Home သတင်း ရွာသားများအား ညမထွက်ရအမိန့် အစိုးရစစ်တပ် ထုတ်ပြန်

ရွာသားများအား ညမထွက်ရအမိန့် အစိုးရစစ်တပ် ထုတ်ပြန်

1737
ဒီဇင်ဘာလ ၁၄ရက်။ ‌စောဖိုးမူး (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ ပ‌လောမြို့နယ်၊ အမို‌ဒေသတွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်က ဒီဇင်ဘာလ ၇ရက်‌နေ့မှစ၍ ‌ဒေသခံရွာ သားများအား ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်သည်ဟု ‌ဒေသခံရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

အစိုးရစစ်တပ် နည်းဗျူဟာ-နဗဟ(၃)မှူး ဗိုလ်မှူးကြီးစိုးမင်း‌ဋ္ဌေးက ယခုလ ၇ရက်‌နေ့တွင် အမို‌ဒေသရှိ ဆင်ဖြူဒိုင်‌ကျေးရွာမှ ထိုင်းနယ်စပ် မဲ့တလိ‌ကျေးရွာအထိ ရွာသားများအား အစည်းအ‌ဝေး‌ခေါ်ပြီး ‌ကျေးရွာ စနစ်တကျ တည်‌ဆောက်နိုင်ရန်အတွက် ည‌နေမှ မနက်အထိ ရွာပြင်ပသို့ ထွက်ခွာခြင်းမပြု‌တော့‌ကြောင်း အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

‌ဒေသခံရွာသား တစ်ဦးက “ည‌နေ ၆နာရီက‌နေ မနက် ၆နာရီအထိ ဘယ်သူမှ အပြင်မထွက်ရဆိုပြီး‌တော့ နဗဟ(၃)မှူး ဗိုလ်မှူး ကြီးစိုးမင်း‌ဋ္ဌေးနဲ့ (၄၀၅)တပ်ရင်းမှူး ဗိုလ်မှူး‌ဇော်ပိုင်ဦးတို့က အမိန့်ထုတ်တယ်။ အဲဒီအချိန်မှာ ထွက်တဲ့သူ‌တွေ့လို့က‌တော့ ပစ် သတ်မယ်။ တာဝန်မယူဘူး ‌ပြောတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လယ်ယာ၊ ‌တောင်ယာများတွင် ညအိပ် အလုပ်သွားလုပ်‌နေကြသည့် ရွာသူရွာသားများကိုလည်း ရွာအတွင်း အကုန် ပြန်လာ‌နေခိုင်းသည်ဟု အမည်မ‌ဖော်လိုသည့် အမိုရွာသားတစ်ဦးက ‌ပြောသည်။

အမို‌ဒေသတွင် ယခုလို ရွာသူရွာသားများအား ရွာပြင်မထွက်ခိုင်းခြင်းနှင့် ရွာသားများအား ‌ကျေးရွာအတွင်း ယခုကဲ့သို့ ပြန် လည်‌နေထိုင်‌စေခြင်းသည် ထားဝယ်‌ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ်လျှက်ရှိသည်ဟု အစိုးရစစ်တပ်နှင့် နီးစပ်သူတစ်ဦး က ‌ပြောသည်။

ဗိုလ်မှူးကြီးစိုးမင်း‌ဋ္ဌေး ဦး‌ဆောင်သည့် နဗဟ(၃)သည် ယခုရက်ပိုင်းအတွင်း ‌ကေအဲန်ယူ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များ၏ ချုံခို တိုက်ခိုက်မှု‌ကြောင့် ထိခိုက်ကျဆုံးမှုများ ရှိ‌ကြောင်းလည်း သိရသည်။