Home ဆောင်းပါး လွင့်ပါးပြယ်ပျက်ခဲ့ပြီ

လွင့်ပါးပြယ်ပျက်ခဲ့ပြီ

2017
M. ထက်‌ခေါင်

(၁)
ရာသီစက်ဝန်း တစ်ပတ်လည်ခဲ့ ပြန်‌ချေပြီ။ တနှစ်တာ လွန်‌မြောက်လာသည့် ယခုအချိန်တွင် လက်ရှိ ကြုံ‌တွေ့‌နေရ သည့် ကိစ္စများနှင့် ပတ်သက်၍ “အဖြစ်က‌တော့ မနှစ်ကနှင့်မတူ”ဟုပင် ဆိုရ‌ပေ‌တော့မည်။ ထိုစကားမှာ အ‌ကောင်းဘက်သို့ တိုးတက်‌ပြောင်းလဲလာသည့် အ‌ခြေအ‌နေများ‌ပေါ်တွင် သုံးစွဲ‌သော စကားမဟုတ်ပဲ ကျဆင်း ဆုတ်ယုတ်‌သော အ‌နေအထား များ၌သာ သုံးစွဲ‌လေ့ရှိ‌သော မြန်မာစကား ဖြစ်သည်။

ပြီးခဲ့သည့်နှစ် တန်‌ဆောင်မုန်းလမှာ အင်မတန် သိုက်မြိုက်မြိုင်ဆိုင်‌သော လမြတ်တန်‌ဆောင် ဖြစ်ခဲ့သည်။ ကရင်ပြည် နယ်အတွင်း ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ၌ လူထုအ‌ပေါ် မတရား‌သော လုပ်ရပ်များ ‌ဗြောင်ကျကျ လုပ်လာခဲ့‌သော စစ်အုပ်စု လက်ပါး ‌စေများကို ဆန့်ကျင်လိုက်သည့် ဒီ‌ကေဘီ‌အေ၏ ‌သေနတ်သံများအကြား ကျ‌နော် အားပါးတရ လက်ခုပ်တီးခဲ့သည်။ ဒီ‌ကေဘီ ‌အေ၏ ‌သေနတ်သံများကို နိုဝင်ဘာ (၈)ရက်‌နေ့မှာ ကြားလာရပြီး နိုဝင်ဘာ (၁၃)ရက်‌နေ့မှာ‌တော့ လူထု‌ခေါင်း‌ဆောင် ‌ဒေါ် ‌အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်‌ပေးလိုက်ရသည့် သတင်းများမှာ အမျိုးသား ဒီမိုက‌ရေစီ‌ရေး ‌ဆောင်ရွက်‌နေကြ သည့် တိုင်းရင်းသား ပြည်သူလူထုကြီးအဖို့ ဝမ်း‌မြောက်အားတက်ဖွယ် သတင်းများဖြစ်ကာ ၂၀၁ဝခုနှစ်၏ လမြတ်အခါသမယ မှာ ကျက်သ‌ရေမဂင်္လာအ‌ပေါင်း ခ‌ညောင်း‌နေခဲ့‌လေသည်။
ဒီနှစ်မှာ‌တော့ ဗမာပြည်အချို့‌နေရာများ၌ ‌ရေကြီးခဲ့သလို ဘန်‌ကောက် အပါအဝင် ထိုင်းနိုင်ငံ‌လေးပုံ သုံးပုံ‌လောက် ဇူလိုင်လမှစ၍ ‌လေးငါးလမျှ ‌ရေ‌ဘေးဒဏ် ခံခဲ့ရ‌သော‌ကြောင့် နိုင်ငံနှင့်အဝှမ်း စက်ရုံအလုပ်ရုံ အများအပြား မလည်ပတ်နိုင်၊ လယ်‌မြေများ ပျက်စီး၊ ရာနှင့်ချီ‌သော လူများ ‌သေ‌ကြေ၊ သိန်းချီ၍ အလုပ်လက်မဲ့ဖြစ်ကြရပြီး ဘတ်‌ငွေ ကု‌ဋေ‌ပေါင်းများစွာ ဆုံးရှုံး နစ်နာကြရသည်။ ‌ရေ‌ဘေးဒဏ်မထိ‌သော ထိုင်းနယ်စပ်မြို့ရွာများ၌ပင် နှစ်တိုင်းလို ကျင်းပမြဲဖြစ်သည့် တန်‌ဆောင်တိုင် လွယ်က ထုံ မီး‌မျှောပွဲနှင့် အလှမယ်‌ရွေးပွဲတို့ကို အဖြစ်သ‌ဘော‌လောက်သာ ကျင်းပနိုင်ခဲ့ကြသည်။ သဘာဝ၏‌ဘေးဒဏ်‌ကြောင့် ရှိထား ပြီးဖြစ်‌သော အ‌ခြေအ‌နေများမှ ‌နောက်ပြန်ဆုတ်ယုတ်မှုဟု သတ်မှတ်နိုင်သည်။ သို့ရာတွင် ထိုင်းနိုင်ငံအ‌နေဖြင့် ယခင်က ရှိ ထားခဲ့‌သော အ‌ခြေအ‌နေမျိုးကို ရရှိရန် လပိုင်းနှစ်ပိုင်းအတွင်းမှာပင် ပြန်လည်ထူ‌ထောင်‌ရေး‌တွေ လုပ်နိုင်မည် ဖြစ်‌လေသည်။
ပြန်လည်ထူ‌ထောင်‌ရေးနှင့် အလှမ်း‌ဝေး‌နေဦးမှာက‌တော့ ဗမာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေဖြစ်သည်။ မြန်မာ့ဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အရပ်သားအ‌ရေခြုံ သမ္မတသိန်းစိန်တို့ မည်သူ့ကိုမျှ အကျိုးအ‌ကြောင်း အသိမ‌ပေး၊ ထုတ်ပြန်‌ကြေညာချက် တစုံတရာမလုပ်ပဲ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ အရှိန်‌ကောင်းလာစဉ် တိုင်းရင်းသားတို့ ‌ဒေသအတွင်းမှာ လည်း ဆုတ်ယုတ်‌ပြောင်းလဲမှု‌တွေ ဖြစ်လာသည်။ ကချင်၊ ရှမ်း၊ ကရင်နီ နှင့်ကရင်တို့ကို လ‌ပေါင်းများစွာ တိုက်‌နေစဉ် ဝတို့ မိုင်း လားတို့နှင့် အပစ်အခတ် ရပ်ဆိုင်း‌ရေး သ‌ဘောတူညီချက်‌တွေ ပြန်လုပ်လိုက်သလိုမျိုး၊ ကချင်၊ ရှမ်း၊ ကရင်တို့ကို တပြိုင်တည်း တိုက် ‌နေရာမှ ရှမ်းနှင့်ကရင်ကို အပစ်အခတ်ရပ်ဆိုင်း‌ရေး‌တွေ ကမ်းလှမ်းလာသည်။ အပစ်အခတ်ရပ်ဆိုင်း‌ရေး ကမ်းလှမ်းသည့် အချိန်တွင် အပစ်အခတ်‌တွေကို‌တော့ ရပ်မထား။ တပ်များ ပို၍ပင်တိုးချပြီး အချို့‌နေရာများကို ထိုးစစ်ကြီးများဆင်လာရန် ပြင် ဆင်ထားသည်။ အပစ်အခတ်ရပ်‌ရေးအတွက် ဖိအား‌ပေးခြိမ်း‌ခြောက်လိုက်သည့် သ‌ဘောဟု ယူဆနိုင်‌သော်လည်း တိုးချလာ ‌သော အချို့တပ်များကို အပစ်အခတ်ရပ်လိုက်သည့် ‌နောက်ပိုင်းတွင် ဆုတ်ခွာ‌ပေးမည့် အရိပ်အ‌ယောင် မရှိ‌ချေ။
ဗိုလ်မှူးချုပ်‌စောလားပွယ်၏ ဒီ‌ကေဘီ‌အေ ကလိုထူး‌ဘောဗျူဟာကိုလည်း အပစ်အခတ်ရပ်ဆိုင်း‌ရေး ကမ်းလှမ်းလာ ‌သော‌ကြောင့် နှစ်ဘက်‌တွေ့ဆုံမှုများ အနည်းအကျဉ်း ရှိခဲ့ပြီး သ‌ဘောတူညီချက်များ ချမှတ်ကာ နိုဝင်ဘာ (၆)ရက်‌နေ့မှာ အပစ် အခတ် ရပ်ဆိုင်းလိုက်ကြသည်။ ကလိုထူး‌ဘောဗျူဟာက စစ်အုပ်စု၏ မတရား‌သော ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ပြီး အမျိုးသား ပြည်သူဘက်က ရပ်တည်လိုက်သည့် တနှစ်ပြည့်‌မြောက်‌သော နှစ်ပတ်လည် အခါသမယတွင် ဖြစ်‌လေသည်။
မနှစ်က ဒီ‌ကေဘီ‌အေ၊ ‌ကေအဲန်အယ်‌အေ၊ စွမ်းအားမြှင့်၊ ‌အေဘီနှင့် ရခိုင်တပ်အနည်းငယ်တို့ စစ်အုပ်စုကို တိုက်ခိုက် ‌နေစဉ် နယ်‌မြေကူးသန်း‌ရေး အခက်အခဲ‌ကြောင့် လာ၍မကူနိုင်‌သော်လည်း ၎င်းတို့နယ်‌မြေတွင်းမှ‌နေ၍ ရန်သူကို အဆက်မ ပြတ် တိုက်ပွဲဝင်သွားမည်ဟု ‌ပြောဆိုကာ ‌ပြောသည့်အတိုင်း လုပ်ခဲ့‌သော ဗိုလ်မှူးကြီးယွက်စစ်၏ ရှမ်းပြည်တပ်မ‌တော်သည် လည်း စစ်အုပ်စု၏ အရပ်သားအ‌ရေခြုံ အစိုးရအဖွဲ့နှင့် ‌တွေ့ဆုံညှိနှိုင်းပြီး အပစ်အခတ် ရပ်ဆိုင်း‌ရေး‌တွေ လုပ်မည့် အစီအစဉ် ရှိ လာသည်။ ကရင်ပြည်သူတို့ ‌လေးစားအားထားရ‌သော ‌ကေအဲန်ယူ ဗဟို‌ခေါင်း‌ဆောင်အချို့ ချင်းမိုင်တွင် ရန်သူ့ကိုယ်စားလှယ် မီးရထားဝန်ကြီးနှင့် ‌တွေ့ဆုံညှိနှိုင်းခဲ့‌ကြောင်းလည်း ကြားသိရ‌လေသည်။
ကချင်ကို စစ်‌ရေးအရှိန်မြှင့်ကာ အပစ်အခတ်ရပ်ဆိုင်း‌ရေး အ‌ယောင်ပြကမ်းလှမ်းမှုများ လုပ်ခဲ့‌သော်လည်း နိုင်ငံ‌ရေးအ ရ ‌ဆွေး‌နွေးမည့် သ‌ဘောထား‌စေတနာ မမှန်ကန်‌သော‌ကြောင့် ကချင်က လက်မခံ။ တိုက်ပွဲ‌တွေ ‌နေ့စဉ်နှင့်အမျှ ဆက်‌နေကာ စစ်အုပ်စုက အရပ်သားများအ‌ပေါ် မတရားနှိပ်စက် ‌စော်ကား သတ်ဖြတ်ခြင်းများ၊ ဓာတုလက်နက် ပိုမိုသုံးစွဲခြင်းများဖြင့် ကချင် အဖွဲ့နှင့် ကချင်လူမျိုးကို လုံးဝ ပြုတ်ပြုတ်ပြုန်း‌အောင် ထိုးနှက်တိုက်ခိုက်လျက်ရှိသည်။ အရပ်သား မိသားစုများ ‌ထောင်‌သောင်း ချီ၍ ဒုက္ခသည်များ ဖြစ်ကြရသည့်တိုင် ကချင်တပ်မ‌တော်သည် ခိုင်ခိုင်မတ်မတ် ‌တောင့်ခံထားဆဲ ဖြစ်၏။
‌ဒေါ်‌အောင်ဆန်းစုကြည်၏ ရပ်တည်ချက်ကမူ ပီပြင်မှုမရှိပဲ ‌ဝေဝါးလာခဲ့ပြီ ဖြစ်‌လေသည်။

