Home လူထုအသံ ပေးစာကဏ္ဍ ကရင်လူထု အားလုံးထံသို့ ကျမရဲ့ ပထမပို့စာ (‌ပေးစာကဏ္ဍ)

ကရင်လူထု အားလုံးထံသို့ ကျမရဲ့ ပထမပို့စာ (‌ပေးစာကဏ္ဍ)

2173
‌နော်ဝါးဝါးဖိုး
ကျမကရင်တိုင်းရင်းသူတ‌ယောက်အ‌နေနဲ့ကျမလူမျိူး‌တွေပြိုကွဲ‌နေခဲ့တာ‌ေတွ‌နောက်ထပ်ထပ်ပြီး‌တော့မပြိုကွဲ‌အောင်ကျမဘက်က တက်နိုင်သ‌လောက် အကူညီ‌ပေးချင်သလို ကရင်လူထူအားလုံးကိုလည်း ကျမတို့ကရင်အချင်းချင်းပြို ကွဲခဲ့တာ ‌တွေအားလုံးပြန်လည်သင့်မြတ်‌အောင် ‌နောက်ထပ် မပြိုကွဲ‌အောင် အတူတကွလက်တွဲပြီးလုပ်‌ဆောင်ဘို့အတွက်ကျမက‌နေ‌ေတာင်ဆိုချင်ပါတယ်။

ပထမဆုံးအ‌နေနဲ့ယခုလက်ရှိအ‌ခြေအ‌ေနကိုစပြီး‌တော့‌ပြောချင်ပါတယ်။မကြာ‌သေးမီက KNU ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမူအ‌ပေါ်ကရင်တိုင်းရင်းသား‌တွေရဲ့‌ဝေဖန်မူ‌တွေကိုအမျိူးမျိူးကြား‌နေရပါတယ်။  တချိူ့က‌ကောင်းတယ်၊တချိူ့ကမ‌ကောင်းဘူးလို့မြင်ကြ ပါတယ်။  တချိူ့ကလက်မှတ်ထိုးမူအ‌ပေါ်မှာ‌စောတယ်လို့‌ပြောကြပြန်‌ရော။
ဘ‌လော့‌တွေမှာလည်းအမျိူးမျိူးဖတ်ရပါတယ်။  ‌ဝေဖန်မူ‌တွေရှိလာတာက အရမ်းကို‌ကောင်းတယ် တိုးတက်လာမူရှိလာတယ်လို့‌ပြောလို့ရပါတယ်။ ကရင်ပြည်သူလူထု‌တွေကိုယ့်တိုင်းရင်းသားအ‌ရေးဘယ်‌လောက်စိတ်ဝင်စားလည်ကိုယ့်ကရင်တိုင်းရင်းသား‌တွေအ‌ပေါ်ဘယ်‌လောက်တိုးတက်‌စေချင်တဲ့သ‌ဘောနဲ့ကိုယ့်အမျိူးကိုယ်ချစ်တဲ့သ‌ဘောအများကြီး‌ဆောင်ပါတယ်။

ထိုးနည်းတူပဲ ကျမတို့ရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNU ကလည်းပဲကိုယ့်တိုင်းရင်းသားအတွက်အသက်‌ပေးခဲ့တာနှစ်‌ပေါင်း ၆၀‌ကျော်သွားပါပြီ။ အခက်အခဲကြားမှာဖြတ်သန်းလာခဲ့တာကရင်လူထုအားလုံးအသိပါပဲ။နားလည်မူလည်းပြိုကွဲခဲ့တာလည်းအြကိမ်ကြိမ်ပါပဲ။ ကျမတို့ကရင် တိုင်းရင်းသားကြားမှာချစ်ချင်းကရှိပြီးသားပါပဲ။ ဒီချစ်ချင်းကဖြူစင်ကြပါတယ်။ ဒီချစ်ချင်းက ပြန်လည်ပြီးအတူတကွလက်တွဲလို့ရပါတယ် ။နားလည်မူသာရှိ ခဲ့ကြရင်ဘာမပြိုကွဲ စရာအ‌ကြောင်းမရှိခဲ့ပါဘူး။ ပြီး‌တော့ခွင့်လွတ်မူလည်းအ‌ရေးကြီးပါတယ်။ 

ဒီလိုနဲ့ KNU အဖွဲ့ကြီးဖြတ်သန်းလာတာဘယ်သူမမထင်မှတ်ထားတဲ့‌တော်လှန်‌ရေးကြီးဟာနှစ်‌ပေါင်းမနည်း‌တော့ပါဘူး။ စစ်ကိုလိုလားလို့ လက်နက်ကိုင်‌ေနတာမဟုတ်ပါဘူး။ အခုပထမဆုံးငြိမ်းချမ်း‌ရေး‌ဆွေး‌နေွးဘို့ပွဲမှာလည်းကရင်လူထုအားလုံးရဲ့ အကြံ‌တွေ‌ေတာင်းခဲ့ကြပါတယ်။ ‌တော်‌တော်များများ‌ပေးပို့တယ်လို့လည်းသိရှိရပါတယ်။

