Home ကဗျာ ယာယီက ယာယီပါ

ယာယီက ယာယီပါ

1637
(လကင်္ာဒီပ)

အချိန်ဆွဲလမ်း‌ကြောင်း
‌ထောင်း‌ထောင်းညက် ‌ခြေပစ်မယ့်ဗျူဟာ
‌ချော့တခါ ‌ခြောက်တလှည့်
လှပတဲ့ မက်လုံးနဲ့မြူ
ညံ့တဲ့သူခံစတမ်း‌လေ
‌မြေ‌ခွေးဉာဏ် တညစ်ညစ်
အနှစ်မပါ ပလီညာ
အကာအဖုံး ဗလာထုံး‌တွေ
လာလုံး‌နေတာ တို့သိရမယ်။

မ‌ယောင်ရာ ဆီလူး
မခူးသင့်တာခူး
မတူးသင့်တာတူး
ငမူးတစ်သိုက်ရဲ့လုပ်ပုံ
ယုံတဲ့သူရဲ့‌ခေါင်း
ဝင်‌အောင်းပစ်လိုက်ပါ နံရံ‌တွေ
ဒီ ‌သေမင်းရထားကြီး ဖြတ်သန်းဖို့
တို့‌တွေ သံလမ်းအဖြစ် ခံကြ‌တော့မှာလား။

သ‌ဘောတရားလမ်း‌ကြောင်းမှန်
ဧကန်မလွဲဘူးဆိုရင်သာ
‌နေရာအနှံ့ စစ်ပွဲ‌တွေရပ်
မုဒိမ်းတပ်‌တွေရုပ်သိမ်း
ထိန်းသိမ်းထား နိုင်ငံ‌ရေးအကျဉ်းသား
တစ်ပြားတစ်ချပ်မကျန် လွှတ်‌ပေး
တိုင်း‌ရေးပြည်‌ရေး အနာဂတ်အ‌ရေး
‌ဆွေး‌နွေးကြမယ် အားမနာတမ်း‌ပေါ့။

တိုင်းရင်းသားမှန်ရင်
လူမထင်ချင်တဲ့
ရှင်ဘုရင်ရူးမျိုးဆက်‌တွေ
‌ဒေသဖွံ့ဖြိုး‌ရေးအ‌ကြောင်းရှာ
အာဏာစက်ချဲ့ထွင်‌ရေးမူ
ကျူပင်ခုတ် ကျူငုတ်မကျန်‌အောင်
ဖလံ‌တောင်အလှ‌တွေ
‌ခြွေဖျက် ‌ခြေဖျက်မယ့်အ‌ကွေ့
လက်‌တွေ့မကျ ကွက်‌ရွှေ့ပြတာ နားလည်ကြစို့။

ဒီဇင်ဘာ ၂၊ ၂၀၁၁