(၂)

၂၀၀၉ ခုနှစ် ဇန္နဝါရီလ ကရင်သတင်းစဉ်ပါ ပခုံးထမ်းတာဝန် ‌ဆောင်းပါးတွင် အဖွဲ့အစည်းများကို ဦး‌ဆောင်ဦးရွက် ပြု ‌နေသည့် ပုဂ္ဂိုလ်များ ဂရုပြုရမည့် ကိစ္စများနှင့် ပတ်သက်၍ သ‌ဘောထားအချို ့ ကျ‌နော် တင်ပြခဲ့သည်။ အဖွဲ့အစည်းတခု၏ ‌ခေါင်း‌ဆောင်တဦးအ‌နေဖြင့် လုပ်ကိုင် ‌ပြောဆိုသမျှ လက်လွတ်စပယ် လုပ်၍ မရ။ မိမိ စကားတခွန်းအတွက် ‌နောက်ကပါသူ ‌တွေမှာ အထူးတလည် ဂုဏ်သိက္ခာ တက်‌ကောင်းမှ တက်မည် ဖြစ်‌သော်လည်း မှားယွင်း‌သော လုပ်ကိုင်‌ပြောဆိုမှုများအတွက် ဂုဏ်သိက္ခာ ထိခိုက်နိုင်‌ကြောင်း ကျ‌နော် ‌ရေးခဲ့သည်။
၂၀၀၉ ခုနှစ် မတ်လ ဓားရိုးကို သူခိုးဆုပ်မိ‌ပေ‌တော့မည် ဟူ‌သော ‌ဆောင်းပါးတွင်‌တော့ နိုင်ငံ‌ရေး လုပ်ရာတွင် ဟိုတ မျိုး ဒီတမျိုး ‌ပြောဆိုလုပ်ကိုင်တတ်‌သောသူများ၊ ဘက်‌ပြောင်းသွား‌သော သစ္စာ‌ဖောက်များ၊ ကိုယ်ကျိုးငဲ့သမားများ စသူတို့နှင့် ပတ်သက်၍ ‌ရေးသားတင်ပြခဲ့ရာတွင်လည်း ‌ဒေါ်‌အောင်ဆန်းစုကြည်၏ မိန့်ခွန်းစကားတပိုဒ်ကို ကျ‌နော် ‌ကောက်နှုတ်‌ဖော်ပြခဲ့ သည်။
“တချို့က ခု ဒီမှာ တမျိုး‌ပြော၊ ဟိုမှာ တမျိုး‌ပြော၊ ခု ဒီမှာ ဒီဟာလုပ်မယ်‌ပြော၊ ခု ဒီမှာ ဟိုဟာ လုပ်မယ်‌ပြော။ စိတ်‌တွေ က ‌ပြောင်းလိုက်၊ အ‌ပြော‌တွေက ‌ပြောင်းလိုက်၊ ဒါ‌တွေကို သူတို့က ဒါ နိုင်ငံ‌ရေးပဲလို့ ‌ပြောတယ်။ ကျမက‌တော့ ဒါ နိုင်ငံ‌ရေးလို့ နားမလည်ဘူး။ ဒါ ကလိန်ကကျစ်လုပ်တာပဲလို့ နားလည်တယ်။ အဲဒီလို နိုင်ငံ‌ရေး‌တွေကို ကျမတို့ လက်ခံလို့ မဖြစ်ဘူး။”
၁၉၈၈ခုနှစ် ဒီဇင်ဘာလ ၁၄ရက် ‌ပေါင်မြို့၌ ‌ပြောခဲ့‌သော ထိုစကားစုကို ၁၉၉ဝခုနှစ်ထုတ် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ မိန့်ခွန်း‌ကောက်နှုတ်ချက်များ အိတ်‌ဆောင်စာအုပ်ငယ် စာမျက်နှာ ၃၄တွင်လည်း‌ကောင်း၊ မိန့်ခွန်းအပြည့်အစုံကို ၁၉၉၅ ခုနှစ် ထုတ် ‌အောင်ဆန်းစုကြည် လက်‌ရွေးစဉ် မိန့်ခွန်းများစာအုပ် စာမျက်နှာ ၂၂တွင်လည်း‌ကောင်း ‌တွေ့ရှိနိုင်ကြမည် ဖြစ်သည်။ ‌နောင်လာ‌နောက်သားများအတွက် မှတ်သားဖွယ်ရာ ရဲရဲ‌တောက် မိန့်ခွန်းစကားများစွာလည်း ထိုစာအုပ်များထဲတွင် ရှိသည်။ ထိုမိန့်ခွန်းများသည် ဘယ်‌သောအခါမျှ မ‌ပျောက်ပျက်နိုင်သည့် သမိုင်းဝင် မိန့်ခွန်းများ ဖြစ်သည်။
သို့ရာတွင် ထိုမိန့်မှာစကားများနှင့် ယခုလက်ရှိ အ‌ခြေအ‌နေကို ချိန်ထိုးနှိုင်းယှဉ်ကြည့်ပါက ‌ဒေါ်‌အောင်ဆန်းစုကြည်အ ‌နေဖြင့် ‌ရှေ့စကား‌နောက် စကားမညီသလိုမျိုး ဖြစ်‌နေသည်။ ယခင်က ‌ပြောဆိုခဲ့‌သော စကား‌တွေကို ယခုအချိန်၌ တာဝန်ခံမှု မရှိ‌တော့သည့် အပြုအမူများ ဖြစ်လာသည်။ ပြည်သူလူထု အများစုကြီးက တခဲနက် မဲ‌ပေး‌ထောက်ခံခဲ့ကြသည့် ၁၉၉ဝပြည့်နှစ် ‌ရွေး‌ကောက်ပွဲရလဒ်သည်လည်း ယခုအချိန်တွင် လက်‌တွေ့မကျ‌တော့‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြော‌လေသည်။ ထိုအ ‌ခြေအ‌နေမှာပင် ‌ဒေါ်‌အောင်ဆန်းစုကြည်ဘက်က ဝိုင်း‌မြှောက်‌ပေး‌နေကြသူ‌တွေလည်း ရှိသည်။ အချို့မှာ မကြာ‌သေးမီ နှစ်များ က လက်နက်ကိုင်တိုက်ပွဲ‌ဖော်‌ဆောင်‌ရေး၊ လူထုအုံကြွမှုကြီး ‌ပေါ်‌ပေါက်‌ရေး လှုံ့‌ဆော်ခဲ့ကြသူ‌တွေ ဖြစ်သည်။ ‌ဒေါ်‌အောင်ဆန်းစု ကြည်၏ စကားလိုပင် အ‌ခြေအ‌နေ အချိန်အခါ‌ပေါ် ကြည့်၍ ‌ရွှေ့လျား‌နေ‌သော အမှန်တရားကို လိုက်လံဆုပ်ကိုင်‌နေကြခြင်း ဖြစ်ပုံရသည်။ ကမ္ဘာ့နိုင်ငံများ၏ ‌ထောက်ခံမှု အရှိန်အဟုန် အတန်အသင့်ရှိပြီး လူထုယုံကြည်ကိုးစားမှုလည်း အထိုက်အ ‌လျောက် ရှိ‌နေ‌သေး‌သော ပုဂ္ဂိုလ်များနှင့်‌ပေါင်းမှ သူတို့အတွက် နိုင်ငံ‌ရေးအခွင့်အလမ်း ‌တောက်‌ပြောင်နိုင်မည်ဟု တွက်ကာ ထိုပုဂ္ဂိုလ်‌တွေ ဘာ‌ပြော‌ပြော ဘာလုပ်လုပ်၊ ဟုတ်ပဘုရား၊ မှန်ပါ့ဘုရား ‌ထောက်ခံလျက် ဝိုင်းမ‌ပေးကြ‌သော ထိုသူများမှာ ဘယ် ‌ခေတ် ဘယ်အခါမျှ မတိမ်‌ကော မပ‌ပျောက်၊ ‌ခေတ်တို်င်း‌ခေတ်တိုင်း ‌ပေါ်ထွက်‌နေမည့် ဂန္တဝင် ကိုယ်ကျိုးငဲ့သမားများ ဖြစ်‌လေ သည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌ပေါ် ဗမာနိုင်ငံ တိုင်းရင်းသား ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုမှာ ထိုသူများ‌ကြောင့်ပင် အ‌တော်က‌လေး ‌လျော့ပါးလာခဲ့ပြီ ဖြစ်၏။

(၃)

