Home သတင်း လှည်းတန်းလမ်းဆုံ ဗုံး‌ပေါက်ကွဲ မှု ‌သေ‌ကြေဒဏ်ရာရမှုရှိ

လှည်းတန်းလမ်းဆုံ ဗုံး‌ပေါက်ကွဲ မှု ‌သေ‌ကြေဒဏ်ရာရမှုရှိ

1570
ဒီဇင်ဘာလ ၂၁ရက်။ ‌ကေအိုင်စီ

ရန်ကုန်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံတွင် ယ‌နေ့မနက် ၁၁နာရီခွဲဝန်းကျင်၌ ဗုံးတစ်လုံး‌ပေါက်ကွဲရာ ‌သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ ရှိသည်ဟု သိရသည်။ အဆိုပါ ဗုံး‌ပေါက်ကွဲမှုမှာ လှည်းတန်းလမ်းဆုံအနီးရှိ အများသုံး ပုဂ္ဂလိက သန့်စင်ခန်း၏ အမျိုးသမီးအိမ်သာ ဘက်ခြမ်း၌ ဖြစ်ပွား ခြင်းဖြစ်ပြီး အမျိုးသမီး ၁ဦး ‌သေဆုံးကာ အမျိုးသမီး ၁ဦးမှာ ဒဏ်ရာရရှိသွားခဲ့‌ကြောင်း ကိုယ်တိုင် သွား‌ရောက်မြင်‌တွေ့ခဲ့သူ ပြည်တွင်းသတင်း‌ထောက် တစ်ဦးက ‌ပြောသည်။

“ဗုံး‌ပေါက်တာ အမျိုးသမီး ၁ဦး‌သေတယ်။ ဒဏ်ရာရတဲ့သူ အမျိုးသမီးကို‌တော့ ရန်ကုန်‌ဆေးရုံကြီးကို ပို့လိုက်ပြီ။ အိမ်သာကတာ့ အမိုးပါ လန်ထွက်သွားတယ်။”ဟု ဆိုသည်။

7Day News ဂျာနယ်သတင်းတွင် အမျိုးသမီး ၂ဦး ‌သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ‌ကြောင်း လုံခြုံ‌ရေးတာဝန်ရှိသူ အချို့က အတည်ပြု‌ပြောကြားသည်ဟု ‌ဖော်ပြထားသည်။

ထို‌ပေါက်ကွဲသည့် ဗုံးမှာ မည်သူ့လက်ချက်ဖြစ်သည်ကို အတည်မပြုနိုင်‌သေး‌သော်လည်း လက်ရှိအချိန်တွင် ဦး‌ခေါင်းနှင့် ‌ခြေလက်များ၌ ဒဏ်ရာရရှိသွားသူကို ရန်ကုန်‌ဆေးရုံကြီးသို့ ပို့‌ဆောင်လိုက်ပြီဖြစ်‌ကြောင်း သိရသည်။

လုံခြုံ‌ရေးတပ်ဖွဲ့များက ‌နောက်ထပ် ‌ပေါက်ကွဲရန် ဗုံးတစ်လုံး ကျန်ရှိ‌နေ‌သေး‌ကြောင်း ယူဆကြသဖြင့် ရှင်းလင်းလုပ်‌ဆောင်‌နေ ဆဲဖြစ်‌ကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ‌ပြောဆို‌နေကြသည်။