Home ထိပ်တန်းသတင်း မြန်မာအစိုးရနှင့် ‌ဆွေး‌နွေး‌ရေး အတွက်အကြံပြုကြရန် ကရင်လူမှုအဖွဲ့များအား KNU ဖိတ်‌ခေါ်

မြန်မာအစိုးရနှင့် ‌ဆွေး‌နွေး‌ရေး အတွက်အကြံပြုကြရန် ကရင်လူမှုအဖွဲ့များအား KNU ဖိတ်‌ခေါ်

1412
ဒီဇင်ဘာလ ၂၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU သည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် မြန်မာအစိုးရနှင့် တရားဝင် သွား‌ရောက် ‌တွေ့ဆုံ‌ဆွေး‌နွေးမည်ဖြစ်၍ မ‌တွေ့ဆုံမီ အကြံပြုမှုများ ‌ပေးပို့ကြရန် ပြည်တွင်းပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများထံသို့ ယခင်အပတ်က ဖိတ်‌ခေါ်စာတစ်‌စောင် ‌ပေးပို့ခဲ့သည်။

မြန်မာအစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုသည် ကရင်တမျိုးသားလုံး၏အ‌ရေးနှင့် သက်ဆိုင်‌သော‌ကြောင့် ကရင်အဖွဲ့အစည်းနှင့် ကရင်‌ခေါင်း‌ဆောင်တို့၏ အမြင်သ‌ဘောထားနှင့် အကြံပြုချက်များ လိုအပ်လျှက်ရှိ‌ကြောင်း KNU အတွင်း‌ရေးမှူးချုပ် ‌နော်စီ ဖိုးရာစိန်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

သူမက “ကရင်‌တွေ အကြံဉာဏ်‌တွေ ‌ပေးလာကြဖို့ အီး‌မေးလ်နဲ့ ဖိတ်‌ခေါ်စာပို့ထားတယ်။ ‌တော်‌တော်များလည်း ‌ရေးလာကြ ပြီ။ ပြည်ပမှာ၊ နယ်စပ်မှာ‌ရောပဲ။ အထူးသဖြင့် Individual (တသီးပုဂ္ဂလပုဂ္ဂိုလ်)‌ခေါင်း‌ဆောင်‌တွေ များတယ်။ အစိုးရနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲဟာ ‌ကောင်းတယ် ဆို‌ပေမယ့် သတိကြီးကြီးနဲ့ လုပ်သွားဖို့၊ ဆုံးဖြတ်ချက် မမှားကြဖို့နဲ့ သိန်းစိန်အစိုးရ ဟာ သ‌ဘောထားမှန်ကန်မှု ဘယ်‌လောက်ရှိသလဲ စတာ‌တွေ ‌သေချာစိစစ်ဖို့ကို ‌ပြောသူများတယ်။”ဟု ‌ပြောဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပမှ အကြံဉာဏ်များ ‌ပေးလာသည့် လူပုဂ္ဂိုလ် ၈ဝဦး‌ကျော်နှင့် ပြည်ပ၌ အ‌ခြေစိုက်သည့် ဩစ‌တြေးလျား၊ ဆွီဒင်နှင့် မ‌လေးရှား စသည့်နိုင်ငံများမှ အမြင်သ‌ဘောထား ပို့လာကြပြီး ကျန်ရှိသူများက ထပ်မံ ‌ပေးပို့လာ ရန်ရှိ‌ကြောင်းလည်း သူမက ဆက်‌ပြောသည်။

မြန်မာအစိုးရဘက်၏ အပစ်ခတ်ရပ်စဲ‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများအတွက် ကမ်းလှမ်းခဲ့ခြင်းများကို ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်းများ၏ အမြင်များကို သိ‌စေရန် KNU က ဖိတ်‌ခေါ်ခဲ့ခြင်းဖြစ်သည်။