The best way to destroy an enemy is to make him a friend.
“ရန်သူကို ဖြိုဖျက်တဲ့ အ‌ကောင်းဆုံးနည်းလမ်းက‌တော့ သူ့ကို မိတ်‌ဆွေဖြစ်‌အောင် လုပ်လိုက်တာပဲ ဖြစ်တယ်။”ဟု အာဗြဟမ်လင်ကွန်း (၁၈၀၉-၁၈၆၅) က ဆိုခဲ့သည်။
၁၉၈၈ခုနှစ် မိန့်ခွန်းများအတွင်း စစ်အစိုးရကို ရန်သူဟု သုံးနှုန်းခဲ့‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ယခုအချိန်မှာ ‌တော့ ဗမာ့နိုင်ငံ‌ရေး ပြဿနာများကို ပူး‌ပေါင်း‌ဖြေရှင်းနိုင်ရန် အာဗရာဟမ်လင်ကွန်း၏ လမ်းစဉ်အတိုင်း ရန်သူစစ်အုပ်စုကို မိတ် ‌ဆွေဖွဲ့လိုက်ခြင်း ဖြစ်ပုံရ‌လေသည်။
စစ်အုပ်စုနှင့် မိတ်‌ဆွေဖွဲ့ရာတွင် သူ့ဘက်ကိုယ့်ဘက် ပရိယာယ်‌ဝေဝုစ် မပါ၊ သ‌ဘောထား‌စေတနာ မှန်ကန်စွာဖြင့် ရိုးရိုးရှင်းရှင်း မျှမျှတတ ပွင့်လင်းမြင်သာစွာ ‌ပြောဆိုနိုင်ဖို့ လိုသည်။ မိမိတို့ ပါတီတွင်းကိစ္စကို တံခါးပိတ် ‌ဆွေး‌နွေးမှုများ လုပ်နိုင် မည်ဖြစ်‌သော်လည်း ပြည်သူလူထုနှင့် ပတ်သက်‌သော ‌ဆွေး‌နွေးညှိနှိုင်းမှုများကို‌တော့ အများပြည်သူ‌ရှေ့‌မှောက် အသိ‌ပေးချပြ ဖို့ရန် လိုအပ်မည်ဖြစ်သည်။ အချို့ကိစ္စများ မ‌အောင်မြင်ရခြင်းမှာ မပြီးခင် ထုတ်‌ဖော်အသိ‌ပေးလိုက်၍ ဖြစ်‌ကြောင်းနှင့် အချိန် တန်လျှင် အသိ‌ပေးမည်ဖြစ်‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောခဲ့‌သော်လည်း တဦးတည်းသ‌ဘောနှင့် ‌ဆွေး‌နွေးဆုံးဖြတ် ခဲ့ပြီးမှ အများကိုအသိ‌ပေးသည့် အဖြစ်မျိုးမှာ လက်လွန်နှုတ်ကျွံမှုများကို ‌ဖြေရှင်းရန် ခက်ခဲတတ်‌လေသည်။
တကယ်‌တော့ ရန်သူ့အဖို့ အကြပ်အတည်းနှင့် ကြုံ‌နေရချိန်၊ အ‌မေရိကန်နှင့် ဥ‌ရောပသမဂ္ဂမှ စီးပွား‌ရေးအရ ပိတ်ဆို့အ ‌ရေးယူမှုများ ရုတ်သိမ်း‌ရေး ဆိုင်းငံ့ထားခြင်းကို ကြုံ‌နေရပြီး အာစီယံဥက္ကဌဖြစ်‌ရေး ထိ‌ရောက်‌သော ပြုပြင်‌ပြောင်းလဲမှုများ ‌စောင့် ကြည့်ခံ‌နေရသည့် အ‌နေအထားမှာ ရှိ‌နေချိန်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကို ထိုးစစ်များ မရပ်မနား တိုက်ခိုက်လျက်ရှိ ရာတွင် ဓာတုလက်နက် အသုံးပြုမှုများနှင့် အရပ်သားပြည်သူလူထုအ‌ပေါ် နှိပ်စက်သတ်ဖြတ်မှုများ၊ အမျိုးသမီးများအ‌ပေါ် ‌စော် ကားကျူးလွန်မှုများ‌ကြောင့် လူ့အခွင့်အ‌ရေး ‌ဖောက်ဖျက်မှုဖြင့် ကမ္ဘာ့နိုင်ငံအများအပြားက ၎င်းတို့အုပ်စု၏ စစ်ရာဇဝတ်မှုများကို စုံစမ်း‌ဖော်ထုတ်‌ရေး ‌ကော်မရှင်ဖွဲ့ရန် ‌တောင်းဆိုထားကြပြီး ဆက်လက် ‌ထောက်ခံကြမည့် နိုင်ငံများလည်း ရှိ‌နေချိန်၊ ရန်သူကို အလွတ်မ‌ပေးပဲ မိမိတို့ကျွမ်းကျင်ရာ ကဏ္ဍအသီးသီးမှ‌နေ၍ အရှိန်မြှင့် တိုက်ပွဲဝင်ကြရမည့် အချိန်မျိုးတွင် ‌ဒေါ်‌အောင်ဆန်းစု ကြည်နှင့် အ‌ရေခြုံအစိုးရတို့ ‌ဆွေး‌နွေး‌နေရုံမျှဖြင့် မိမိတို့လမ်း‌ကြောင်းမှ ‌သွေဖည်ယိုင်နဲ့ သွား၍ မဖြစ်‌ချေ။
တိုင်းရင်းသား ပြည်သူလူထုကြီးအ‌နေဖြင့် စစ်အုပ်စု၏ ဖိနှိပ်မှု‌ကြောင့် ‌ပေါ်‌ပေါက်လာခဲ့‌သော အကြပ်အတည်းများကို နည်းလမ်း‌ပေါင်းစုံဖြင့် ‌ဖြေရှင်းယူ၍ ရသည်။ ရန်သူစစ်အုပ်စု၏ အကြပ်အတည်းက‌တော့ အလွယ်တကူကူ ‌ဖြေရှင်း၍မရ။ ‌ရှေ့ တိုးထမ်းပိုး ‌နောက်ဆုတ်လှည်းတုတ် ဖြစ်‌နေသည့် အ‌နေအထား။ ထိုအ‌နေအထားမျိုးမှာ ရန်သူကို အသက်ရှူခွင့်မ‌ပေးပဲ ကမ္ဘာ့ နိုင်ငံတို့၏ဖိအား၊ တရားဥပ‌ဒေ‌ကြောင်းအရ ‌ဖြေရှင်းမှု၊ တိုင်းရင်းသားအဖွဲ့အစည်းများ၏ စစ်‌ရေးအရ တိုက်ခိုက်မှု၊ ပြည်သူလူထု ကြီး၏ အား‌ပေးကူညီမှုနှင့် လူထုအကျိုးလိုလား‌သော တပ်မ‌တော်သားများ၏ ပူး‌ပေါင်းပါဝင်မှုများဖြင့် ဘက်‌ပေါင်းစုံမှ အားထုတ် တိုက်ခိုက်နိုင်မည်ဆိုလျှင် ဗမာပြည် ဒီမိုက‌ရေစီရရှိ‌ရေး ကြိုးပမ်းမှု အဆင့်တဆင့် ‌အောင်မြင်ပြီး ပြတ်သွားနိုင်သည့် အ‌နေအ ထား ဖြစ်သည်။
စစ်အုပ်စုကို ဖြုတ်ချသည့်အဆင့် ပြီးပြတ်သွားပါက တရားမျှတ‌သော ဥပ‌ဒေစိုးမိုး‌ရေးအဆင့်၊ စစ်မှန်‌သော ပြည်နယ် ‌ပေါင်းစု ပြည်‌ထောင်စုကို တည်‌ဆောက်နိုင်‌ရေး တိုင်းရင်းသားညီအကိုများနှင့် ဒီမိုက‌ရေစီ အင်အားစုများ ညှိနှိုင်း‌ဆွေး‌နွေး အ ‌ကောင်အထည်‌ဖော်ရမည့်အဆင့်နှင့် စစ်အုပ်စု လက်‌အောက် ချွတ်ခြုံကျခဲ့ရ‌သော နိုင်ငံကို ပြန်လည်ထူ‌ထောင်‌ရေး လုပ်ရမည့် အဆင့်များသာ ကျန်ရှိမည် ဖြစ်‌လေသည်။
လက်ရှိအ‌နေအထားမှာ‌တော့ ‌တော်လှန်‌ရေး အဖွဲ့အစည်းများဘက်က တိုက်အား ‌ပျော့‌နေသည်။ ‌ဒေါ်‌အောင်ဆန်းစု ကြည်၏ ပြုလွယ်ပြင်လွယ် သ‌ဘောထားများ ဂယက်မှာ သိပ်‌တော့မ‌သေး။ ဗိုလ်မှူးချုပ်‌စောလားပွယ်တို့၏ ကလို့ထူး‌ဘောဗျူ ဟာပင် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲ‌ရေး လုပ်ကာ ယာယီငြိမ်းချမ်းလိုက်ပြီဖြစ်ရာ ‌ကေအဲန်ယူအဖွဲ့အစည်းတွင်းမှ ရန်သူနှင့် ‌စေ့စပ်ညှိနှိုင်းကာ လက်နက်ကို ကိုင်ထားပြီး၊ အပစ်အခတ် ရပ်ဆိုင်း‌ရေးလုပ်၊ နယ်‌မြေ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်၊ စီးပွား‌ရေးလုပ်လိုကြ ‌သော ခပ်ညံ့ညံ့ အယူအဆသမားတို့ တစခန်းထလာပြန်သည်။
ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးလိုသည့် စကားမှာ ‌တော်လှန်‌ရေးအဖွဲ့အစည်းများ အမြဲတမ်း ‌ပြောခဲ့သည့် စကား ဖြစ်သည်။ ရန်သူက အပစ်အခတ် ရပ်ဆိုင်း‌ရေး ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးရန် ကမ်းလှမ်းလာသည့် ယခုလိုအချိန်မျိုး၌ မိမိတို့က မ‌တွေ့လိုဟု ဆိုလျှင် မိမိတို့ကို ငြိမ်းချမ်း‌ရေး မလိုလားသူများဟု သမုတ်ကာ ရန်သူက ကမ္ဘာ့အလယ်မှာ နာမည်‌ကောင်းယူလိမ့်မည်၊ တစ်ဆက်တည်းမှာပင် ငြိမ်းချမ်း‌ရေး မလိုလားသူတို့အား စစ်‌ရေးအရ ရှင်းလင်းရန် ဟုဆိုလျက် ထိုးစစ်ကြီးများ ဆင်လာမည့် အဖြစ်ကို ‌ခေါင်း‌ဆောင်များက ‌တွေးဆသိမြင်ကြသည်။
