Home ထိပ်တန်းသတင်း ပါတီ၏ အလုပ်အမှု‌ဆောင်နှင့် ဌာနဆိုင်ရာများကို ဖလုံ- စ‌ဝေါ်မှ တိုးချဲ့သတ်မှတ်

ပါတီ၏ အလုပ်အမှု‌ဆောင်နှင့် ဌာနဆိုင်ရာများကို ဖလုံ- စ‌ဝေါ်မှ တိုးချဲ့သတ်မှတ်

1892
ဇန်နဝါရီ ၄ရက်၊ ၂၀၁၂။ နန်းသူး‌လေ (‌ကေအိုင်စီ)

ဖလုံ- စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)အ‌နေဖြင့် ပါတီ၏ လုပ်‌ဆောင်ချက်များ ပိုမိုထိ‌ရောက်‌စေရန်နှင့် တာဝန်ကို စနစ်တကျ လုပ်‌ဆောင်နိုင်ရန် အလုပ်အမှု‌ဆောင် များကိုထပ်မံ တိုးချဲ့ကာ ဌာနဆိုင်ရာ တာဝန်ခံသစ်များ ကိုလည်း ‌ရွေးချယ်သတ်မှတ် လိုက်သည်။

ယခင်က ဥက္ကဌ အပါအဝင် ဗဟိုအလုပ်အမှု‌ဆောင် ၉ဦးသာ ရှိခဲ့ပြီး ယခုအခါ ဘဏ္ဍာ‌ရေး၊ စာရင်းစစ်၊ သတင်းနှင့် ပြန်ကြား‌ရေး၊ ဆက်ဆံ‌ရေး၊ စည်းရုံး‌ရေးနှင့် ရုံးအဖွဲ့မှူး အပါအဝင် အလုပ်အမှု‌ဆောင် ၁၅ဦးကို တိုးချဲ့သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ပါတီ၏ အ ‌ထွေ‌ထွေ အတွင်း‌ရေးမှူး စဘီကျင်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“နဂိုက အလုပ်အမှု‌ဆောင် ၉ဦးပဲ ရှိခဲ့တာ‌လေ။ ကျ‌နော်တို့ပါတီက လူအင်အား အရမ်းနည်း‌နေတယ်။ ဒါ‌ကြောင့် အခု ‌နောက် ၆ ‌ယောက် ထပ်တိုးကာ စုစု‌ပေါင်း ၁၅ဦးထားရှိပြီး အလုပ်အမှု‌ဆောင်အင်အား တိုးလိုက်တဲ့အ‌နေဖြင့် ဖွဲ့စည်းလိုက်တာပါ။”ဟု စဘီကျင်ဦးက ‌ပြောသည်။

အဆိုပါဌာနဆိုင်ရာ ၅ခုနှင့် သက်ဆိုင်ရာ တာဝန်ခံများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ဝရက်‌နေ့တွင် ပြုလုပ်ခဲ့သည့် ပါတီ၏ ပုံမှန် အစည်းအ‌ဝေးတွင် ဖွဲ့စည်း‌ရွေးချယ် ထားရှိလိုက်ခြင်းဖြစ်‌ကြောင်း ပါတီတာဝန်ခံများက ‌ပြောသည်။

