Home သတင်း ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးသည့် KPC ကိုအာဏာပိုင်များ ‌စောင့်ကြည့်မှုရှိ‌နေ

ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးသည့် KPC ကိုအာဏာပိုင်များ ‌စောင့်ကြည့်မှုရှိ‌နေ

2646
ဒီဇင်ဘာလ ၁၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိပ်ပိုင်း‌ခေါင်း‌ဆောင်တချို့နှင့် ယခုလ ပထမပတ်က ‌တွေ့ဆုံခဲ့သည့် ဘားအံမြို့ အ‌ခြေ စိုက် ကရင်ငြိမ်းချမ်း‌ရေး‌ကော်မတီ(KPC) ကို အစိုးရအာဏာပိုင်များက ‌စောင့်ကြည့်‌နေသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရ သည်။

ယခုလ ဒီဇင်ဘာလ ၇ရက်‌နေ့က ကရင်ငြိမ်းချမ်း‌ရေး‌ကော်မတီ-KPC မှ KNU နှင့် ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာ၌ ငြိမ်းချမ်း ‌ရေးကိစ္စ လာ‌ရောက်‌တွေ့ဆုံခဲ့ပြီး ‌နောက်ပိုင်းတွင် ယခုလို အစိုးရ အာဏာပိုင်များက ‌မေးမြန်း‌စောင့်ကြည့်ခြင်း ဖြစ်သည်ဟု ဘားအံမြို့ရှိ လူမှု‌ရေးအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

“ကျမတို့ သိရသ‌လောက်က KPC က ငြိမ်းချမ်း‌ရေးကိစ္စ ‌ကေအဲန်ယူနဲ့ သွား‌တွေ့ပြီး‌နောက်ပိုင်း ဦး‌အောင်‌သောင်းက ‌တောင်က ‌လေး ဆရာ‌တော်ကို ငြိမ်းချမ်း‌ရေးကိစ္စ သွား‌တွေ့ရတာနဲ့ပတ်သက်ပြီး သွား‌မေးတယ်လို့ ကြားတယ်‌လေ။”ဟု ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ KPC က လာ‌ရောက်‌တွေ့ဆုံသူ အာဏာပိုင်၏ အမည်ကို ထုတ်‌ဖော်‌ပြောဆိုလိုသည့် ဆန္ဒမရှိ‌သော် လည်း လာ‌ရောက်သည်မှာ ဟုတ်မှန်‌ကြောင်း အမည်မ‌ဖော်လိုသူ KPC ဦး‌ဆောင်အဖွဲ့ဝင်တစ်ဦးက ယခုလို အတည်ပြု ‌ပြော ဆိုခဲ့သည်။

“ဟိုက (KNU)လူ‌တွေနဲ့ ‌တွေ့ပြီး ဒီမှာပြန်‌ရောက်လို့ ရက်ပိုင်းမှာပဲ သူတို့ (အာဏာပိုင်)ဘက်က လာ‌မွှေတာက‌တော့ ရှိတယ်။ ဆရာ‌တော်(‌တောင်က‌လေး ဆရာ‌တော်)နဲ့ ‌တွေ့ချင်တယ်တဲ့ ‌ပြောတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

သို့‌သော် လူကိုယ်တိုင် လာ‌ရောက်‌တွေ့ဆုံသည့် အစိုးရအာဏာပိုင်များအ‌နေဖြင့် ဖိအား‌ပေး ခြိမ်း‌ခြောက်မှုများ မရှိ‌ကြောင်း လည်း အဆိုပါ KPC အဖွဲ့ဝင်က ဆက်‌ပြောသည်။

KPC နှင့် KNU တို့ ‌တွေ့ဆုံခဲ့ရာတွင် KPC အ‌နေဖြင့် သံဃာ‌တော်နှစ်ပါး ပါဝင်ခဲ့‌သော်လည်း စစ်မှန်သည့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး မှု တိုးတက်‌စေရန်အတွက် ကြားခံအဖြစ် တတ်စွမ်းသမျှ ကြိုးစားဆက်သွယ် ကူညီ‌ပေးမှုများ ပြုလုပ်‌ပေးသွားမည်ဟုသာ KPC ဘက်မှ ‌ဆွေး‌နွေးခဲ့ခြင်း ဖြစ်သည်။

KPC သည် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ရန် မည်သည့်အဖွဲ့အစည်းနှင့်မဆို ‌တွေ့ဆုံသင့်‌ကြောင်း၊ ‌ကေအဲန်ယူနှင့် ‌တွေ့ဆုံခဲ့မှုအ‌ပေါ်လည်း လက်ခံကြိုဆို‌ကြောင်း ပြည်တွင်းပြည်ပရှိ ကရင်ပြည်သူများက ‌ပြောဆို‌နေကြသည်။

အိန္ဒိယနိုင်ငံရှိ စာသင်သား ကရင်ရဟန်း‌တော်တစ်ပါးက “စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးလမ်း‌ပေါ် ‌လျှောက်လှမ်း‌နေတာပဲ။ ဖြစ်နိုင်ရင် ဦးဇင်းတို့က ပိုပြီး‌တောင် အား‌ပေးရမယ်‌လေ။ ဘာလို့လဲဆို‌တော့ ကိုယ့်အမျိုးသား‌ရေးအတွက် တခြားလူ‌တွေနဲ့ မညှိနှိုင်း‌သေး ဘဲ ကိုယ့်အချင်းချင်း ‌တွေ့ဆုံညှိနှိုင်းတာက‌တော့ အသင့်‌တော်ဆုံးလို့ ဦးဇင်း မြင်တာပဲ‌လေ။”ဟု သုံးသပ်‌ပြောဆိုသည်။

ရန်ကုန်မြို့ ခဝဲခြံရှိ ကရင်ပြည်သူတစ်ဦးက “ကရင်လူထု‌တွေအ‌နေနဲ့က‌တော့ KPC ငြိမ်းချမ်း‌ရေးကိစ္စ ‌တွေ့ဆုံမှု‌တွေ လုပ်တာ ကို ကြားရ‌တော့ ဝမ်းသာတာ‌ပေါ့။”ဟု ‌ပြောသည်။

ကရင်လူမျိုးများအချင်းချင်း စည်းလုံးညီညွှတ်‌ရေးနှင့် မြန်မာပြည်ငြိမ်းချမ်း‌ရေးကို ‌ရှေးရှု၍ Karen Peace Committee-KPC အဖွဲ့ကို ပြီးခဲ့သည့်နှစ်အနည်းငယ်က ဦး‌ဆောင်အဖွဲ့ဝင် ဆရာ‌တော် ၉ပါးဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဖွဲ့စည်းခဲ့သည်။

လက်ရှိအစိုးရသစ် လက်ထက်တွင် ‌တောင်သာမြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦး‌အောင်‌သောင်းသည် ပြည် ‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမည့်အဖွဲ့၏ အဖွဲ့‌ခေါင်း‌ဆောင်ဖြစ်ပြီး စစ်အစိုးရလက်ထက်က အမှတ်(၁) စက်မှုဝန်ကြီး ဌာန ဝန်ကြီးဖြစ်သည်။