ရန်သူကို ပီပီပြင်ပြင် ဆန့်ကျင်တိုက်ခိုက်မှုမပြုပဲ ရန်သူ့အလိုကျ ရန်သူ‌ရွှေ့သည့် အကွက်များအတိုင်း လိုက်ကစား ကာ ရန်သူချပြသည့် ကကွက်များအတိုင်း လိုက်‌လျှောက်က‌နေ၍ မဖြစ်။ ‌ရှေ့ကလူများ ဘာ‌တွေလုပ်ပြီး ဘယ်လိုမှားခဲ့ ဘယ်ပုံ ကြုံခဲ့ကြသလဲဆိုသည်ကို သခင်္န်းစာ ယူကြရမည် ဖြစ်သည်။
အပစ်ရပ်ကာ ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ခိုင်း၊ စီးပွား‌ရေးလုပ်ခိုင်း၊ လက်နက်ကို ကိုင်ထား‌သော်လည်း လက်နက်ကိုင်လမ်းစဉ် ကို စွန့်ခိုင်း၊ ‌နောက်‌တော့ တရားဥပ‌ဒေ‌ဘောင်တွင်းမှ ‌ရွေး‌ကောက်ပွဲသို့ဝင်ကာ လွှတ်‌တော်မှာ ပါဝင်တက်‌ရောက်ပြီး မိမိတို့ လိုလားချက်များကို နိုင်ငံ‌ရေးအရ တင်ပြ‌တောင်းဆိုရန်အတွက် ကိုင်ထား‌သော လက်နက်ကိုပါ စွန့်လွှတ်အပ်နှံခိုင်း၊ လက်ညှိုး‌ထောင် ‌ခေါင်းငြိတ် လွှတ်‌တော်အတွင်း ပါဝင်ခိုင်းပြီး အခြား‌သော ကြိုးဆွဲခံ ရုပ်‌သေးရုပ်များနည်းတူ သိမ်းသွင်းခံရခြင်း ‌သော်လည်း‌ကောင်း၊ အ‌ပြောအဆို မှားပါက လွှတ်‌တော်တွင်းမှ ဖယ်ရှားခံရခြင်း‌သော်လည်း‌ကောင်း စစ်အုပ်စု၏ အစီအစဉ်များ ‌အောက်၌ လိုက်ပါလုပ်‌ဆောင်‌နေရင်းမှာပင် မိမိတို့အဖွဲ့အစည်းအတွင်း ကိုယ်ကျိုးရှာ မသမာမှုများ၊ တဦးနှင့်တဦး စီးပွား‌ရေး စားကျက်လုမှုများ၊ သူ့လူကိုယ့်လူ ‌မွေးမှုများ၊ ‌ခေါင်း‌ဆောင်နှင့်ငယ်သား အထက်‌အောက် မညီမျှမှုများဖြင့် အချင်းချင်း စည်းလုံး ညီညွတ်‌ရေးကိုပါ ထိခိုက်လာ‌တော့မည် ဖြစ်သည်။
ယခုမိမိတို့ ‌တွေ့‌နေရသည့် ရန်သူသည် ယခင်ကတည်းက မိမိတို့ အဖန်တလဲလဲ ‌တွေ့ကြုံခဲ့ရသည့် ရန်သူပင် ဖြစ် သည်။ လူ‌တွေက ယခင်လူ‌တွေဖြစ်သလို မူ‌တွေကလည်း ယခင်ကမူ‌တွေကိုပင် ဆက်လက် ကိုင်စွဲထားလျက်ရှိသည်။ လူ လည်းမ‌ပြောင်း၊ မူလည်းမ‌ပြောင်း။ အကျဉ်းသားက‌လေး အနည်းငယ် လွှတ်ပြ‌ပေးရုံ၊ စာ‌ပေစိစစ်‌ရေးဆိုသည့်အဖွဲ့ကို ဖြုတ်ပြီး ထုတ်‌ဝေဖြန့်ချီမှု မပြုမီ တင်ပြရသည့်အဖွဲ့သာ ထားမည်ဆိုရုံ၊ အ‌ခြေခံဥပ‌ဒေကို ထိန်းသိမ်း‌စောင့်‌ရှောက်ရမည်ဟူသည့် စကား အစား ‌လေးစားလို်က်နာရမည်ဆို‌သော နားလှည့်ပါးရိုက် အ‌ပေါ်ယံ‌ကြော လိုက်‌လျောမှုက‌လေးများ အနည်းငယ်လုပ်ပြ‌ပေးရုံ ဖြင့် အရပ်သားအ‌ရေခြုံ စစ်အုပ်စုအား သ‌ဘောထား ‌ပျော့‌ပြောင်းလာပြီ၊ အ‌ကောင်းဘက်သို့ ပြုပြင်‌ပြောင်းလဲလာပြီဟုဆိုကာ အရမ်းမဲ့ ကြိုဆိုတာ‌တွေ လုပ်ဖို့မသင့်။ ရန်သူကို ‌လျှော့တွက်ကာ ‌ယောင်ဝါးဝါးဖြင့် ‌ခြေလှမ်းမမှား‌စေဖို့ သတိထားကြရမည် ဖြစ် သည်။
တကယ်‌တော့ အရပ်သားအ‌ရေခြုံ အစိုးရသည် သူ၏ မလှပ‌သော ရုပ်ရည်ကို ဖုံးကွယ်ရန် အ‌ပေါ်ယံ မိတ်ကပ်လိမ်း လိုက်ခြင်းသာ ဖြစ်သည်။ ဒီတခါ မိတ်ကပ်က အနည်းငယ်ထူ‌သော‌ကြောင့် အမြင်ဆန်းသွားကြ‌သော်လည်း ၎င်းတို့၏ ပကတိ မျက်နှာက‌တော့ ဘီလူးပင် ဖြစ်သည်။ ‌စောင့်ကြည့်‌နေကြသူ များ ‌ရှေ့‌မှောက် မဆိုစ‌လောက် ပြုပြင်‌ပြောင်းလဲမှုက‌လေးများ လုပ်ကာ မျက်လှည့်ပြလိုက်သည်ကို မျက်‌စေ့လည်မသွားကြဖို့ လိုသည်။ မည်သို့ပင် ဟန်‌ဆောင်ထား‌စေကာမူ အတွင်းသရုပ် မှန်ကို ကြာရှည် ဖုံးကွယ်၍ မရ။ အ‌ရေခြုံသမ္မတကို ကိုယ်ကျိုး‌မြော်ကာ ဝိုင်းဝန်းပံ့ပိုးကြသူများက သ‌ဘောထား‌ပျော့‌ပြောင်းသူ၊ ရိုး‌အေးသူ၊ လူထုအသံကို နား‌ထောင် လိုက်‌လျောကာ ဒီမိုက‌ရေစီ‌ရေးဘက်သို့ ပြုပြင်‌ပြောင်းလဲလိုသူ စသဖြင့် မိတ်ကပ်ထူထူ တင်‌ပေး‌နေကြသည့် ကြားကပင် ထိုမိတ်ကပ်များ ကွာကျသည့်‌နေ့မှာ ဗြုန်းစားကြီး ‌ရောက်ရှိလာခဲ့‌လေသည်။
စစ်အုပ်စုက နိုင်ငံ‌ရေးအကျဉ်းသား မရှိ‌ကြောင်း ‌ဗြောင်လိမ်ထားခဲ့သည့်အ‌ပေါ် ကမ္ဘာက စစ်အုပ်စု၏စကားကို လိုက် ‌လျောသည့်အ‌နေဖြင့် နိုင်ငံ‌ရေးအကျဉ်းသားဟူ‌သော စကားအစား ယုံကြည်ချက်‌ကြောင့် အကျဉ်းကျ‌နေသူများဟူ၍ ‌ပြောင်းလဲ သုံးစွဲခဲ့သည်။
အဲန်အယ်လ်ဒီ ပါတီမှတ်ပုံတင်ရန်နှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုယ်တိုင် ‌ရွေး‌ကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည့် သတင်းကို ကြားရ‌သောအခါ ဘာလီမှာ အာစီယံအစည်းအ‌ဝေး တက်‌ရောက်‌နေ‌သော အ‌ရေခြုံသမ္မတသိန်းစိန်က (သူတို့အ တွက်) သတင်း‌ကောင်းဖြစ်‌ကြောင်း ‌ပြောဆိုကာ ဗမာပြည်တွင် ဖြစ်ပျက်‌နေ‌သော အ‌ရေးကိစ္စများနှင့် ပတ်သက်၍ သူ့သ‌ဘော ထားအမှန်ကို ဘွင်းဘွင်းကြီး ‌ဖော်ပြလိုက်‌လေ‌တော့သည်။
ဗမာပြည်မှာ ယုံကြည်ချက်‌ကြောင့်အကျဉ်းကျ‌နေသူ ဟူ၍ မရှိပဲ စည်းမျဉ်းဥပ‌ဒေ ‌ဖောက်ဖျက်‌သော‌ကြောင့် အကျဉ်းချ ထားသည့်သူများသာ ရှိ‌ကြောင်း၊ ထိုသူများကို လွှတ်ဖို့‌ပြောမည်ဆိုလျှင် ကျန်သည့်သူ‌တွေအ‌ပေါ် မစာနာရာကျ‌ကြောင်း ငါ့စကားနွားရ ‌ပြောသွားခဲ့သည်။ ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှု ကိစ္စနှင့် ပတ်သက်၍လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများ လိုလားသည့် ငြိမ်းချမ်း‌ရေး အ‌ပေါ် သူ့သ‌ဘောထားအမြင်ကို ထုတ်‌ဖော်ပြီး ချိုးနှိမ်‌ပြောဆိုခဲ့သည်။
ထို့‌နောက်မှာ‌တော့ ဗမာနိုင်ငံသည် အ‌နောက်နိုင်ငံများနှင့် စရိုက်သဘာဝချင်း ကွဲလွဲ‌နေ‌သော‌ကြောင့် ၎င်းတို့ထံမှ ဒီမို က‌ရေစီမျိုးကို ‌ဖော်‌ဆောင်၍ မဖြစ်နိုင်‌ကြောင်း ‌ပြောဆိုလိုက်ပြန်သည်။ ထိုစကားများကို ဗမာပြည်မှာ သမ္မတသိန်းစိန်နှင့် ‌ဆွေး ‌နွေးညှိနှိုင်းခဲ့သည့် ‌ဒေါ်‌အောင်ဆန်းစုကြည်က တခွန်းတပါဒမျှ ‌ချေပ‌ပြောဆိုခြင်း မပြုပဲ ငြိမ်‌နေသည်မှာ‌တော့ သိပ်ပြီး‌ကောင်း သည့် အလားအလာ မဟုတ်‌ချေ။

