Home သတင်း KNLA နယ်‌မြေအတွင်း မြန်မာစစ်တပ် အင်အားဖြည့်လာ

KNLA နယ်‌မြေအတွင်း မြန်မာစစ်တပ် အင်အားဖြည့်လာ

1655
ဒီဇင်ဘာလ ၁၄ရက်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်အတွင်းတွင် မြန်မာစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၉) လက်‌အောက်ခံ စစ်ဗျူ ဟာ(၃)က ယခုပတ်အတွင်း အင်အားဖြည့်ရန် ‌ရောက်ရှိလာသည်ဟု ထို‌ဒေသရှိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA က ‌ပြောသည်။

ဘုရားသုံးဆူမြို့နယ်ရှိ အနန်းကွင်းနှင့် ‌တောင်‌ပေါက် စသည့်ဂွင်များတွင် ‌ရောက်ရှိလာသည့် အဆိုပါ စစ်ဗျူဟာ(၃)ခု၏ လက် ‌အောက်ခံ တပ်ရင်း အ‌ရေအတွက်နှင့် စစ်သည်အင်အား မည်မျှရှိသည်ကို မသိရှိရ‌သေး‌ပေ။

ယခုလို အစိုးရတပ် ထပ်မံ ‌ရောက်ရှိလာမှာ မည်သည့်အ‌ကြောင်း‌ကြောင့် ဆိုသည်ကို ယခုအချိန်တွင် မခန့်မှန်း‌သေးဟုလည်း ‌ကေအဲန်ယူဘက်က ‌ပြောသည်။

ထိုသို့ KNLA နယ်‌မြေအတွင်း မြန်မာစစ်တပ်၏ အင်အား ထပ်မံ ဖြည့်တင်းလာသည်နှင့် ပတ်သက်၍ အ‌သေးစိတ်ကို သိရှိရန် ‌ကေအိုင်စီက ဆက်လက် စုံစမ်း‌နေဆဲ ဖြစ်သည်။