မ‌လေးရှားနိုင်ငံ အ‌ခြေစိုက် မ‌လေးရှားကရင်အဖွဲ့အစည်း-MKO မှ အတွင်း‌ရေးမှူးဖြစ်သူ မန်းဒန်းနစ်‌စောထူးက “ကျ‌နော်တို့ က‌တော့ ‌ဆွေး‌နွေးမယ်ဆိုရင် KNU ဘက်က အမြင်ကြီးကြီးနဲ့ မြင်ဖို့လိုတယ်လို့ပဲ KNU ကို ‌ပြောချင်တယ်။ ‌ဆွေး‌နွေးပြီး ‌အောင်မြင်ခဲ့ရင်‌တောင်မှ လက်‌တွေ့မှာ အကျိုးအမြတ်‌တွေ ရှိလာမှာဦးမှကိုး။”ဟု ‌ပြောသည်။

‌ရွှေဝါ‌ရောင်သံဃာ့အ‌ရေးအခင်းတွင် ဓါတ်ပုံရိုက်ခဲ့သူ ယခု အ‌မေရိကန်နိုင်ငံ ဘတ်ဖလိုးမြို့‌ရောက် ‌စော‌လောအယ်စိုးက လည်း “စားပွဲဝိုင်းမှာ ‌ဆွေး‌နွေးတာ အ‌ကောင်းဆုံးနည်းလမ်းပဲ။ အစိုးရဘက်ကလည်း ‌ဒေါ်‌အောင်ဆန်းစုကြည်တို့၊ တိုင်းရင်း သားအဖွဲ့‌တွေ မပါရင်လည်း သူ့အ‌နေနဲ့က ဘာမှလုပ်လို့ မရ‌တော့မှန်း သိတယ်‌လေ။ ဒီအ‌ပေါ်မှာ ‌ကေအဲန်ယူ အပါအဝင် လက်နက်ကိုင်အဖွဲ့‌တွေကလည်း အခုလို ‌တွေ့ဆုံ‌ဆွေး‌နွေးမှာက ဖြစ်သင့်တဲ့လုပ်ရပ်ပါ။”ဟု သုံးသပ်‌ပြောဆိုသည်။

KNU ဖိတ်‌ခေါ်စာထဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူငယ်အစည်းအရုံး-KYO၊ ကရင်‌ကျောင်းသားများကွန်ယက်အဖွဲ့-KSNG၊ ကရင်တက္ကသိုလ်‌ကျောင်းသားများအဖွဲ့-KUSG၊ ကရင်သဘာဝပတ်ဝန်း ကျင်နှင့် လူမှု‌ရေးအဖွဲ့-KESAN၊ ကရင်ဒုက္ခသည်များ‌ကော်မတီ-KRC စသည့် ကရင်လူမှုအဖွဲ့အစည်းများနှင့် ကရင်ဘာသာ ‌ရေး‌ခေါင်း‌ဆောင်များ အပါအဝင် ‌နော်‌ဝေး၊ အဂင်္လန်၊ ဆွီဒင်၊ က‌နေဒါ၊ ဩစ‌တြေးလျ၊ အ‌မေရိကန်၊ မ‌လေးရှား၊ ဂျပန် စသည့် ပြည်ပလူမှုအဖွဲ့အစည်းများ ပါဝင်သည်။

KNU သည် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးအဖွဲ့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့၌ တရားဝင် သွား‌ရောက်မ ‌တွေ့ဆုံခင် ပဏာမ ‌ဆွေး‌နွေးပွဲ ၃ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ထို့‌နောက်တွင် ‌အောက်‌ခြေရှိ ခရိုင်၊ တပ်မဟာ(၇)ခုမှ ‌ခေါင်း‌ဆောင်များထံ အ‌ကြောင်းကြားထားခဲ့ပြီး ထိုမှတဆင့် နယ်‌မြေ အသီးသီးရှိ ကရင်လူထုများ သိရှိနားလည်‌စေ‌ရေး ရှင်းလင်း‌ပြောဆို‌ပေးရန် ညွှန်ကြားထားပြီးဖြစ်သည်ဟု သိရသည်။