(၄)

အဲန်အယ်လ်ဒီပါတီနှင့် သူမအ‌ပေါ် တချိန်လုံး ‌ထောက်ခံခဲ့ကြသူများနှင့် ခွာပြဲကြရသည့်အဖြစ်မှာ နိုင်ငံ‌ရေးတွင် ထာဝရရန်သူ၊ ထာဝရမိတ်‌ဆွေ ဟူ၍ မရှိနိုင်‌ကြောင်းအဆိုကို ‌ဒေါ်‌အောင်ဆန်းစုကြည်က အားဖြည့်သရုပ်‌ဖော်‌ပေးလိုက်သလို ပင် ဖြစ်‌နေ‌လေသည်။ နှစ်ရှည်လများ သူမ၏‌မွေး‌နေ့ အဂင်္ါ‌နေ့တိုင်း ဘုရားတက် ဆု‌တောင်း ‌ကောင်းမှုကုသိုလ်လုပ်ရင်း၊ စစ်အုပ် စုကို ဆန့်ကျင်ကာ သူမအ‌ပေါ် ‌မေတ္တာပို့ ‌ထောက်ခံခဲ့‌သော ‌နော်အုန်းလှအား ၂၀၀၅ ခုနှစ်က ပါတီစည်းမျဉ်း မလိုက်နာမှုဖြင့် အဲန်အယ်လ်ဒီမှ ထုတ်ပစ်ခဲ့သည့်အဖြစ်ကိုလည်း သူမထံမှ ကန့်ကွက် ‌ပြောဆိုသံ တစွန်းတစမျှ မကြားရ။ မည်သည့်စည်းမျဉ်း များကို ‌ဖောက်ဖျက်‌သော‌ကြောင့် ပါတီက ထုတ်ပယ်ခဲ့သည်ကိုလည်း မသိရ။ ပါတီမှ ထုတ်ပစ်ခံရသည့် ‌နောက်ပိုင်းမှာပင် ‌နော် အုန်းလှ၏ ‌ဆောင်ရွက်မှုများကို ရံဖန်ရံခါ ကြား‌နေခဲ့ကြရသည်။
လူထု‌ရွေး‌ကောက်ထားခြင်းမဟုတ်‌သော တရားမဝင် စစ်အုပ်စု၏ ပြီးခဲ့‌သောနှစ် ‌ရွေး‌ကောက်ပွဲကို မဝင်၊ ပါတီကို လည်း မှတ်ပုံတင်ခြင်း မပြုခဲ့ရာမှ ယခုနှစ်မှာ စစ်အုပ်စုအလိုကျ လုပ်ရပ်များ၊ အ‌ပြောအဆိုများ၏ အနှစ်ချုပ်အဖြစ် စစ်အုပ်စု၏ ‌ခြေလှမ်းကို ကြို၍မြင်ကြ‌သော ရဟန်းသံဃာ ‌ကျောင်းသားလူထု အများစုကြီး၏ ဝိုင်းဝန်း‌မေတ္တာရပ်ခံ ‌စေတနာ‌ရှေ့ထား သတိ
‌ပေးမှုများကို မျက်ကွယ်ပြုလျက်၊ အဖွဲ့ချုပ်ဝင်အင်အား ၁၀၀‌ကျော်၏ လက်မှတ်‌ရေးထိုး ကန့်ကွက်မှုများအား လျစ်လျူရှုကာ ပါတီကို မှတ်ပုံတင်လိုက်သည့်အပြင် ကိုယ်တိုင် ‌ရွေး‌ကောက်ပွဲဝင်ရန် ဆုံးဖြတ်‌ပြောဆိုလာခြင်းမှာ သူမအ‌ပေါ် တ‌လျှောက်လုံး ‌လေးစားအားထား ‌ထောက်ခံလာခဲ့ကြသူများ၏ မျက်နှာကို ‌ခြေနှင့်‌ကျောက်လိုက်ခြင်းသာ ဖြစ်‌လေသည်။ မိတ်‌ဆွေများကို ‌ကျောခိုင်းပြီး ရန်သူနှင့် ‌စေ့စပ်‌ပြေငြိမ်းမှုမှာ မည်သည့်အချိန်အထိ တည်တံ့ ခိုင်မြဲနိုင်ပါမည်နည်း။
မိမိတို့သည် မည်သူတဦးတ‌ယောက်ကိုမျှ မျက်‌စေ့စုံမှိတ် ယုံကြည်တတ်ကြသူများ မဟုတ်။ သတိနှင့်ကြိုဆိုပြီး ‌စောင့် ကြည့်ရဦးမည်ဟု ‌ပြောဆိုတတ်ကြသူများ မဟုတ်။ ‌ကောင်း‌သောလုပ်ရပ်အ‌ပေါ် တိတိလင်းလင်း ‌ထောက်ခံတတ်သလို၊ မ‌ကောင်း‌သောလုပ်ရပ်ကိုလည်း ပယ်ပယ်နယ်နယ် ‌ထောက်ပြ‌ဝေဖန်တတ်သူ‌တွေ ဖြစ်သည်။
လူထု‌ထောက်ခံမှု အပြည့်အဝနီးပါး ရရှိထားခဲ့သူတဦးအ‌နေဖြင့် မည်သည့်အခါကမျှ လူထု ‌ထောက်ခံမှု မရရှိခဲ့သည့် စစ်အုပ်စုထံ ပါတီမှတ်ပုံတင် ‌လျှောက်ထားပြီး စစ်အုပ်စု ကျင်းပဦးမည့် ကလိန်ကကျစ် ကြားဖြတ်‌ရွေး‌ကောက်ပွဲကို ဝင်မည့် လုပ်ရပ်မှာ တရားမဝင်စစ်အုပ်စုကို တရားဝင်‌အောင် လုပ်‌ပေးလိုက်သလို ဖြစ်‌နေသည့်အပြင် ၎င်းတို့မတရား ‌ရေးဆွဲထား‌သော ၂၀၀၈ နာဂစ်အ‌ခြေခံဥပ‌ဒေကို ‌လေးစား လိုက်နာရမည့် အညံ့ခံ ‌နောက်လိုက်ဘဝတွင် မျက်နှာ‌ပြောင်စွာ ရပ်တည်လိုက်ခြင်းပင် ဖြစ်‌လေသည်။
‌ရွေး‌ကောက်ပွဲမှာ တစည၊ ကြံ့ဖွံ့နှင့် အခြားပါတီ‌တွေ၊ တသီးပုဂ္ဂလ‌တွေ ပါဝင်ပြိုင်ကြမည် ဖြစ်သည်။ မဲလိမ်မဲခိုးမရှိ တရားမျှတစွာ ကျင်းပမည်ဆိုသည့်တိုင် လစ်လပ်‌နေရာအားလုံးကို အဲန်အယ်လ်ဒီကချည်း ရနိုင်လိမ့်မည် မဟုတ်‌ချေ။ လစ်လပ် ‌နေရာ ၄၈‌နေရာလုံး အဲန်အယ်လ်ဒီ တပါတီတည်းက ရရှိလိုက်မည်ဆိုလျှင်လည်း ထိုအ‌ရေအတွက်မျှဖြင့် လွှတ်‌တော်ထဲ မဲအ များစုရဖို့ မလွယ်ကူ‌ချေ။ ကြံ့ဖွံ့ တစညနှင့် စစ်ဗိုလ်တမတ်သားတို့ ကျယ်ပြန့်စွာ ‌နေရာယူထား‌သော လွှတ်‌တော်ထဲတွင် ၂၀၀၈ ဥပ‌ဒေကို ပြုပြင်ရန် ‌ဆွေး‌နွေးညှိနှိုင်းမည့် အစီအစဉ်မှာ ပြက်ရယ်ပြုဖွယ်ရာ အစီအစဉ်တရပ် ဖြစ်သွား‌ပေလိမ့်မည်။
ရန်သူသည် ဗမာပြည်လူထုကြီးက ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌ပေါ် အားကိုးယုံကြည်လိုစိတ် မရှိ‌အောင် ‌ဒေါ်‌အောင် ဆန်းစုကြည်ကို ဗမာပြည်၏ ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင်တဦးအဖြစ် မမြင်‌တော့ပဲ နှစ်ရှည်လများ အကျယ်ချုပ်ထိပြီး တဦးတည်း အ‌တွေး‌ခေါင်ခဲ့ရာမှ စိတ်ဓာတ်မမှန်ဖြစ်လာသူ၊ ခပ်‌ပေါ့‌ပေါ့ မင်းတိုင်း‌ကျေ ‌ပြောဆိုတတ်လာသူ၊ ‌ပြောသင့်သည့်ကိစ္စများကို ‌ရေငုံ ‌နေကာ မျက်နှာလွှဲဖယ်‌နေရမည့် အချို့ကိစ္စများကို‌တော့ ‌ထောက်ညှာမှုမရှိပဲ ‌ပြောဆိုတတ်သူ၊ လုပ်ချင်ရာ စွတ်ရွတ်လုပ်တတ် သူအဖြစ် မြင်လာကြ‌အောင်၊ သူမအ‌ပေါ် ‌လေးစားကြည်ညိုမှု ပျက်လာ‌အောင်၊ သူမအား ထိုလမ်း‌ကြောင်းအတိုင်း မ‌လျှောက်မ ဖြစ် ‌လျှောက်လှမ်းရ‌အောင် တွန်းပို့လိုက်သည်ဟု မှတ်ယူရ‌လေသည်။
လူထုနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ခွဲထုတ်လိုက်သည့် တချိန်တည်းမှာပင် တိုင်းရင်းသား ‌တော်လှန်‌ရေး အဖွဲ့အ စည်းများနှင့်ပါ အ‌စေးမကပ်‌တော့ပဲ ဖြစ်လာ‌အောင်၊ သူမကို ‌ထောက်ခံသူနှင့် မ‌ထောက်ခံသူများအကြား အချင်းချင်း ဝိ‌ရောဓိ များမှသည် ပဋိပက္ခများ ‌ပေါ်‌ပေါက်လာ‌အောင် အစီအစဉ်တကျ လုပ်‌နေခဲ့‌လေသည်။ ယုံကြည်‌လေးစား အားထား‌လောက်ဖွယ် ‌ခေါင်း‌ဆောင်များ ‌ပျောက်ပျက်သွားသည့် လူထု၊ ညီညွတ်မှုမရှိ‌သော လူထု၊ ခံယူချက်များ မခိုင်မာ‌တော့သည့် လူထုကို ရန်သူ သည် ‌ကောင်းစွာ ထိန်းကွပ် ကိုင်တွယ်သွားနိုင်မည် ဖြစ်၏။

(၅)

