Home သတင်း ၂၀၁၂ ဇန်နဝါရီလတွင် အစိုးရ နှင့် သွား‌ရောက်‌တွေ့ဆုံမည် ဟု ‌ကေအဲန်ယူ‌ပြောဆို

၂၀၁၂ ဇန်နဝါရီလတွင် အစိုးရ နှင့် သွား‌ရောက်‌တွေ့ဆုံမည် ဟု ‌ကေအဲန်ယူ‌ပြောဆို

1651
ဒီဇင်ဘာလ ၂၁ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အပစ်အခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးအတွက် လာမည့်နှစ် ဇန်နဝါရီ ၁၂ရက် ‌နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ မြန်မာအစိုးရနှင့် သွား‌ရောက်‌တွေ့ဆုံမည်ဟု KNU ဘက်က ‌ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့တွင် ယ‌နေ့မနက် ၉နာရီမှ ၁၁နာရီခွဲအထိ ‌တွေ့ဆုံခဲ့သည့် အလွတ်သ‌ဘော ‌ဆွေး‌နွေးပွဲတွင် ယင်းသို့ ‌ဆွေး‌နွေးညှိနှိုင်းခဲ့ခြင်းဖြစ်‌ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ပဒို‌စော‌ဒေး ဗစ်‌ထောက ယခုလို ‌ပြောသည်။

“အခုအလွတ်သ‌ဘော ‌ဆွေး‌နွေးတာက ဘားအံမှာ သွား‌ရောက်‌တွေ့ဆုံမဲ့ကိစ္စကို အဓိကထား ‌ဆွေး‌နွေးကြတာပါ။ လာမဲ့ ဇန်န ဝါရီလ ၁၂ရက်မှာ ‌တွေ့ဆုံကြမှာမို့ အဲဒီရက်မတိုင်ခင် အစိုးရဘက်က သွားလာ‌ရေး‌တွေ စီစဉ်ထားရ‌အောင်ပါ။ ဘားအံမှာ‌တွေ့ မှာက တရားဝင်‌တွေ့မှာပါ။ ဒီ‌နေ့‌တွေ့တာက အလွတ်သ‌ဘောမျိုးပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့‌တွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်မှ ပြည်‌ထောင်စုအဆင့် မီးရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ၈ဦးအဖွဲ့နှင့် KNU ဘက်မှ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘော ဦး‌ဆောင်သည့် အဖွဲ့ဝင် ၇ဦးတို့ ပါဝင်ခဲ့ကြသည်။

KNU သည် ဗဟိုအစိုးရ၏ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်များနှင့် ‌တွေ့ဆုံမှုမှာ ယခုတကြိမ်သည် တတိယအကြိမ်ဖြစ်ပြီး ငြိမ်းချမ်း ‌ရေးနှင့် အပစ်အခတ်ရပ်စဲ‌ရေးအ‌ပေါ် သူ့အမြင်ကိုယ့်အမြင် အပြန်အလှန် ‌ဆွေး‌နွေးဖလှယ်ခဲ့ကြသည့်အ‌ပေါ် နှစ်ဦးနှစ်ဖက် ကိုယ်စားလှယ်များအ‌နေဖြင့် ‌ကျေနပ်အားရမှုရှိ‌ကြောင်းနှင့် ဆက်ဆံ‌ရေးအရ ပိုမိုရင်းနှီးလာ‌ကြောင်းလည်း KNU ဘက်က ‌ပြော ဆိုသည်။

မကြာမီ သွား‌ရောက်‌တွေ့ဆုံမည့်ကိစ္စတွင် အဓိကအားဖြင့် အပစ်အခတ်ရပ်စဲ‌ရေးကို စတင် ‌ဆွေး‌နွေးသွားပြီး ထိုမှတဆင့် ငြိမ်း ချမ်း‌ရေးကိစ္စကို ဆက်လက် ‌ပြောဆိုသွားမည့်အ‌ကြောင်း KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စော‌ဒေးဗစ်သ က‌ဘောက ‌ပြောသည်။

ပဒို‌စော‌ဒေးဗစ်သက‌ဘောက “ဘားအံမှာ သွား‌ဆွေး‌နွေးမဲ့ အပစ်အခတ်ရပ်စဲ‌ရေး ဆိုတာကလည်း ပြီးစလွယ်လုပ်လို့ မရဘူး ‌လေ။ စနစ်တကျနဲ့ စည်းကမ်းရှိရှိ လုပ်ရမယ်။ အပစ်ရပ်‌ရေးက‌နေ political dialogue ကိုသွားမယ်။ ကျ‌နော်တို့ လိုလားတာက တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်း‌ရေးမို့ ဒါကို မူအရ တဆင့်ချင်း လုပ်သွားရမယ်။”ဟု ဆိုသည်။

