Home သတင်း နတ်ထိပ် ရွာသူကြီးနှင့် ရွာသား ၂ဦး ပြန်လည်‌ရောက်ရှိ

နတ်ထိပ် ရွာသူကြီးနှင့် ရွာသား ၂ဦး ပြန်လည်‌ရောက်ရှိ

1832
ဇန်နဝါရီလ ၂ဝရက်၊၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ ပြီးခဲ့သည့် ရက်ပိုင်းက ရုတ်တရက် ‌ပျောက်ဆုံးခဲ့သည့် နတ်ထိပ်ရွာသူကြီးနှင့် ရွာသား ၂ဦး သည် ဇန်နဝါရီလ ၁၈ရက်‌နေ့ညတွင် ‌နေအိမ်သို့ ပြန်လည်‌ရောက်ရှိပြီဟု သိရသည်။

အမည်မ‌ဖော်လိုသည့် နတ်ထိပ်ရွာသားတစ်ဦးက “၁၈ရက်‌နေ့ည ၉နာရီ‌ကျော်‌ကျော်‌လောက်မှာ သူတို့တ‌တွေ အိမ်ကို ‌ကောင်း ‌ကောင်းမွန်မွန်နဲ့ ပြန်‌ရောက်လာကြပြီ။ သူတို့ကို ‌ခေါ်သွားတာက BGF က ဗိုလ်လိုက်သိန့်တပည့်‌တွေပဲ။”ဟု ‌ပြောသည်။

ယခုလ ဇန်နဝါရီ ၁၆ရက်‌နေ့ မွန်းလွဲ ၁နာရီအချိန်တွင် နတ်ထိပ်ရွာသူကြီးဖြစ်သူ အသက် ၄၅နှစ်အရွယ် ‌စော‌အေး‌ပေါ် အပါ အဝင် အသက် ၅ဝနှစ်အရွယ် ‌စော‌ကော်ဖိုင့်နှင့် အသက် ၂၈နှစ်အရွယ် ‌စော‌ကျော်အဲချန်တို့ကို ‌ပြောက်ကျားဝတ်စုံ ဝတ်ထား သည့် လက်နက်ကိုင်အဖွဲ့တဖွဲ့က ကား‌လေးစီးဖြင့် ‌နေအိမ်အထိ လာ‌ရောက်‌ခေါ်‌ဆောင်သွားခဲ့သည်။

ထိုရွာသူကြီးနှင့် ရွာသား ၂ဦးကို လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ‌ဒေသရှိ လုံကထိုက်‌ကျေးရွာအထိ ‌ခေါ်‌ဆောင်သွားခဲ့‌သော်လည်း ၎င်းတို့အား ချုပ်‌နှောင်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း တစုံတရာ လုပ်‌ဆောင်ခြင်းမရှိ‌ကြောင်း အဆိုပါနတ်ထိပ်ရွာသားက ဆက် ‌ပြောသည်။

“သူတို့ကို ‌ခေါ်သွား‌ပေမယ့် စစ်‌ဆေး‌မေးမြန်းမှု‌တွေ ဘာမှမလုပ်ဘဲနဲ့ ဒီအတိုင်းထားတယ်။ သူတို့လည်း ပြန်‌မေးတာ‌ပေါ့။ ကျ‌နော်တို့‌တွေ ဘာအပြစ်ရှိလို့ ဒီကို ‌ခေါ်လာရတာလဲ။ BGF က ခင်ဗျားတို့ ဘာအပြစ်ရှိလဲဆိုတာ ခင်ဗျားတို့ အသိဆုံးပဲလို့ ‌ပြောတယ်။ သူတို့ကို တစ်ရက်နဲ့တစ်ည ဖမ်းထားပြီး‌တော့ ဘားအံအထိ ပြန်လာပို့တယ်။”ဟု သူက ‌ပြောသည်။

‌ခေါ်‌ဆောင်သွားခံရသူထဲမှ ရွာသူကြီးသည် နတ်ထိပ်‌ကျေးရွာတွင် မတရား ‌ရောင်းစားခံခဲ့ရသည့် ‌မြေလွတ်‌မြေရိုင်း ဧက ၃,၀၀၀‌ကျော်ကို ရွာသားများ ပြန်လည်ရရှိ‌အောင် ‌နေပြည်‌တော်သို့ တိုင်ကြားစာများ ပို့ခဲ့ရာတွင် ကြိုးပမ်း‌ပေးခဲ့သူဖြစ်သည်။ ယင်းကိစ္စကို ‌နေပြည်‌တော်မှ အာဏာပိုင်များ၏ ဝင်‌ရောက်‌ဖြေရှင်းမှု‌ကြောင့် ‌မြေဧက ၂၃၇ဧကကို ယမန်နှစ် ဩဂုတ်လက ရွာ သားများ ပြန်လည် ရရှိခဲ့သည်။

ရွာသားများ၏ ဘိုးဘွားပိုင်ဖြစ်‌သော ထို‌မြေလွတ်‌မြေရိုင်းများသည် နတ်ထိပ်‌ကျေးရွာ၏ အ‌ရှေ့ဘက်နှင့် ‌တောင်ဘက်ခြမ်းတွင် ရှိပြီး ၂၀၀၇ခုနှစ်မှ ၂၀၁ဝခုနှစ်အထိ (ယခင်) DKBA တပ်မှူး‌ဟောင်းများဖြစ်ကြသည့် ဗိုလ်ကြာဝင်း၊ ဗိုလ်‌ကျော်‌ရွှေတို့နှင့်အတူ အာဏာပိုင်တချို့ ပူး‌ပေါင်း၍ ‌မြေကွက်ချကာ ‌ရောင်းချမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နတ်ထိပ်ရွာသားဖြစ်သူ ဗိုလ်‌ကျော်‌ရွှေသည် နယ်ခြား‌စောင့်တပ် တပ်ရင်း(၁၀၁၉) တပ်ရင်းမှူး ဗိုလ်မှူးလိုက်သိန့်နှင့် ပုဂ္ဂိုလ်‌ရေး အရ အလွန်ရင်းနှီးသူဖြစ်ပြီး ‌နောင်လုံရွာသားဖြစ်သူ ဗိုလ်ကြာဝင်းကမူ ၂၀၁၁ခုနှစ်ဆန်းပိုင်းတုန်းက ကွယ်လွန်သွားခဲ့ပြီးဖြစ် သည်။