တ‌လောက အွန်လိုင်း‌ပေါ်တွင် ပျံ့နှံ့‌နေ‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှစ်ပုံကို ‌တွေ့လိုက်ရသည်မှာ စိတ်မ ချမ်း‌မြေ့ဖွယ်ပင် ဖြစ်သည်။ အသက်အရွယ် အတန်ပင် ရလာခဲ့‌သော်ငြား အမြဲတ‌စေ ရွှင်လန်းတက်ကြွစွာ ‌ခေါင်းတ‌မော့‌မော့ လည်တ‌ကြော့‌ကြော့ဖြင့် အခက်အခဲ အကြပ်အတည်းများအကြား အပြုံးမပျက် ရပ်တည်နိုင်ခဲ့‌သော တိုင်းရင်းသား ပြည်သူလူ ထုကြီး၏ ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင်ကို မည်သူတဦးတ‌ယောက်ကမျှ ဤသို့‌သော ပုံစံမျိုးဖြင့် ‌တွေ့မြင်လိုကြမည် မဟုတ်။
ဓာတ်ပုံတပုံမှာ စစ်အုပ်စု ကျင်းပသည့် အစည်းအ‌ဝေးတခုသို့တက်‌ရောက်ရင်း ပင်ပမ်းနုံးချိစွာ ငိုက်မြည်း‌နေ‌သော (သို့ မဟုတ်) ကြုံ‌တွေ့‌နေရသည့် ကိစ္စရပ်များအ‌ပေါ် စိတ်ပျက်လက်ပျက် ဖြစ်‌နေ‌သော အသွင်သဏ္ဍာန်ကို ‌တွေ့ရသည်။ ‌နောက်တစ် ပုံက‌တော့ အုပ်စုလိုက် ရိုက်ထားပုံဖြစ်သည်။ အမှတ်တရ ရိုက်ကူးမှုများ၌ အမြဲလိုလို လူသူအာရုံစိုက်ခံရသည့် ‌ရှေ့ဆုံးအလယ် ‌ခေါင် အချက်အချာ‌နေရာများတွင် ‌နေရာ‌ပေးခြင်းခံရ‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ဂရု(ပ်)ပုံ၏ ‌ဘေးကျကျ‌နေရာ၌ ကုပ်ကုပ် က‌လေး ထိုင်‌နေသည်ကို မြင်ရသည်မှာ ‌လေးစားချစ်ခင်ကြသူများအတွက် စိတ်ထိခိုက်ဖွယ်ပင် ဖြစ်သည်။
ဤပုံများသည် အဲန်အယ်လ်ဒီပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်မှု မပြု‌သေးမီ သူမကိုယ်တိုင် ‌ရွေး‌ကောက်ပွဲသို့ဝင်မည်ဟု မ‌ကြေညာရ‌သေးမီ ရက်သတ္တပတ်များက ရိုက်ကူးခဲ့‌သောပုံများ ဖြစ်သည်။ စစ်အုပ်စုအ‌နေဖြင့် ၎င်းတို့လိုချင်‌သောအ‌ဖြေကို ‌ဒေါ် ‌အောင်ဆန်းစုကြည်ထံမှ မရ‌သေးမီကပင် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌ပေါ် ဤသို့ပြုမူဆက်ဆံခဲ့ပါက ၎င်းတို့လိုချင်တာ ရပြီး သည့် ယခုလိုအချိန်မျိုးနှင့် မကြာမီ ‌ရောက်ရှိလာ‌တော့မည့်အချိန်များတွင် ဤဓာတ်ပုံများတွင် ပါရှိသည့် အ‌နေအထားထက် ပိုမို လျစ်လျူရှုကာ တတ်နိုင်သမျှ ‌ဘေးဖယ်ထုတ်ရန် ကြိုးစားကြမည်မှာ မလွဲဧကန်ပင် ဖြစ်‌လေသည်။
ပြည်သူလူထု အကျိုးရှိမယ်ဆိုရင် စစ်အစိုးရရဲ့ အသုံးချခံ၊ ခုတုံးအလုပ်ခံဖြစ်လည်း ဖြစ်ပ‌စေ‌ပေါ့ ဘာဖြစ်လဲဟူ‌သော စကားမျိုး ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောခဲ့ဘူးသည်။ စစ်အုပ်စုသည် ပြည်သူလူထု ‌ကောင်းကျိုးအတွက် ‌ဒေါ်‌အောင်ဆန်းစု ကြည်ကို ခုတုံးလုပ် အသုံးချလိမ့်မည် မဟုတ်။ ၎င်းတို့အကျိုးအတွက်သာ အသုံးချသွားမည် ဖြစ်၏။
လူထု‌ခေါင်း‌ဆောင်အ‌နေဖြင့် လူထုအ‌ပေါ် တကယ်တမ်း ‌မေတ္တာ‌စေတနာထားလျက် လူထု‌ကောင်းကျိုးအတွက် ‌ဆောင်ရွက်မည်ဆိုလျှင် ပီပြင်ပြတ်သားစွာ ခိုင်ခန့်တည်ကြည်စွာ ဦး‌ဆောင်လမ်းညွှန်မှု ပြုရမည် ဖြစ်၏။ လူထုအား မိမိတို့ လို လားသည့်အရာကို မိမိတို့ကိုယ်တိုင် ကိုယ့်ဟာကိုယ် ကြိုးစားလှုပ်ရှားဖို့ချည်း ‌ပြော၍မရ။ သပ်လျှို‌သွေးခွဲမှုများ‌ကြောင့် ‌ဝေ‌တေ ဝါးတား ဖြစ်‌နေသည့် လူထုကို ယခင်က ‌ပြောခဲ့ဖူးသည့်အတိုင်း မတရား‌သော အမိန့်အာဏာနှင့် ဖိနှိပ်မှုဟူသမျှ လက်သင့်မခံ တွန်းလှန်ဖယ်ရှားရမည် ဆိုသည့်စကား‌လောက်‌တော့ ‌ပြောရမည် ဖြစ်‌လေသည်။
‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် ယခင်က မကြာခဏ‌ပြော‌လေ့‌ပြောထ ရှိခဲ့သည့် ပြည်နယ်‌ပေါင်းစု ပြည်‌ထောင်စု စစ်စစ်ကိစ္စကို အ‌ကောင်အထည် မ‌ဖော်နိုင်သ၍ ဗမာပြည်မှာ စစ်မီးတ‌ငွေ့‌ငွေ့ဖြင့် တ‌နေ့တခြား ဆင်းရဲတွင်း နက်‌နေဦးမည် ဖြစ် သည်။
တိုင်းရင်းသားတို့၏ ပြဿနာကို ပီပြင်စွာ ကိုင်တွယ် ‌ဖြေရှင်းရန် မကြိုးစားပဲ ဒီအစိုးရနှင့် ဒီအတိုင်း ‌မှေးပြီး တဖြည်း ဖြည်း ‌ဖျောင်းဖျသွားမည့်ကိစ္စမှာ တိုင်းရင်းသားတို့အ‌ရေးကို ‌ပြေလည်‌စေလိမ့်မည် မဟုတ်။ စစ်ကို မတိုက်ရဲ၍ ‌ရှောင်လွှဲလျှင် တိုင်းရင်းသား ပြည်သူများ ပို၍ နစ်နာ‌သေ‌ကြေကြဖို့သာ ရှိသည်။ ယခုအချိန်မှာ‌တော့ လူထုထံမှာလည်း မတရား‌သော စစ်အုပ် စုကို တိုက်လိုခိုက်လိုစိတ်များ ကိန်း‌အောင်းလာ‌နေပြီ ဖြစ်သည်။ အ‌ရေခြုံစစ်အုပ်စုအား တိုင်းပြည်ဘဏ္ဍာများနှင့် ပြည်သူ့ထံ ကမ္ဘာအရပ်ရပ်မှ ‌ပေးလှူလာသည့် ‌ငွေ‌ကြေးများ၊ အ‌ထောက်အကူပြု ပစ္စည်းများကို ခိုးယူ‌နေ‌သော သူခိုး၊ ပြည်သူတို့၏ လယ် ယာခြံ‌မြေများကို အဓမ္မ သိမ်းယူ‌နေ‌သော ဓားပြ၊ ပြည်သူလူထုထံမှသာမက ကမ္ဘာအရပ်ရပ်ကိုပါ လိမ်ညာ‌တောင်းစား‌နေ‌သော သူ‌တောင်းစား လူလိမ်၊ တိုင်းရင်းသား ပြည်သူလူထုအတွင်း အမျိုးသမီးများကို ‌စော်ကားဖျက်ဆီး၊ သတ်ဖြတ်‌နေ‌သော မုဒိမ်း တန္တ လူသတ်သမားများအဖြစ် ပီပီပြင်ပြင် မှန်မှန်ကန်ကန် ရှုမြင်တတ်လာပြီဆိုလျှင် ၎င်းတို့ကို တိုက်ခိုက်ဖို့ရန် မခက်‌တော့‌ချေ။
ဗမာပြည်သားချင်း မတိုက်ရပဲ ‌ပြေလည်နိုင်လျှင်‌တော့ အ‌ကောင်းဆုံး ဖြစ်သည်။ တဘက်နှင့်တဘက် အ‌လျှော့‌ပေး ညှိနှိုင်း ‌ဖြေရှင်းယူရမည် ဖြစ်၏။ အပြစ်ရှိသူများကို ထိုက်သင့်စွာ အ‌ရေးယူရမည် ဖြစ်၏။ ၎င်းတို့စစ်အုပ်စုကချည်း အ‌လျှော့မ ‌ပေးစတမ်း တပြည်လုံးကို ချုပ်ကိုင်မည့် အစီအစဉ်မှာမူ တိုင်းရင်းသားတို့နှင့် ဘယ်‌သောအခါမျှ ‌ပြေလည်မှု ရနိုင်လိမ့်မည် မဟုတ်‌ချေ။ တိုင်းရင်းသားတို့အ‌ပေါ် စိတ်‌စေတနာဆိုးထားလျက် အမြစ်ပြုတ်‌ချေမှုန်း‌ရေးမူဖြင့် ဒီမိုက‌ရေစီ ပြည်‌ထောင်စုကို ထူ‌ထောင်ချင်၍မရ။

(၆)

ရန်သူ၏လုပ်နည်းလုပ်ဟန်များကို နှစ်‌ပေါင်းများစွာ ‌တွေ့ကြုံလာခဲ့ပြီး ဖြစ်သည့်အတိုင်း သခင်္န်းစာယူကာ ‌ရှေ့‌လျှောက် ထပ်မံ မမှားရ‌အောင် သတိပြုကြဖို့ လိုသည်။ ရန်သူသည် ဖဲ့ထုတ်စည်းရုံးမှုများ၊ အခွင့်အ‌ရေးပြ မြူဆွယ်မှုများဖြင့် ‌တော်လှန် ‌ရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားတို့ကို ဖြိုခွဲခဲ့‌ပေါင်း များပြီဖြစ်၏။
ဤနည်းသည် အသစ်အဆန်း မဟုတ်။ အဖန်တလဲလဲ သုံးခဲ့ပြီးဖြစ်‌သော နည်း‌ဟောင်းကြီးသာ ဖြစ်၏။ တချိန်က ဝနှင့် ကိုးကန့်တို့ကို အပစ်အခတ်ရပ်ဆိုင်း‌ရေးများ လုပ်ပြီး‌နောက် ဘိန်းစိုက်ပျိုး ထုတ်လုပ်ခွင့်‌တွေပါ ‌ပေးခဲ့သည်။ ‌နောက်ပိုင်းကျ ‌တော့ အင်အား‌လျော့ပါး‌နေ‌သော ကိုးကန့်ကို တိုက်ခိုက်သည်။ ဝကို ကိုးကန့်အဖွဲ့အားမကူနိုင်‌အောင် သူ့နယ်ကိုယ်နယ် မကျူး ‌ကျော်‌ရေး ‌ပြောဆိုသည်။ အ‌ထောက်အကူ မရှိ‌တော့‌သော ကိုးကန့်ဖုန်ကြားရှင်တို့အဖွဲ့ ‌ချေမှုန်းခံလိုက်ကြရ၏။ များမကြာမီမှာ ပင် ဝနှင့်မိုင်းလားတို့ကို နယ်ခြား‌စောင့်တပ်များအဖြစ် အသွင်‌ပြောင်းရန် ဖိအား‌ပေးခဲ့သည်။ ဝနှင့် မိုင်းလားတို့က မလုပ်‌ဆောင် လိုကြ‌သော‌ကြောင့် အ‌ခြေအ‌နေ တင်းမာခဲ့သည်။ ထို့‌နောက်မှာ‌တော့ အပစ်အခတ်ရပ်ဆိုင်းကာ ငြိမ်းချမ်း‌ရေး သ‌ဘောတူညီ ချက် ယူထား‌သော တိုင်းရင်းသား အဖွဲ့အစည်းများကို နယ်ခြား‌စောင့်တပ်များအဖြစ် အသွင်‌ပြောင်းခိုင်းရာမှ ကချင်တို့ ရှမ်းတို့ နှင့် တိုက်ပွဲ‌တွေ ပြန်ဖြစ်လာသည်။
ယခုလည်း ကချင်နှင့် ရှမ်းကို တိုက်‌နေစဉ်၊ ၎င်းတို့အား ‌ကောင်း‌ကောင်းကြီး ‌နှောက်ယှက်‌ချေမှုန်းနိုင်သည့် ဝနှင့် မိုင်းလားတို့ကို အဓမ္မ ဖိအား‌ပေး ‌ပြောဆိုခဲ့‌သော နယ်ခြား‌စောင့်တပ်ကိစ္စ တခွန်းမျှ မဟ‌တော့ပဲ လိုအပ်‌သော အခွင့်အ‌ရေးများ ‌ပေးကာ အပစ်အခတ် ရပ်ဆိုင်းလိုက်ကြပြန်သည်။ ဝနှင့် မိုင်းလားတို့က သူတို့ပြည်နယ်ထဲ လာ၍ မထိပါး မတိုက်ခိုက်လျှင် သူတို့လည်း စစ်အုပ်စုထံ သွား‌ရောက် တိုက်ခိုက်မည် မဟုတ်ဟု ဆိုသည်။
ရှမ်းနှင့် ကချင်ကို တိုက်ခိုက်‌နေစဉ် တရားမဝင်‌သော အပစ်အခတ်ရပ်ဆိုင်း‌ရေး ငြိမ်းချမ်း‌ရေး ကမ်းလှမ်းမှု‌တွေကို ပြည်နယ်အုပ်ချုပ်‌ရေးအဖွဲ့များ ရဟန်းသံဃာနှင့် ဘာသာ‌ရေးဆရာများမှတဆင့် ‌ပြောဆိုခဲ့သည်။ နှစ်ဘက်တပ်များ တိုက်ခိုက် ‌နေစဉ် တဘက်ဘက်က အပစ်အခတ် ရပ်ဆိုင်း‌ရေး၊ ငြိမ်းချမ်း‌ရေး ကမ်းလှမ်းမှုမှာ လိုလားဖွယ်ရာ ဖြစ်‌သော်လည်း၊ ရန်သူစစ် အုပ်စု၏ ကမ်းလှမ်းမှုက‌တော့ မရိုးသားမှု‌တွေ ပါရှိ‌နေသည်။ တိုက်ပွဲဝင်‌နေကြသူများကို အရှိန်‌လျော့သွား‌အောင်၊ တိုက်အား ‌ပျော့သွား‌အောင်၊ အ‌တွေးအ‌ခေါ်‌တွေ ပျက်ပြား‌အောင်၊ အငိုက်မိ‌အောင် လုပ်ခြင်း ဖြစ်‌လေသည်။
၎င်းတို့နှင့် တိုက်‌နေကြ‌သော ‌ကေအဲန်ယူနှင့် ဒီ‌ကေဘီ‌အေတို့ကိုလည်း ထိုနည်းလည်း‌ကောင်း ကမ်းလှမ်းမှု‌တွေ လုပ်ခဲ့ သည်။ ‌ကေအဲန်ယူနှင့် ပူး‌ပေါင်းတိုက်ပွဲဝင်‌နေ‌သော ဒီ‌ကေဘီ‌အေအဖွဲ့ကို ကရင်နယ်ခြား‌စောင့်တပ်များ အကူအညီဖြင့် ‌ချေမှုန်း ၍ မရသည့်အဆုံး အပစ်အခတ်ရပ်ဆိုင်း‌ရေး‌တွေ ‌ဆွေး‌နွေးလုပ်‌ဆောင်လာပြန်၏။ ဗဟို‌ကေအဲန်ယူ အဖွဲ့အစည်းကိုလည်း အပစ် အခတ်ရပ်‌ရေး ကမ်းလှမ်းမှုများလုပ်ပြီး တချိန်တည်းမှာ ‌ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်ကို‌တော့ ထိုးစစ်ဆင်ရန် ပြင်ဆင်မှုများ လုပ်‌နေ၏။

