး‌ချေးမှန်း မသိ‌သေးလျှင်‌တော့ ‌ကျောချမှ ဓားပြမှန်းသိသူထက် ပို၍ညံ့သွား‌ပေလိမ့်မည်။ ရန်သူ၏ ခွဲထုတ် အပစ်ရပ်ဆိုင်းမှုကို အဘယ့်‌ကြောင့် လက်ခံရမည် နည်း။

‌ဒေါ်‌အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် စစ်အုပ်စုနှင့် ပူး‌ပေါင်းကာ မိမိတို့လိုလား‌သော ဒီမိုက‌ရေစီနိုင်ငံဖြစ်‌ရေး လွှတ်‌တော်ထဲမှ တဆင့် တဖြည်းဖြည်း ပြုပြင်ယူမည့် အစီအစဉ်အ‌ပေါ် စိတ်ပျက် ‌နောင်တရ‌နေ‌ကြောင်း ပြင်ပသတင်းများကို ကြားသိရသည်။ ၈၈မျိုးဆက်များ၊ ‌အေဘီအက်စ်ဒီအက်ဖ် ‌ကျောင်းသားတပ်မ‌တော်၊ စွမ်းအားမြှင့်စစ်သည်‌တော်များအ‌နေဖြင့် ‌တော်လှန်‌သော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူး‌ပေါင်းကာ တိုင်းပြည်ကို ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် စစ်အုပ်စုတို့လက်မှ ကယ်တင်ကြရမည် ဖြစ်၏။

‌တော်လှန်‌သော အဖွဲ့အစည်းများအ‌နေဖြင့် ယူအဲန်အက်ဖ်စီ၏ မူ‌ပေါ်တွင် ခိုင်ကျည်စွာ ရပ်တည်လျက် မိမိတို့ အဖွဲ့ဝင်တဦးကို ရန်သူက ‌ချေမှုန်းတိုက်ခိုက်‌နေသည်ကို ဝိုင်းဝန်းကာကွယ်‌ပေးကြရမည် ဖြစ်သည်။ ‌လော‌လောဆယ် ကချင်ပြည်နယ်မှ စစ်ပွဲ ကို သွား‌ရောက် မကူညီနိုင်သည့်တိုင် မိမိတို့နယ်‌မြေတိုင်းရှိ ရန်သူ့တပ်များကို အရှိန်မြှင့်တိုက်ခိုက်ဖို့ရန် အပူတပြင်း လိုအပ် သည်။ လှည့်ဖြားတတ်‌သော ရန်သူ၏ ကတိကဝတ်များကို ယုံကြည်‌လေးစားစရာ အ‌ကြောင်းမရှိ။ ရန်သူနှင့် အပစ်အခတ်ရပ် ‌ရေး အချိန်ဖြုန်း ‌ဆွေး‌နွေး‌နေစရာ မရှိ။ ဗမာပြည်ကို စစ်ကျွန်အဖြစ်မှသာမက တရုတ်ကျွန်အဖြစ်မှပါ လွတ်‌မြောက်နိုင်‌ရေး ပြည် သူလူထုနှင့်အတူ တိုက်ပွဲဝင်ဖို့ ပြင်ကြရန် အ‌ရေးတကြီး လိုအပ်‌နေပြီ ဖြစ်‌လေသည်။ အ‌ခြေအ‌နေတရပ်‌ကြောင့် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်‌ရေး သ‌ဘောတူသွားကြသူများအ‌နေဖြင့်လည်း အ‌ရေးကြီး ‌သွေးနီးရာဆိုသလို ပြန်လည်‌ပေါင်းစည်းဖို့ရန် လို အပ်မည် ဖြစ်သည်။

စစ်အုပ်စုကို ဖြုတ်ချနိုင်ရန်အတွက် မိမိတို့အ‌နေဖြင့် ‌တော်လှန်‌သော ပြည်သူ့စစ်ပင်လယ်ကြီး ‌ပေါ်‌ပေါက်‌ရေးလမ်း‌ကြောင်းအ တိုင်း လိုက်ရမည် ဖြစ်သည်။ တ‌ကြောင်းတည်း ထင်းထင်းကြီး ‌ပေါ်‌နေ‌သော ထိုလမ်း‌ကြောင်းကို လိုက်သင့်မလိုက်သင့် ‌တွေ ‌ဝေ လမ်းလွဲ‌နေစရာ မရှိ။