Home ထိပ်တန်းသတင်း အကျဉ်းသားများ ထပ်မံလွှတ်‌ပေးမည်ဟု မီးရထားဝန်ကြီး ဦး‌အောင်မင်း ထုတ်‌ဖော်‌ပြော

အကျဉ်းသားများ ထပ်မံလွှတ်‌ပေးမည်ဟု မီးရထားဝန်ကြီး ဦး‌အောင်မင်း ထုတ်‌ဖော်‌ပြော

2268
ဒီဇင်ဘာလ ၂၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

လာမည့်နှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ အကျဉ်း‌ထောင်အတွင်းရှိ နိုင်ငံ‌ရေး အကျဉ်းသားအပါအဝင် ရာဇဝတ် အကျဉ်းသား များကို ထပ်မံလွှတ်‌ပေးမည်ဟု ယမန်‌နေ့က ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် ‌တွေ့ဆုံစဉ် မီးရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်းက ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။

ဦး‌အောင်မင်း ကိုယ်တိုင် ဇန်နဝါရီလ ၄ရက်‌နေ့တွင် တကြိမ်၊ ၁၂ ရက်‌နေ့တွင် တကြိမ် နှစ်သုတ်ခွဲပြီး လွှတ်‌ပေးမည်ဟု ‌ပြောသွားခဲ့ ‌ကြောင်း KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူးဖြစ်သူ ပဒို‌စော‌ဒေးဗစ်‌ထောက ယခုလို ‌ပြောသည်။

၎င်းက “သူတို့(ဦး‌အောင်မင်းနှင့်အဖွဲ့)က ကျ‌နော်တို့ကို ‌ပြောတာက‌တော့ နှစ်ဖွဲ့ခွဲလွှတ်‌ပေးမှာ‌ပေါ့။ နိုင်ငံ‌ရေး အကျဉ်းသား ‌ကော ရာဇဝတ် အကျဉ်းသား‌ကော ပါမယ်။ ဒါ‌ပေမယ့် ဘယ်နှစ်‌ယောက်လွှတ်‌ပေးဆိုတာ‌တော့ မပါဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အကျဉ်းသားများကို လွှတ်‌ပေးမည်ဆိုသည့် ဇန်နဝါရီလ ၁၂ရက်‌နေ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် KNU နှင့် မြန်မာအ စိုးရတို့ တရားဝင် ‌တွေ့ဆုံ‌ဆွေး‌နွေးကြမည့်ရက်လည်း ဖြစ်သည်။

နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း(မြန်မာနိုင်ငံ)-AAPP ၏ အတွင်း‌ရေးမှူး ကိုတိတ်နိုင်က မြန်မာအစိုးရ က အကျဉ်းသားများကို လွှတ်‌ပေးမည့်သတင်းသည် ၎င်းတို့အ‌နေဖြင့်လည်း ကြားသိထား‌ကြောင်း၊ နိုင်ငံ‌ရေး အကျဉ်းသား မည် သည့်အတိုင်းအတာဖြင့် လွှတ်‌ပေးမည်ကို ‌စောင့်ကြည့်ရဦးမည်ဖြစ်‌ကြောင်း ယခုလို ‌ပြောဆိုသည်။

“သူတို့(အစိုးရ)က‌တော့ အကျဉ်းသား‌တွေကို လွှတ်မယ်ဆိုတာ နိုင်ငံ‌ရေးအကျဉ်းသား ဘယ်‌လောက်ပါမလဲ ကြည့်ရဦးမယ်။ ဘာဖြစ်လဲဆိုရင် အကျဉ်းကျတဲ့သူ‌တွေဟာ ဘယ်လိုပုဒ်မမျိုးနဲ့ နိုင်ငံ‌ရေးပုဒ်မဆိုပြီး တိတိကျကျ ‌ပြောထားတာ မရှိဘူး။”ဟု ၎င်း က ‌ပြောသည်။

AAPP ၏ စာရင်းမှတ်တမ်းအရ လက်ရှိ မြန်မာနိုင်ငံ အကျဉ်း‌ထောင်ထဲတွင် နိုင်ငံ‌ရေးအကျဉ်းသား ၁,၅၀ဝဦး‌ကျော်ရှိ‌ကြောင်း ‌ဖော်ပြထား‌သော်လည်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD၏ စစ်တမ်း‌ကောက်ယူချက်မှာ နိုင်ငံ‌ရေးအကျဉ်းသား ၆၀ဝခန့်သာ ရှိ‌ကြောင်း သိရသည်။

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၂ရက်‌နေ့တွင် အကျဉ်းသား ၆‌ထောင်‌ကျော် လွှတ်‌ပေးခဲ့ရာတွင် နိုင်ငံ‌ရေးအကျဉ်းသား ၂၀ဝခန့် ပါဝင်ခဲ့ပြီး ထိုအထဲတွင် သျှမ်းတိုင်းရင်းသား‌ခေါင်း‌ဆောင် ဗိုလ်ချုပ်‌ဆေထင်နှင့် လူရွှင်‌တော် ဇာဂနာလည်း ပါဝင်ခဲ့သည်။