(၇)

ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာသည် ‌ကေအဲန်ယူ အဖွဲ့အစည်းလိုပင် ‌စောဘဦးကြီး၏ မူ‌လေးချက်ကို ခိုင်မြဲစွာ ကိုင်စွဲသွားမည့်အ‌ကြောင်း ကြားသိခဲ့ရသည်မှာ ကရင်အမျိုးသားထုအတွက် ‌ကျေနပ်ဖွယ် ဖြစ်သည်။ (၁)လက်နက်ချစကား အလျဉ်းမ‌ပြောရ (၂)ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည် (၃)ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည် (၄)ကရင်ပြည် အသိ အမှတ်ပြုခြင်း ပြီးပြည့်စုံရမည်ဆို‌သော မူဝါဒ‌လေးချက်မှာ ကရင့်‌တော်လှန်‌ရေးကို ကာလရှည်ကြာစွာ ခိုင်ခိုင်မတ်မတ် ရပ်တည် နိုင်ခဲ့‌စေ‌လေသည်။ ထိုမူဝါဒများကို ချမှတ်ခဲ့သည့် ‌စောဘဦးကြီး၏ အမှာစကားတခု ရှိ‌သေးသည်။ “ကရင်‌တွေ ရန်ကုန်ဆင်းပြီး ရန်သူ့ဆီမှာ လည်စင်းခံမ‌ပေးဘူးဆိုရင် ကရင့်‌တော်လှန်‌ရေးဟာ ဘယ်‌တော့မှ မရှုံးဘူး”ဟူ၍ ဖြစ်သည်။
အ‌ခြေအ‌နေအ‌ကြောင်း‌ကြောင်း‌ကြောင့် ပြည်ပနိုင်ငံများသို့ ‌ရောက်သွားကြ‌သော ကရင်အမျိုးသားများထဲတွင် မိမိအ မျိုးသားနှင့် မိမိအဖွဲ့အစည်းအ‌ပေါ် မ‌မေ့မ‌လျော့ ‌စောင့်ကြည့်‌ဖေးမ‌နေသူ‌တွေ များစွာ ရှိသည်။ ပြည်ပ၌ စားဝတ်‌နေ‌ရေး ဘဝရပ် တည်‌ရေးများအတွက် ရုန်းကန်‌နေကြရ‌သော်လည်း မိမိအမျိုးသား အဖွဲ့အစည်းနှင့် လုပ်‌ဖော်ကိုင်ဖက် ရဲ‌ဘော်ရဲဘက်များအ‌ပေါ် သတိတရ ရှိတတ်ကြသည်။ အချို့မှာ အများနည်းတူ မိသားစု ရပ်တည်နိုင်‌ရေး၊ လူမှုဘဝတိုးတက်‌ရေးများအတွက် ကြိုးစားလုပ် ကိုင်ရင်း အဖွဲ့အစည်း ကိစ္စများဘက်သို့ ‌ခြေဦးမလှည့်နိုင်ကြ‌သော်လည်း အချို့က‌တော့ မိသားစုနှင့်အတူ ကိုယ်ထူကိုယ်ထ လုပ် ကိုင်ရင်းမှာပင် မိမိတို့အမျိုးသားများ ‌သွေးစည်းညီညွှတ်‌ရေး၊ အချင်းချင်း ယိုင်းပင်းကူညီ‌ရေးများအတွက် အဖွဲ့အစည်းများ ဖွဲ့ ထားကြသည်။ ထိုအဖွဲ့အစည်းများက မိခင်‌ကေအဲန်ယူအစည်းအရုံးကိုပါ ပြန်လည်ဆက်သွယ်ပြီး လိုအပ်သည့်ကိစ္စများ၌ တတ် အားသမျှ ကူညီ‌ဖေးမ‌ပေးသည်။ နှစ်စဉ်နှစ်တိုင်း ထိုင်းမြန်မာနယ်စပ်တ‌နေရာတွင် ပြည်ပနိုင်ငံများသို့ ‌ရောက်ရှိသွား‌သော ကရင်အမျိုးသားအဖွဲ့အစည်းများ ပြန်လည်စုစည်း ‌တွေ့ဆုံကာ မိခင်အဖွဲ့အစည်းကြီး၏ စစ်‌ရေး၊ နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စည်းရုံး‌ရေး ကိစ္စရပ်များအ‌ပေါ် ဝိုင်းဝန်းအကြံပြု ‌ဆွေး‌နွေးလျက် စွမ်း‌ဆောင်နိုင်သမျှ ‌ထောက်ကူကြသည်။
ကျန်အချိန်များတွင်လည်း ထိုအဖွဲ့အစည်းများက မိခင်အစည်းအရုံးကြီးနှင့် ပတ်သက်သမျှ ကိစ္စအဝဝကို မျက်‌ခြေမ ပြတ် ‌စောင့်ကြည့်လျက်ရှိပြီး မိခင်အစည်းအရုံး၏ လှုပ်ရှားမှုများ၊ ‌ခေါင်း‌ဆောင်များ၏ သတင်း‌ကောင်း၊ သတင်းဆိုးများအ‌ပေါ် အားရ ‌ကျေနပ်တတ်ကြ၊ ဝမ်း‌မြောက် ‌ပျော်ရွှင်တတ်ကြ၊ ဝမ်းနည်းနှ‌မြောတတ်ကြ၊ စိုးရိမ်ပူပန်တတ်ကြသည်။ ‌ကေအဲန်ယူနှင့် ရန်သူစစ်အုပ်စု၏ အပစ်အခတ်ရပ်ဆိုင်း‌ရေး ‌ဆွေး‌နွေးပွဲသတင်းကို ကြားရသည့်အခါတွင်လည်း မျိုးချစ်ပုဂ္ဂိုလ်အများအပြားပင် မိခင်အဖွဲ့အစည်းမှ ဗဟို ‌ခေါင်း‌ဆောင်ကြီးများအတွက် စိတ်ပူကြသည်။
‌ကေအဲန်ယူအ‌နေဖြင့် ရန်သူ့လှည့်ဖြားမှု‌အောက် အညာမမိ‌စေဖို့၊ အမျိုးသား ပြည်သူလူထု၏အကျိုးကို ‌ထောက်ထားငဲ့ ညှာပြီး ရန်သူနှင့် အပစ်အခတ်ရပ်ဆိုင်း၊ငြိမ်းချမ်း‌ရေးယူရာမှ ပဒို‌အောင်ဆန်းတို့ တပ်မဟာမှူး ဖူး‌ဌေး‌မောင်တို့ လမ်း‌ကြောင်းအ တိုင်း ဖြစ်သွားမည်ကို စိုးရိမ်ကြသည်။ “မင်းတို့လိုချင်တဲ့ ငြိမ်းချမ်း‌ရေးက အပစ်အခတ်ရပ်၊ နိုင်ငံ‌ရေးပါတီ ‌ထောင်တဲ့လူက ‌ထောင်၊ စီးပွား‌ရေးလုပ်တဲ့လူက လုပ်” စသဖြင့် အ‌ရေခြုံသမ္မတသိန်းစိန် ဘာလီမှာ ‌ပြောသွားခဲ့သလို စစ်အုပ်စု၏ အပစ်အခတ် ရပ်ဆိုင်း‌ရေး ဆက်လက်ပြုလုပ်မည့်အဆင့်များတွင် ကရင်ပြည်နယ်အတွင်း အချို့‌သော မြို့များ၌ နိုင်ငံ‌ရေးပါတီရုံးများ ဆက်ဆံ ‌ရေးရုံးများ ထားရှိရန်၊ နှစ်ဘက်တပ်များ လက်နက်မကိုင်‌ဆောင်ပဲ သူ့နယ်ကိုယ့်နယ် ဝင်ထွက် သွားလာနိုင်ရန်၊ စီးပွား‌ရေးလုပ် ငန်း လုပ်ပိုင်ခွင့်များ‌ပေးရန် စသည့်လုပ်ငန်းအစီအစဉ်များ ရှိ‌နေ‌သော‌ကြောင့် ရန်သူနှင့် အပစ်အခတ် ရပ်ဆိုင်း‌ရေးလုပ်ကာ စီးပွား‌ရေးအကျိုးအမြတ် ရှာ‌ဖွေလိုသူတို့၏ ‌ဘေးတီး တိုက်တွန်းမှုများလည်း ‌ပေါ်ထွက်လာ‌တော့မည် ဖြစ်သည်။
ထိုလမ်း‌ကြောင်းကို သွားမည်ဆိုပါက အဖိနှိပ်ခံ ကရင်ပြည်သူတို့၏ ‌မျှော်လင့်ချက်များ၊နှစ်‌ပေါင်း ၆၀‌ကျော် တိုက်ခိုက် လာခဲ့သည့် ကရင့်‌တော်လှန်‌ရေးအတွင်း ‌သွေး ‌ချွေး အသက် ‌ခြေလက်အဂင်္ါ ‌ပေးလှူသွား ကြသူတို့၏ ရည်မှန်းချက်များအားလုံး သဲထဲ‌ရေသွန် ဖြစ်သွားရ‌ပေ‌တော့မည်။
စစ်အုပ်စု ခင်းထားသည့် လမ်း‌ကြောင်းမှာ တိုင်းရင်းသားတို့အတွက် ထိုလမ်း‌ကြောင်းမှလွဲ၍ အခြား မရှိဟူ‌သော သ‌ဘောဖြင့် ၎င်းတို့လက်‌အောက်ခံဘဝသို့‌ရောက်‌အောင် တွန်းပို့‌နေသည့် လမ်း‌ကြောင်းသာ ဖြစ်သည်။ တိုင်းရင်းသားတို့အ‌နေ ဖြင့် စစ်အုပ်စုနှင့် ပူး‌ပေါင်း‌ဆောင်ရွက်‌နေ‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုလည်း အားကိုးစရာ မမြင်‌တော့သည့်အ‌ခြေအ‌နေ၊ ကျားသနားမှ နွားချမ်းသာရမည့် အ‌ခြေအ‌နေမှာ ယခင်က ထုနှင့်ထယ်နှင့် ရှိခဲ့‌သော ခံယူချက် ရည်မှန်းချက်များ လွင့်ပါး‌ပျောက် ကွယ်သွားရ‌တော့မည် ဖြစ်‌လေသည်။
ဘယ်တုန်းကမှ တည်ကြည်ခြင်း မရှိ‌သော ရန်သူ့ကတိသစ္စာကို မယုံမိဖို့၊ အငိုက်မမိဖို့ လိုသည်။ ယုံကြည်မှု တည် ‌ဆောက်သည်ဆိုရာတွင် တဘက်သတ် တည်‌ဆောက်၍ မရနိုင်‌ချေ။ တပ်မဟာမှူး ဖူး‌ဌေး‌မောင် ရန်သူနှင့် ‌စေ့စပ်‌ဆွေး‌နွေး ငြိမ်း ချမ်း‌ရေးယူလိုက်သည့် အချိန်က ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒိုမန်းရှာ ‌ပြောခဲ့‌သောစကားမှာ မှတ်သားဖွယ် ဖြစ် သည်။ “ပန်းတိုင်‌ရောက်ခါနီးမှ၊ ကျား‌ရှေ့ ‌မှောက်လျက်လဲလိုက်သလိုမျိုးပဲ ” ဟူ၏။
အမျိုးသားပြည်သူလူထု၏ ယုံကြည်‌လေးစားမှုကို ခံယူရရှိပြီး မ‌ဝေး‌တော့သည့် အနာဂတ် ကရင်ပြည်နယ်အတွက် ‌မျှော်လင့်အားထားမှု ရရှိထားကြ‌သော ‌ခေါင်း‌ဆောင်ကြီးများအ‌နေဖြင့် ထိုကဲ့သို့‌သော အဖြစ်မျိုး မ‌ရောက်မိ‌စေရန် ဂရုပြုကြရ မည် ဖြစ်သည်။ မှန်ကန်‌သော လမ်း‌ကြောင်း‌ပေါ်တွင် တည့်မတ်ခိုင်ကျည်စွာ ရပ်တည်လျက်၊ တိုင်းရင်းသားအားလုံးနှင့် တန်းတူ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည့်အဝရှိ‌သော အမျိုးသားလွတ်‌မြောက်မှုကို မရမချင်း ဆက်လက် ‌တောင်းဆို တိုက်ပွဲဝင် သွား‌စေလိုသည့်ဆန္ဒ ပြည်တွင်းပြည်ပ မျိုးချစ်အဖွဲ့အစည်းများမှာ ရှိ‌နေကြသည်။