ယခင်က ဥက္ကဌ ‌စောသိန်း‌အောင်၊ ဒုဥက္ကဌ ‌စောမြတ်ထွန်း၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး စဘီကျင်ဦး၊ အတွင်း‌ရေးမှူး(၁) ‌စောတင် လှိုင်နှင့် အတွင်း‌ရေးမှူး(၂) ‌စောလင်းထိန်၊ အမျိုးသမီးဥက္ကဌ ‌နော်ယုဇနဝါ၊ လူငယ်ဥက္ကဌ ‌စောခင်ချိုဦး၊ ဗဟို အလုပ်အမှု‌ဆောင် ‌စောဟူးဗာခူးနှင့် ‌စောလှဝင်းတို့အပြင် ထပ်မံ၍ ဘဏ္ဍာ‌ရေးတာဝန်ခံ နန်း‌စေအွာ၊ သတင်းနှင့် ပြန်ကြား‌ရေးတာဝန်ခံ ‌စောစိန်ဝင်း ‌အောင်၊ ဆက်ဆံ‌ရေးတာဝန်ခံ ‌စောမင်း‌အောင်လင်း၊ စာရင်းစစ် ‌စော‌အောင်‌ကျော်နိုင်၊ စည်းရုံး‌ရေး တာဝန်ခံနှင့် ရုံးအဖွဲ့မှူးတို့ကို ယာယီ အလုပ်အမှု‌ဆောင်များအဖြစ် ခန့်အပ်လိုက်သည်။

ယင်းသို့ ယာယီ သတ်မှတ်ထားသည့် အလုပ်အမှု‌ဆောင်သစ်များကို ပါတီ၏ နှစ်ပတ်လည် ညီလာခံ သို့မဟုတ် လိုအပ်ပါက အ ‌ရေး‌ပေါ် အစည်းအ‌ဝေး ‌ခေါ်ယူကာ အတည်ပြုသွားမည်ဖြစ်‌သော်လည်း လက်ရှိ ဖွဲ့စည်းပြီးချိန်မှစ၍ တာဝန်ခံများအ‌နေဖြင့် ၎င်းတို့၏ တာဝန်များကို စတင် လုပ်‌ဆောင်‌နေပြီဟုလည်း သိရသည်။

ဖလုံ- စ‌ဝေါ် ပါတီအ‌နေဖြင့် လက်ရှိအ‌နေအထားတွင် ပါတီဥက္ကဌကိုယ်တိုင်လည်း ငြိမ်းချမ်း‌ရေးအတွက် လွှတ်‌တော်ထဲတွင် ‌ပြောဆို‌နေပြီး ပါတီဝင်များကလည်း လူမှု‌ရေးအဖွဲ့အစည်းများနှင့် ပူး‌ပေါင်းကာ လူမှု‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်လျှက်ရှိ သည်ဟု အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး စဘီကျင်ဦးက ယခုလို ဆက်‌ပြောသည်။

“ကျ‌နော်တို့ ပါတီဝင်‌တွေအ‌နေနဲ့က ပြည်သူလူထု‌တွေရဲ့ ဘယ်လိုအခက်အခဲ‌တွေ ရှိတယ်ဆိုတာကို ကွင်းဆင်း‌လေ့လာတယ်။ အသိပညာ‌တွေ ‌ပေးတယ်။ ‌နောက်ပြီး ပြဿနာတခုခု ဖြစ်ရင်လည်း ဒီအတိုင်း ခံ‌နေစရာမလိုဘဲ ကျ‌နော်တို့ကို ဆက်သွယ်ပြီး အကူအညီ‌တောင်းဖို့‌ပေါ့။ ကျ‌နော်တို့က‌နေတဆင့် လွှတ်‌တော်ထဲကို ပြန်လည်တင်ပြပြီး သူတို့အတွက် တတ်နိုင်တဲ့ဘက်က‌နေ ကူညီ‌ဆောင်ရွက်‌ပေး‌နေပါတယ်။”ဟု ‌ပြောသည်။

ကရင်ပြည်နယ်ကို အ‌ခြေခံကာ ဖွဲ့စည်းတည်‌ထောင်ခဲ့သည့် ဖလုံ-စ‌ဝေါ်ပါတီသည် ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် လွှတ် ‌တော်ကိုယ်စားလှယ်အမတ် ၁၈ဦး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်အမတ် ၂‌နေရာ၊ အမျိုးသား လွှတ်‌တော်အမတ် ၃‌နေရာနှင့် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်အမတ် ၄‌နေရာ မဲအနိုင်ရရှိခဲ့သည်။