ဒီအကြံ‌တွေကရင်‌တွေရဲ့အဓိကလိုအပ်ချက်ကိုလည်းအများလိုချင်ခဲ့အချက်‌တွေကို‌ရွေးပြီး‌တောင်းဆိုခဲ့တယ်လို့ပဲကျမထင်ပါတယ်။ ကိုယ့်ရဲ့‌တောင်းဆိုတဲ့အချက်မပါတာရှိလည်းနားလည်‌ပေးရမှာ‌ပေါ့။ အခူသွားခဲ့တဲ့အဖွဲ့လည်းကရင်လူထု‌ရောတိုင်းရင်းသား အားလုံးအတွက်‌ရော အ‌ကောင်းဆုံးဖြစ်‌အောင်ြကိုးစားပြီးအတက်နိုင်ဆုံးလုပ်‌ဆောင်ခဲ့ကြတာပါပဲ။ သူတို့အ‌ပေါ်‌ဝေဖန်မူက‌တော့‌ကောင်းပါတယ်။ ‌ဝေဖန်မူက‌နေအပြစ်တင်မူမ‌ရောက်ဘို့ကအ‌ရေးကြီးပါတယ်။ KNU ‌ခေါင်း‌ဆောင်‌တွေလည်းဗမာလို‌ကောက်ကျစ်တဲ့သူနဲ့‌တွေဘို့ သတိ‌မွေးရတာပါပဲ။

သို့‌ပေမဲ့လည်း ကိုယ့်လူမျိူးအတွက်အရဲစွန့်ပြီးသွားကြရတာပါပဲ။ အခုမ မဟုတ်ပါဘူးအရင်‌ခေါင်း‌ဆောင်‌တွေလည်း

သတိ‌မွေးခဲ့ရတာပါပဲ။ အခုချူပ်ဆိုတဲ့စာချုပ်မှာအားလုံးအတွက်ရည်ရွယ်ပြီး‌တော့လုပ်ခဲ့တာဟာ ကျမတို့ကရင်‌တွေမြင်
‌စေချင်ပါတယ်။ တမျိူးသားလုံးအတွက်အပြည့်အဝအခွင့်အ‌ရေးမရှိ ‌စေရဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆိုပြီး ကိုယ့်ရန်သူ‌တွေနဲ
အ‌ပျော်တမ်းထမင်းစားနိုင်မှာ‌တော့မဟုတ်ပါဘူး။  ကရင်လူထုအတွက်အာမခံတဲ့ငြမ်းချမ်း‌ရေးမဟုတ်ဘူးဆိုတာ‌တော့ အခုချက်
ချင်းမ‌ပြောနိုင်ပါဘူး။ KNU ဘက်က‌တော့ကြိုးစားပြီး‌တော့ငြိမ်းချမ်း‌ရေးလုပ်‌ဆောင်‌နေတာပါပဲ။

ဗမာဘက်ကဘိုးဘွားစဉ်ဆက်အရထိမ်းသိမ်းလာတဲ့ ” ကိုယ့်စကားအ‌ပေါ်ကိုယ်မတည်မူ၊ သစာမရှိမူ” ‌တွေကိုမပြင်ပဲဆက်လက်ထိမ်းသိန်းချင်‌သေးရင်‌တော့  KNU ဘက်ကလည်းလက်နက်ထပ်ကိုင်ရုံပဲရှိ‌တော့တာ‌ပေါ့။  ငြိမ်းချမ်း‌ရေးအတွက်သွားခဲ့တဲ့ KNU ‌ခေါင်း‌ဆောင်‌တွေက
ကရင်‌တွေထပ်ပြိး‌တော့ပြိုကွဲ‌အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သွားမယ်ဆိုပြီးဒီခရီးစဉ်ကိုစခဲ့တယ်ဆိုရင်မြဝတီတဘက်
ကမ်းကိုသူတို့ကူး‌တော့မှာမဟုတ်ပါဘူး။ ‌ချောင်းထဲမှာပဲသူတို့ကိုယ်သူတို့သတ်‌သေသွားတာကပိုပြီး မြတ်တယ်လို့သူတို့ရဲ့နှလုံးသား
ထဲမှာရှိ‌နေပြီးသားပါပဲ။ သို့‌ပေမဲ့လည်း တချိူ့လူ‌တွေကပူပင်လွန်လို့ပဲလားမသိပါဘူးထပ်ပြီးပြိုကွဲမှာကိုဆိုးရိမ်‌နေတာ‌တွေ့ရပါတယ်။

ကျမ‌ပြောခဲ့သလိုကျမတို့ကရင်‌တွေအချင်းချင်းမှာ ဖြူစင်တဲ့ချစ်ချင်းကရှိပြီးသားပါပဲ နားလည်မူနဲ့ခွင့်လွတ်တတ်မူမရှိလို့သာပြိုကွဲခဲ့ရတာပါ။
ဒီလိုမပြိုကွဲ‌အောင်ကျမတို့တိုင်းရင်းသားအားလုံးအ‌ပေါ်မှာတာဝန်ရှိပါတယ်။ KNU နဲ့ DKBA အ‌ပေါ်မှာပဲတာဝန်ရှိတယ်လို့မယူဆြကပါနဲ့။
ကျမတို့ကရင်လူထု‌တွေအားလုံးကိုယ့်လူမျိူးကိုကိုယ်တကယ်ချစ်တယ်ဆိုရင် ကရင်အချင်းချင်းကြားမှာဖြစ်‌စေ ယခုလက်မှတ်‌ရေးထိုးခဲ့
တဲ့ကိစမှာဖြစ်‌စေ တစ်‌ယောက်နဲ့တစ်‌ယောက်အပြစ်မဆိုြကပဲနဲ့ ‌နောက်ထပ်ပိုပြီး‌ကောင်းလာ‌အောင်ကိုယ့်ဘက်က ဘယ်လိုလုပ်‌ဆောင်‌ပေး
မလည်းဆိုတာသာစဉ်းစားကြ‌စေချင်ပါတယ်။

ဆက်လက်‌ဖော်ပြသွားပါမည်
‌နော်ဝါးဝါးဖိုး