(၈)

ရန်သူသည် ရှမ်းနှင့်လည်း ‌တွေ့ဆုံ‌ဆွေး‌နွေးရန် ကမ်းလှမ်းခဲ့ပြီး ‌တွေ့ဆုံမှုအချို့ လုပ်‌နေပြီဖြစ်ရာ လက်ရှိ အကြီးအ ကျယ် တိုက်‌နေ‌သော တိုင်းရင်းသားအဖွဲ့မှာ ကချင်တဖွဲ့သာ ကျန်‌နေ‌တော့သည်။ ဗိုလ်မှူးချုပ်‌စောလားပွယ်တို့လို လက်နက် လူသူ အင်အားတစ်‌ထောင်‌ကျော် နှစ်‌ထောင်မျှသာ ရှိသည့် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာသည်ပင် တနှစ်ပြည့်‌အောင် ‌ကောင်း‌ကောင်းကြီး ရပ်တည်တိုက်ခိုက်ကာ ၎င်းတို့ စစ်အုပ်စုအား အထိနာ‌စေခဲ့‌သေးလျှင် လက်နက်ကိုင်အင်အား တစ် ‌သောင်း‌ကျော်ရှိသည့် ကချင်အဖွဲ့အ‌နေဖြင့် ရန်သူကို ‌ကောင်း‌ကောင်းကြီး ဒုက္ခ‌ပေးနိုင်မည်မှာ ယုံမှားသံသယရှိစရာ မလို‌ချေ။ ဗမာပြည်သား အချင်းချင်း ထိခိုက် ‌သေ‌ကြေရ‌သော တိုက်ပွဲသည် မ‌ကောင်း။ သို့ရာတွင် ထိုတိုက်ပွဲကို အငြိုးတကြီး မရပ်မနား ဆက်လက် ‌ဖော်‌ဆောင်‌နေ‌သော စစ်အုပ်စုနှင့် ၎င်းတို့လက်ပါး‌စေများအား ပြန်လှန် ‌ချေမှုန်းရခြင်းမှာ အထူးပင် ‌ကောင်းမြတ် ‌သော အလုပ်ဖြစ်သည်။
ယခုအချိန်မှာ ကမ္ဘာအရပ်ရပ်တွင် အာဏာရှင်အစိုးရများ ပြုတ်ကျချုပ်ငြိမ်းကာ၊ လူသားမျိုးနွယ်အ‌ပေါ် ရာဇဝတ်မှု ‌ဖောက်ဖျက်ကျူးလွန်ကြသူများလည်း ကျဆုံးကုန်ကြသည့်အချိန်ဖြစ်၍ စစ်အာဏာရှင်စနစ်မှာ မည်သူမျှ လက်မခံနိုင်‌သော စနစ်အဖြစ် ထီးထီးကြီး ကျန်ရစ်‌နေ‌လေသည်။ ကမ္ဘာ့နိုင်ငံ အများအပြားက လက်မခံ‌တော့‌သော ထိုစနစ်ကို ဖြိုဖျက်ရန်မှာ ကမ္ဘာ့ဖိအားများပါ ပါဝင်လာမည် ဖြစ်‌သော‌ကြောင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်‌နေ‌သော ဒီမိုက‌ရေစီ‌ရေးအဖွဲ့အစည်းများ၊ ‌တော်လှန်‌ရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ ‌တောက်‌ပြောင်လာ‌ပေ‌တော့မည်။ စစ်အာဏာရှင်နှင့် ‌ပေါင်း၍ ပြုပြင်‌ပြောင်း လဲမှုများ တဖြည်းဖြည်း လုပ်ယူမည့် အစီအစဉ်အစား၊ အ‌ခြေအ‌နေအရပ်ရပ်ကို ရုတ်ခြည်း‌ပြောင်းလဲ‌စေမည့် တပ်‌ပေါင်းစု လှုပ် ရှားမှု အစီအစဉ်သစ်များ မကြာမီ လပိုင်းနှစ်ပိုင်းအတွင်းမှာပင် ‌ပေါ်ထွက်လာ‌ပေလိမ့်မည်။
ကြွက်မနိုင် ကျီမီးရှို့‌သော သ‌ဘောဖြင့် အရပ်သားများ၊ ဘာသာ‌ရေးဆရာများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ နှင့် က‌လေးသူငယ်များအား ပစ်မှတ်ထားကာ တိုက်ခိုက်လာခြင်းမှာမူ စစ်သား‌ကောင်း မပီသ‌သော သူရဲ‌ဘော‌ကြောင်သူတို့၏ လုပ်ရပ်သာ ဖြစ်‌လေသည်။
‌တော်လှန်‌ရေးအဖွဲ့အစည်းများအ‌နေဖြင့် မိမိတို့၏ မဟာမိတ်များကို ရန်သူက တိုက်ခိုက်ပါက အချင်းချင်း တတ်အား သမျှ ဝိုင်းဝန်းအကူအညီ‌ပေးကြရမည် ဖြစ်သည်။ ပြီးခဲ့သည့် လအနည်းငယ်က တိုက်ပွဲဖြစ်‌နေသည့် ရှမ်းနှင့် ကချင်နယ်‌မြေသို့ ‌အေဘီအက်စ်ဒီအက်ဖ်၊ ‌အေအယ်ပီနှင့် ‌ကေအဲန်အယ်လ်‌အေတို့မှ သွား‌ရောက် အားဖြည့်‌ထောက်ကူ‌ပေးခဲ့‌ကြောင်း ကြားသိခဲ့ ကြရသည်။ နယ်‌မြေတိုင်းမှာ စစ်အုပ်စု၏ တပ်များကို ဖြိုဖျက်ရှင်းလင်းနိုင်မည်ဆိုလျှင် စစ်အုပ်စုတပ်များအ‌နေဖြင့် ယခုထက်ပို ၍ စိတ်ဓာတ်ပျက်ပြားကာ ‌တော်လှန်‌ရေးအဖွဲ့အစည်းများထံသို့ လက်နက်ချလာသူများ၊ ဘက်‌ပြောင်းခိုလှုံလာသူများ၊ ၎င်းတို့ အချင်းချင်းအကြား အထက်‌အောက်မညီညွတ်မှုများ၊ မ‌ကျေနပ်မှုများ ပိုမို‌ပေါ်ထွက်လာကြမည်ဖြစ်ပြီး မိမိတို့က တိုက်ပွဲအရှိန် ကို ပို၍ မြှင့်လိုက်ပါက နှစ်ရှည်လများ အဖိနှိပ် အ‌စော်ကားခံခဲ့ရ‌သော‌ကြောင့် ရရာလက်နက်စွဲကိုင် ပါဝင်‌တော့မည့် ပြည်သူ လူထုကြီးနှင့်သာမက ရန်သူ့တပ်တွင်းမှ လူထုဘက်သား တပ်မှူးတပ်သားများနှင့်ပါ လက်တွဲမိနိုင်ကာ ဗမာပြည်၌ ဆယ်စုနှစ် ‌ပေါင်းများစွာ ကျွန်ပြုချုပ်ကိုင် ချယ်လှယ်ခဲ့‌သော စစ်အာဏာရှင်စနစ် ‌နောက်တဖန် မ‌ပေါ်‌ပေါက်‌ရေးကိစ္စကို တိုင်းရင်းသား ပြည် သူလူထု ကြီးကိုယ်တိုင် အာမခံနိုင်ကြမည် ဖြစ်‌လေသည်။