Home ဆောင်းပါး “ပင်လုံ”ကို အသုံးချ‌နေပြီ

“ပင်လုံ”ကို အသုံးချ‌နေပြီ

1646
တူ‌မောင်ညို

(၂၀၁၁၊ ဒီဇင်ဘာ ၂၁ရက်)

“ဒုတိယပင်လုံ ”သို့မဟုတ် “၂၁ရာစုပင်လုံ”အ‌ကြောင်း ‌ပြောကြဆိုကြပြီးတဲ့‌နောက် ဒီတခါ “ပင်လုံ” အ‌ကြောင်း‌ပြောတာ ဦး‌အောင်‌သောင်း ဖြစ်တယ်။

ဦး‌အောင်‌သောင်းက ပထမတစ်ကြိမ်‌ပြောတာ မ‌ပေါက်လို့နဲ့တူတယ်။ ဒုတိယတစ်ကြိမ်ထပ်‌ပြောတယ်။ တဆင့်ပြန်‌ပြောတာကို ကြားရတာ ဖြစ်တယ်။ ဦး‌အောင်‌သောင်းအသံကို တိုက်ရိုက်ကြားရတာ မဟုတ်ဘူး။
“ပင်လုံ” အ‌ကြောင်း ဦး‌အောင်‌သောင်း စ‌ပြောတာက ဒီဇင်ဘာလ ၂ရက်‌နေ့၊ ‌တောင်ကြီးမှာ RCSS/SSA (‌တောင်ပိုင်း)နဲ့ ‌တွေ့တဲ့အချိန်မှာ ‌ပြောတာလို့ SSA (‌တောင်ပိုင်း) ‌ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်း‌လောင်ဆိုင်းကတဆင့် ပြန်‌ပြောပြတာပါ။
“ပင်လုံထက်‌ကောင်းတဲ့ အမျိုးသားညီလာခံကြီးတရပ်ကို ကျင်းပ‌ပေးမယ်လို့ ကျ‌နော်တို့ကို ‌ပြောသွားပါတယ်”

ဒုတိယအကြိမ်‌ပြောတာ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးအဖွဲ့ ‌ခေါင်း‌ဆောင်နဲ့ အဖွဲ့ဒုတိယ‌ခေါင်း‌ဆောင်တို့ သတင်းဌာနများ၊ ဂျာနယ်များမှ သတင်း‌ထောက်များနဲ့‌တွေ့ဆုံရာမှာ (ရန်ကုန်၊ ပြည်လမ်း၊ ဟိုတယ်ရန်ကုန်၊ ၁၆ ဒီဇင်ဘာ၊ ၂၀၁၁) ဦး‌အောင်‌သောင်းက ‌ပြောတာပါ။ အဲဒီ‌ပြောကြားချက်ကို ကိုကို(စက်မှု) ဆိုသူက တဆင့်ပြန်‌ပြောတာပါ။ (၁၆ ဒီဇင် ဘာ- ဒီဗွီဘီ)
“ပင်လုံညီလာခံထက် ကြီးကျယ်တဲ့ တိုင်းရင်းသားဆိုင်ရာ ညီလာခံကြီးကို လုပ်‌ပေးသွားမယ်”တဲ့။

အခု‌တော့ “ပင်လုံ”ဟာ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရအတွက် အသုံးချစရာစကားလုံးဖြစ်လာ‌နေပြီ။
“ပင်လုံ”ကို လက်‌တွေ့ အသုံးချ‌နေပြီ။

