Home သတင်း ဒုံသမိ‌ချောင်းနံ‌ဘေးမှ နှမ်းစိုက်ခင်း များ အထွက်နှုန်း‌လျော့

ဒုံသမိ‌ချောင်းနံ‌ဘေးမှ နှမ်းစိုက်ခင်း များ အထွက်နှုန်း‌လျော့

4067
ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အကြားတွင် တည်ရှိသည့် ဒုံသမိ‌ချောင်းနံ‌ဘေးစိုက် နှမ်းခင်းများ၏ ယခုနှစ်အထွက်နှုန်း မှာ ‌လျော့နည်းလာလျှက် ရှိသည် ဟု နှမ်း‌တောင်သူများက ‌ပြောသည်။

ဒုံသမိ‌ချောင်း အ‌ရှေ့ဘက်ခြမ်း ကရင်ပြည်နယ်၊ (ဖားအံ)မြို့နယ် မင်း‌ဇော‌ကျေးရွာမှ အမျိုးသမီးတဦးက “အခု နှမ်းခင်းက ရာသီဥတုမမှန်လို့ နှမ်းပင်‌တွေကလည်း အပင်မသန်ဘူး။ အပင်မသန်‌တော့ အသီးနည်းတယ်။ ဒါ‌ကြောင့် ထွက်နှုန်း‌တွေလည်း ‌လျော့လာတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် နှမ်းရိတ်သိမ်းရာသီ ၂၀၁ဝခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၁ခုနှစ် ဇန်နဝါရီလ၏ နှမ်းထွက်နှုန်းမှာ တဧကလျှင် တင်း ၂ဝ ဝန်းကျင်ရှိသည်။ ယခုနှစ် နှမ်းထွက်ချိန်ရာသီမှာ နှမ်းခင်းတစ်ဧကလျှင် ပျမ်းမျှ ၁ဝတင်း‌အောက်သာ ထွက်ရှိခဲ့ခြင်းဖြစ်သည်။

ဒုံသမိ‌ချောင်း အ‌နောက်ဘက်ခြမ်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မြစ်ကျိုး‌ကျေးရွာမှ နှမ်း‌တောင်သူဖြစ်သူ ‌စော‌ကျော်က နှမ်း ထွက်နှုန်း ‌လျော့ကျသွားသွားသည့်အ‌ပေါ် ‌ဒေသခံများ စားဝတ်‌နေ‌ရေး အခက်အခဲ အနည်းငယ် ရှိလာနိုင်‌ကြောင်း ‌ပြောသည်။

၎င်းက “ဒီနှစ် နှမ်းအတွက်‌တော့ ‌ရောင်းဖို့ မ‌ပြောနဲ့။ စားဖို့အတွက်‌တောင် အနိုင်နိုင်ပဲ။ နှမ်းစိုက်‌တောင်သူ‌တွေအတွက် စားဝတ် ‌နေ‌ရေး အခက်အခဲ နည်းနည်း‌တော့ ကြုံရနိုင်တယ်။”ဟု ရှင်းပြသည်။

ယခင်နှစ် နှမ်းထွက်ရာသီတွင် နှမ်း‌စေ့တစ်ပုံး(၈ပြည်)ကို ကျပ်‌ငွေ ၁၀,၀၀၀(တစ်‌သောင်း) အထက် ရှိ‌သော်လည်း ယခုနှစ် နှမ်း ထွက်ရာမှာ နှမ်းတစ်ပုံလျှင် ကျပ်‌ငွေ ၈,၀၀၀(ရှစ်‌ထောင်)သာရှိ‌ကြောင်း သိရသည်။

အဆိုပါ ‌ဒေသခံ ရွာသူရွာသားများသည် ၎င်းတို့နှမ်းခင်းမှ ထွက်ရှိ‌သော နှမ်း‌စေ့များကို မိသားစုဝင်‌ငွေအတွက် ‌ရောင်းချသည့်အ ပြင် စားသုံးရန်အတွက် ကြိတ်ယူကာ ထွက်ရှိလာသည့် နှမ်းဆီများကို စားသုံးဆီအဖြစ် အသုံးပြုပြီး ကျန်နှမ်းဖတ်များကို နှမ်းငါး ပိ ပြန်လုပ်ကာ သို‌လှောင်စားသုံးကြသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ဒုံသမိ‌ချောင်း၏ အ‌ရှေ့နှင့် အ‌နောက်ဘက်ခြမ်းရှိ နှမ်းခင်းစိုက်ပျိုးသည့် ‌ကျေးရွာများမှာ ကြ‌သောင်းဆိပ်၊ ပျဉ်းမပင်ဆိပ်၊ တ‌ဂေး‌လောင်း၊ ကြိုးဝိုင်း၊ မြစ်ကျိုး၊ မင်း‌ဇော၊ ‌လေး‌ကေနှင့် ‌နေမင်း‌အောင်(‌ကျောက်ဖျာ) စသည့် ‌ကျေးရွာများ ဖြစ်ကြပြီး အားလုံးမှာ ကရင်ရွာများဖြစ်ကြသည်။

အိမ်‌ခြေ ၁၀ဝမှ ၅၀၀‌ကျော်အထိရှိသည့် ၎င်း‌ဒေသရှိ ‌ကျေးရွာများ၏ နှမ်းစိုက်ပျိုးဧက အတိအကျကို မသိ‌သော်လည်း ပျမ်းမျှ အားဖြင့် ရွာတရွာလျှင် နှစ်စဉ် နှမ်းစိုက်ပျိုးသူ သုံးပုံတစ်ပုံရှိ‌ကြောင်း သိရသည်။

ထို‌ဒေသတွင် နှမ်းစိုက်ပျိုးခြင်းကို ‌အောက်တိုဘာလမှ စတင်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နှမ်းထွက်သည်အထိ သုံး‌လေးလ ကြာမြင့် ရာ ယခုလို နှစ်ဆန်းပိုင်းသည် နှမ်းထွက်သည့်လဖြစ်သည်။