Home သတင်း ပဒိုမန်းငြိမ်း‌မောင်ကို ဥပ‌ဒေအရ အ‌ရေးယူ‌ဆောင်ရွက်‌နေဟု အစိုးရ‌ပြောဆို

ပဒိုမန်းငြိမ်း‌မောင်ကို ဥပ‌ဒေအရ အ‌ရေးယူ‌ဆောင်ရွက်‌နေဟု အစိုးရ‌ပြောဆို

1632
ဇန်နဝါရီ ၁၇ရက်၊ ၂၀၁၂။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

အကျဉ်းကျခံ‌နေရသည့် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို‌ကော်မတီဝင် တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်း‌မောင်သည် မကြာမီရက်ပိုင်း အတွင်း ပြန်လည် လွတ်‌မြောက်လာမည်ဟု မိခင်အဖွဲ့အစည်းက ‌ပြောဆို‌သော်လည်း မြန်မာအစိုးရ ဘက်ကမူ ဥပ‌ဒေ အရအ‌ရေးယူ‌ဆောင်ရွက်မှုများ ပြုလုပ် ‌နေသည်ဟုအစိုး ရ ပြည်ထဲ‌ရေးဝန်ကြီးက ‌ပြောသည်။

ပြီးခဲ့သည့် စ‌နေ‌နေ့က ‌နေပြည်‌တော်ရှိ ပြည်ထဲ‌ရေးဌာနတွင် ယခုလ ၁၂ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲ‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပဒိုမန်းငြိမ်း‌မောင်ကို တရားဥပ‌ဒေအရ အ‌ရေးယူနိုင်ရန် ‌ဆောင်ရွက်မှုများ ပြုလုပ်‌နေသည်ဟု သတင်း‌ထောက်များကို ‌ပြော ကြားခဲ့ခြင်း ဖြစ်သည်။

သို့‌သော် ရန်ကုန်တိုင်း‌ဒေသကြီးရှိ အင်းစိန်အကျဉ်း‌ထောင်တွင် ယမန်နှစ်က အကျဉ်းကျခံ‌နေရသည့် ပဒိုမန်းငြိမ်း‌မောင်ကို မြန် မာအစိုးရဘက်မှ မကြာမီရက်ပိုင်းအတွင်း ပြန်လွှတ်‌ပေးမည်ဟု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ သွား‌ရောက်ခဲ့သည့် KNU ကိုယ်စား လှယ်အဖွဲ့ကို ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ရထားပို့‌ဆောင်‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီးဦး‌အောင်မင်းက ‌ပြောကြားခဲ့သည်။

KNU ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်သည့် ပဒိုကွယ်ထူးဝင်းက “ပဒိုမန်းငြိမ်း‌မောင်ကို ကျ‌နော်တို့နဲ့အပြန်မှာ တစ်ခါ တည်း ထည့်‌ပေးလိုက်မလို့ပါပဲ။ ကျ‌နော်တို့ ‌နေပြည်‌တော်ကအပြန်မှာ အချိန်ကပ်သွားတဲ့အတွက် ရုံးလုပ်ငန်းနဲ့ စာရွက်စာတမ်း ကိစ္စ‌တွေ‌ကြောင့် သူ့ကိုတစ်ပါတည်း ‌ခေါ်လာလို့မရဘူး ဖြစ်သွားတယ်။ မကြာမီရက်ပိုင်းမှာ‌တော့ မြန်မာအစိုးရဘက်က သူ့ကို ပြန်လွှတ်‌ပေးနိုင်ပါတယ်။”ဟု ကရင်သတင်းဌာနသို့ ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်သည် ယမန်နှစ် ဇူလိုင်လက ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ သွား‌ရောက်ခဲ့သည့် ခရီးစဉ်တွင် ‌ပျောက်ဆုံး ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့‌ဆောင်ခံရကာ တရားမဝင် နယ်စပ်ဖြတ်‌ကျော်မှု၊ တရားမဝင် စာရွက်စာတမ်းကိုင်‌ဆောင်မှု၊ မတရားအသင်းအက်ဥပ‌ဒေ ပုဒ်မ စသည့်စွဲချက်များဖြင့် အင်းစိန်‌ထောင်တွင် အကျဉ်းကျခံ‌နေရသည်။

ပဒိုမန်းငြိမ်း‌မောင်၏ဇနီးသည်က “သူ့ကို အမြန်ဆုံး ပြန်လွှတ်‌ပေး‌စေချင်ပါတယ်။ အသက်လည်း ၇ဝ ရှိပြီး။ သူ အမြန်ဆုံး ပြန် လွှတ်လာဖို့ပဲ ကျမတို့မိသားစု ဆု‌တောင်း‌နေရတယ်။”ဟု ‌ပြောသည်။

မြန်မာအစိုးရ၏ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးအဖွဲ့နှင့် KNU တို့အကြားယ ခုလ ၁၂ရက်‌နေ့က ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲ‌ရေး ငြိမ်းချမ်း‌ရေးခရီးစဉ်တွင် KNU ဘက်မှ ‌တောင်းဆိုသည့်အချက်များအနက် အကျဉ်းသားများ လွှတ်‌ပေး ‌ရေးလည်း ပါရှိသည်။

၎င်းခရီးစဉ်တွင် မြန်မာနိုင်ငံရှိ အကျဉ်း‌ထောင်များ၌ အကျဉ်းကျခံ‌နေရသည့် KNU အဖွဲ့ဝင်များနှင့် အခြားဆက်စပ်သူများ စာရင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့က ‌တောင်းဆိုခဲ့‌သော်လည်း KNU ဘက်မှ ‌ပေးအပ်နိုင်ခဲ့ခြင်းမရှိဟု သိရသည်။

ကရင်ပြည်နယ်အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီတခု၏ ‌ခေါင်း‌ဆောင်တဦးက “ဒီကိစ္စက တမင်တကာကို ပြန်မလွှတ်‌ပေးတာ သူတို့ ပြန်လွှတ်‌စေချင်တယ်ဆိုရင် KNU အဖွဲ့နဲ့ ပြန်ထည့်‌ပေးလို့ရတာပဲ။ ဒီကိစ္စ မရိုးသားတာပဲလို့ မြင်တယ်။”ဟု ဆိုသည်။

ပဒိုမန်းငြိမ်း‌မောင်သည်မဆလ‌ခေတ် ၁၉၆၉ ခုနှစ်တွင် နိုင်ငံ‌ရေးလှုပ်ရှားမှု‌ကြောင့် ‌ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရပြီး ကိုကိုးကျွန်းသို့ ပို့‌ဆောင်ခြင်းခံခဲ့ရသည်။

ကိုကိုးကျွန်းမှ အကျဉ်းသား ၂ဦးနှင့်အတူ ပင်လယ်ပြင်ကို ‌လှေဖြင့်ဖြတ်ပြီး ကျွန်းနှင့်မိုင် ၂၅ဝအကွာ၊ မွန်ပြည်နယ် ‌ရေးမြို့နယ် ကမ်း‌ခြေရှိ ဒူးယားရွာသို့ ‌ရောက်ရှိသွား‌သော်လည်း ‌ကျေးရွာသူကြီးက နယ်‌မြေခံစစ်တပ်ကို အ‌ကြောင်းကြားခဲ့သဖြင့် ဖမ်းဆီး ခြင်းခံရကာ ‌ထောင်ဒဏ် ၃နှစ်ကျခံခဲ့ရပြီး ၁၉၇၃ခုနှစ်တွင် ပြန်လည်လွတ်‌မြောက်လာခဲ့သည်။