ဒီတစ်ခါ “ပင်လုံ”ကို ‌ပြောတဲ့သူက အရင်လို အုပ်စိုးခံ‌တွေဘက်က၊ အတိုက်အခံ အင်အားစု‌တွေဘက်က ‌ပြော‌နေတာ မဟုတ် ဘူး။ အာဏာရအုပ်စိုးသူဘက်က ‌ပြောလာတာဖြစ်တယ်။ (၂၀၀၈) ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲက ‌ပြော‌နေတာဖြစ်တယ်။ ဒါ့အပြင် အ‌ခြေခံဥပ‌ဒေ ‌ဘောင်ထဲဝင်‌ရောက်လာပြီးမှ၊ ကိုင်ထားတဲ့လက်နက်‌တွေစွန့်ပြီးမှ၊ လွှတ်‌တော်ထဲ‌ရောက်လာမှ ဆိုတဲ့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်‌တွေ ရှိ‌သေးတယ်။ ဒီအချက်‌တွေပြည့်စုံလာတဲ့အခါမှ “ပင်လုံညီလာခံထက်ကြီးကျယ်တဲ့ တိုင်းရင်းသားဆိုင်ရာ ညီလာခံကြီးလုပ်‌ပေးမယ်”လို့ နှပ်‌ကြောင်း‌ပေးတာ ဖြစ်တယ်။ ဒီလိုကျင်းပနိုင်ဖို့ အနည်းဆုံး ၂နှစ်၊ ၃နှစ် ‌လောက် ကြာနိုင်တယ်လို့လည်း ‌ပြောတယ်။

ဘယ်လိုလုပ်ပြီး (၂၀၀၈) ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာ ပင်လုံညီလာခံထက် ကြီးကျယ်စရာရှိမှာလဲ။
အ‌ပေါ်ယံပုံသဏ္ဍာန်အရ‌တော့ အကျယ်ချဲ့ချင်သ‌လောက် ချဲ့နိုင်ပါလိမ့်မယ်။ ဒါ‌ပေမယ့် ပင်လုံရဲ့တကယ့်အနှစ်သာရ‌တော့ တစိုးတစိမျှ ပါလာမှာမဟုတ်ပါဘူး။

ပင်လုံရဲ့ မူလအနှစ်သာရဆိုတာ “ဗြိတိသျှကိုလိုနီနယ်ချဲ့သမားရဲ့ ‌သွေးခွဲ‌ရေးပရိယာယ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး လွတ်လပ်‌ရေးကို အတူတကွ တပြိုင်တည်း အရယူကြဖို့နဲ့ လွတ်လပ်လာတဲ့ နိုင်ငံ‌တော်သစ်မှာ ဒီမိုက‌ရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အပြည့်အဝရှိတဲ့ ပြည်‌ထောင်စု (Federal) စစ်စစ် နိုင်ငံတည်‌ဆောက်ကြဖို့ ဖြစ်ပါတယ်။ ဒီအနှစ်သာရ အ‌ကောင်အထည် ‌ဖေါ်ဖို့ (၂၀၀၈) ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဖြစ်လာနိုင်စရာ အလားအလာလည်း မရှိပါဘူး။

(၂၀၀၈) ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုတာ ပြည်‌ထောင်စု (Federal) စစ်စစ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ မဟုတ်မှန်း လူပြိန်း‌တောင် သိပါတယ်။ ဒီမိုက‌ရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်‌ထောင်စု(Federal) စစ်စစ်နိုင်ငံ တည်‌ဆောက်ကြဖို့လည်း
သူတို့လုပ်‌ပေးနိုင်မှာ မဟုတ်ပါဘူး။
သူတို့လုပ်‌ပေးနိုင်မှာက အ‌ပေါ်ယံ ပုံသဏ္ဍာန်‌တွေနဲ့လှည့်စားထားတဲ့ “ပင်လုံ ဝပ်‌ရှော့ကြီး” ပဲဖြစ်မှာ‌ပေါ့။ လူများပြီး ကျယ်ပြန့်တဲ့ ပင်လုံဝပ်‌ရှော့ကြီး‌တော့ ဖြစ်နိုင်ပါတယ်။ သူတို့လုပ်‌ပေးနိုင်ပါတယ်။ လုပ်လည်း‌ပေးမှာပါ။ ကြံ့ဖွံ့က ဦးစီးတဲ့ “လူထုအစည်းအ‌ဝေး ပွဲကြီး” ဆိုတာမျိုး‌ပေါ့။