သို့‌သော် KNU အ‌နေဖြင့် အစိုးရနှင့် သွား‌ရောက်‌တွေ့ဆုံမည့် ကိုယ်စားလှယ်များကို သတ်မှတ်‌ရွေးချယ်ထားခြင်း မရှိ‌သေး ‌သော်လည်း အပစ်အခတ်ရပ်စဲ‌ရေးဖြစ်သည့်အတွက် KNU ဘက်မှ တပ်ဗိုလ်တပ်မှူးများကို ‌ရွေးချယ်‌စေလွှတ်သွားမည့် အ‌နေအ ထားတွင်ရှိ‌ကြောင်း ၎င်းက ဆက်လက်‌ပြောဆိုသည်။

“ကျ‌နော်တို့ ခုချိန်ထိ‌တော့ သွားမဲ့ကိုယ်စားလှယ်‌တွေကို မ‌ရွေးချယ်ရ‌သေးပါဘူး။ တကယ်‌ရွေးဖြစ်ရင်လည်း တပ်ဖက်ဆိုင်ရာ ‌တွေ ပိုများနိုင်တယ်‌လေ။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့မှာက ‌တောင်ပိုင်း၊ ‌မြောက်ပိုင်း တပ်‌တွေရှိတာမို့ပါ။”ဟု ‌ပြောသည်။

ယင်းသို့သွား‌ရောက်‌ဆွေး‌နွေးရန် ထိုင်း-မြန်မာနယ်စပ် မြဝတီကားလမ်းမှ သွားမည်ဖြစ်ပြီး မြန်မာအစိုးရအာဏာပိုင်များဘက်မှ ဇန်နဝါရီလ ၁ဝရက်၊ ၁၁ရက်‌နေ့များတွင် လာ‌ရောက်ကြိုဆိုမည်ဖြစ်‌ကြောင်းလည်း သိရသည်။

၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့မှစ၍ နှစ်‌ပေါင်း ၆၃နှစ်နီးပါး မြန်မာအစိုးရကို ခုခံ‌တော်လှန်ခဲ့သည့် KNU သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်မှ ၁၁ရက်‌နေ့အထိ ပြုလုပ်သည့် အ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် အဖွဲ့ဝင် ၇ဦးပါသည့် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီကို ဖွဲ့စည်းလိုက်သည်။
၎င်း‌ကော်မတီတွင် ဥက္ကဌအဖြစ် KNU ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘော၊ ‌ကော်မတီဒုဥက္ကဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူ တူး‌စေးဖိုး၊ အတွင်း‌ရေးမှူးအဖြစ် ပဒို‌စော‌ဒေးဗစ်‌ထောတို့ဖြစ်ကြပြီး အဖွဲ့ဝင်များအဖြစ် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုး ရာစိန်၊ ကျန်းမာ‌ရေးတာဝန်ခံ ဗိုလ်မှူး‌ရောဂျာခင်၊ သစ်‌တောတာဝန်ခံ ပဒို‌စောအားတိုးနှင့် ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော် ‌အေးတို့ ပါဝင်သည်။

မြန်မာပြည်တွင် ဦးသိန်းစိန်အစိုးရတက်ပြီး‌နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း‌ရေးကိစ္စ ‌ဆွေး‌နွေးရန် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌ရေးအဖွဲ့ကို ယခုလ ၉ရက်‌နေ့က ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ထိုအဖွဲ့တွင် မီးရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ သမဝါယမဝန်ကြီး ဦးအုန်းမြင့်၊ လူဝင်မှုကြီး ကြပ်‌ရေးဝန်ကြီး ဦးခင်ရီ၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်‌တော‌ရေးရာဝန်ကြီး ဦးဝင်းထွန်း၊ စွမ်းအင်ဝန်ကြီး ဦးသန်း‌ဌေး၊ နယ်စပ် ‌ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်‌ဇော်ဝင်း၊ အမှတ်-၂ လျှပ်စစ်ဝန်ကြီးဌာနမှ ဦးခင်‌မောင်စိုးနှင့် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီး‌ကျော်စိုးဝင်းတို့ ပါဝင်သည်။

KNU သည် စက်တင်ဘာလ ၁ဝရက်‌နေ့က ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ ပထမအကြိမ်၊ နိုဝင်ဘာလ ၁၉နှင့် ၂ဝရက်‌နေ့များက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၌ ဒုတိယအကြိမ် ‌တွေ့ဆုံခဲ့ပြီးဖြစ်သည်။