လက်‌တွေ့ဖြစ်ရပ်မှာပဲ ကြည့်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု‌တွေနဲ့ ပဏာမအဆင့် သ‌ဘောတူညီချက်ဆိုတာ‌တွေ လက်မှတ်‌ရေးထိုး‌နေကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတိုင်းနဲ့လည်း ပဏာမအဆင့် သ‌ဘောတူ လက်မှတ် ‌ရေးထိုးနိုင်မယ့် အလားအလာ‌တွေ ရှိ‌နေပါတယ်။ ပဏာမအဆင့်က မခက်ခဲပါဘူး။

အတိုက်အခိုက် အပစ်အခတ်ရပ်စဲ‌ရေး၊ ဆက်သွယ်‌ရေးရုံးဖွင့်လှစ်‌ရေး၊ သတ်မှတ်နယ်‌မြေအတွင်း‌နေ‌ရေး၊ သတ်မှတ်နယ်‌ကျော် သွားလာတဲ့အခါ လက်နက်မကိုင်‌ဆောင်‌ရေးနဲ့ “ထာဝရငြိမ်းချမ်း‌ရေး”အတွက် ဆက်လက် ‌ဆွေး‌နွေး‌ရေး ဆိုတဲ့အချက်‌တွေပဲ ဖြစ်ပါတယ်။
ဒါ‌ကြောင့် ပဏာမအဆင့် သ‌ဘောတူချက်‌တွေ လက်မှတ်‌ရေးထိုးဖို့ မခက်ခဲပါဘူး။ အဖွဲ့အားလုံးနဲ့ ပဏာမအဆင့် လက်မှတ် ‌ရေးထိုးနိုင်မယ့် အလားအလာ‌တွေလည်း ရှိ‌နေပါတယ်။ (UNFC) က ချမှတ်ထားတဲ့ မူအတိုင်း အားလုံးနဲ့ တစ်ပြိုင်နက် ‌ဆွေး ‌နွေး‌ရေးက‌တော့ လက်‌တွေ့မှာ အလှမ်း‌ဝေး‌နေမြဲ၊ ‌ဝေး‌နေဆဲ ဖြစ်ပါတယ်။

ဒါ‌ပေမယ့် ပဏာမအဆင့်နဲ့ မတူခြားနားတာက ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့ (‌အောင် ‌သောင်း – သိန်း‌ဇော် ၁၁ဦးအဖွဲ့)နဲ့ ‌ဆွေး‌နွေးရာမှာ ‌အောက်ပါအချက်‌တွေကို ပဏာမသ‌ဘောတူညီချက် လက်မှတ်ထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တိုင်းက သ‌ဘောတူ‌နေကြတာကို သတိပြုမိပါတယ်။

– ပြည်‌ထောင်စုအတွင်းမှ ခွဲထွက်ခြင်း၊ နိုင်ငံ‌တော်ကိုဆန့်ကျင်ခြင်း စသည်တို့ကို လုံးဝပြုလုပ်မည်မဟုတ်‌ကြောင်း
– ပြည်‌ထောင်စု မပြိုကွဲ‌ရေး၊ တိုင်းရင်းသား စည်းလုံညီညွှတ်မှု မပြိုကွဲ‌ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ‌ရေးတို့ကို ထာဝစဉ် ထိန်းသိမ်း ‌စောင့်‌ရှောက်သွားရန်
– မူးယစ်‌ဆေးဝါးဆန့်ကျင်‌ရေး ပြည်‌ထောင်စုအစိုးရနှင့် ပူး‌ပေါင်း‌ဆောင်ရွက်ရန်
– ဆက်လက်ပြီး “ထာဝရငြိမ်းချမ်း‌ရေး ”တည်‌ဆောက်နိုင်‌ရေးအတွက် ‌ဆွေး‌နွေးမှုများ ပြုလုပ်သွားရန်
စသဖြင့် ဖြစ်ပါတယ်။ “ထာဝရငြိမ်းချမ်း‌ရေး” ဆိုတာ “လက်နက်စွန့်ပြီး အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲဝင်‌ရေး”လို့ သမ္မတဦးသိန်းစိန် က ‌ပြောထားပြီးသား ဖြစ်ပါတယ်။

လက်နက်ကိုင် တိုင်းရင်းသားအင်အားစု‌တွေ တစ်‌လျှောက်လုံး‌တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိ တဲ့ ပြည်‌ထောင်စု (Federal) စစ်စစ် နိုင်ငံတည်‌ဆောက်‌ရေး” ဆိုတဲ့ ရည်မှန်းချက်ကို ဘယ်လိုရရှိ‌အောင် ‌ဆောင်ရွက်ကြမလဲ။
ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈)‌ဘောင်ထဲဝင်လိုက်တာနဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်‌ထောင်စု(Federal)စစ်စစ်” တည်‌ဆောက်နိုင်မှာလား။
(KIO)က ‌ပြော‌နေ၊ ‌တောင်းဆို‌နေတာက‌တော့ “နိုင်ငံ‌ရေးအရ‌ဆွေး‌နွေး‌ရေး” ဖြစ်ပါတယ်။
SSA (‌တောင်ပိုင်း) ‌ပြောခွင့်ရသူက ဗိုလ်မှူး‌လောင်ဆိုင်း (၂ဝ ဒီဇင်ဘာ – သျှမ်းသံ‌တော်ဆင့်) ‌ပြောသွားတာက – “လွတ်လပ် ‌ရေး မယူ‌တော့ဘူးလား။ ပြည်‌ထောင်စုကိုပဲ ယူမှာလားဆိုတဲ့ကိစ္စ၊ တတိယအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးမယ့် အဆင့်မှာ ထည့်သွင်း ‌ဆွေး‌နွေးသွားမှာပါ၊ ဒီကိစ္စ အဖွဲ့အစည်းတစ်ခုထဲ ဆုံးဖြတ်လို့မရဘူး၊ လူထုတစ်ရပ်လုံးနဲ့ အဖွဲ့အစည်းအသီးသီးက ဆုံးဖြတ်‌ပေး ရမှာ ဖြစ်ပါတယ်။ လူထုရဲ့ ဆုံးဖြတ်ချက်ကို ‌လေးစား အ‌လေးထားပါတယ်။

တကယ်‌တော့ ခွဲထွက်‌ရေး/ ပူး‌ပေါင်း‌ရေးဆိုတာ ‌တွေဟာ အစိုးရရဲ့စစ်မှန်‌သော ‌စေတနာထားရှိမှု ဆိုတဲ့အချက်မှာ မူတည်ပါ တယ်”လို့ ‌ပြောထားတာရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု‌တွေ ဘယ်လိုနည်းနဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးကြမလဲ။ ဘယ်လိုပုံစံနဲ့လက်နက်စွန့်ကြမလဲ။ ဘယ်လိုပြင်ဆင်ချက်နဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈) ‌ဘောင်ထဲ ဝင်‌ရောက်ကြမလဲ။
ဘယ်သူက‌ပြော‌ပြော၊ ဘယ်အဖွဲ့အစည်းကပဲ‌ပြော‌ပြော “ပင်လုံညီလာခံ”၊ “ပင်လုံစိတ်ဓါတ်”လို့‌ပြောရင် စစ်မှန်တဲ့ ဒီမိုက‌ရေစီ ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်‌ထောင်စု(Federal) စစ်စစ်နိုင်ငံတည်‌ဆောက်‌ရေးဆိုတဲ့ အချက်‌တွေ မုချ ပါဝင်ရမယ်။ အဲဒီလိုအချက်‌တွေ မပါဝင်ဘူးဆိုရင် “ပင်လုံညီလာခံ”၊ “ပင်လုံစိတ်ဓါတ်”လို့ ဘယ်လိုပဲ အမည်တပ်ထားပါ‌စေ၊ အဲဒါဟာ “ပင်လုံအတုအ‌ယောင်”ပဲ ဖြစ်လိမ့်မယ်။
‌သေချာတာ‌တော့ “ပင်လုံ”ဟာ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအတွက် အသုံးချစရာ စကားလုံး ဖြစ်လာ‌နေပြီ။ “ပင်လုံ”ကို အသုံးချ‌နေပြီ။