Home သတင်း မွန်ပြည်သစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ် ပဏာမ ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ် ပဏာမ ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ

1691
ဒီဇင်ဘာလ ၂၂ရက်။ (‌ကေအိုင်စီ)

မွန်ပြည်သစ်ပါတီနှင့် ပြည်‌ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်း‌ရေးအဖွဲ့တို့ ပဏာမ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးရန်အတွက် ပထမအကြိမ် အဖြစ် ယ‌နေ့ ‌တွေ့ဆုံခဲ့ကြသည်။

ယ‌နေ့ ‌နေ့ လည် ၁၁နာရီခန့်က ‌တွေ့ဆုံရာတွင် အစိုးရဘက်မှ ဦး‌အောင်မင်း ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေးအဖွဲ့ ကိုယ်စားလှယ် များ အပါအဝင် မွန်ပြည်သစ်ပါတီဘက်မှ ငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင်တို့က ထိုင်းနိုင်ငံ စံခလပူရီမြို့တွင် ‌တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

“ဒီ‌တွေ့ဆုံမှုဟာ ပဏာမ‌တွေ့ဆုံမှုသ‌ဘောပါပဲ၊ သူတို့ (အစိုးရကိုယ်စားလှယ်) ဘက်က အပစ်ရပ်ပြီး‌တော့ ဆက်ဆံ‌ရေးရုံး ဖွင့်ဖို့၊ နိုင်ငံ‌ရေး ‌ဆွေး‌နွေးဖို့၊ ပြီး‌တော့ ပင်လုံလို ကျယ်ပြန့်တဲ့ ညီလာခံကျင်းပဖို့ဆိုပြီး‌တော့ တင်ပြတယ်။”ဟု မွန်ပြည်သစ်ပါတီ အ‌ထွေ ‌ထွေ အတွင်း‌ရေးမှူး နိုင်ဟံသာက ‌ပြောသည်။

‌တွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီမှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်ဟံသာ၊ ဗဟိုအလုပ်အမှု‌ဆောင် နိုင်‌ရွှေသိန်း၊ နိုင်တလညီ၊ ဗဟို ‌ကော်မတီဝင်များဖြစ်သည့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် နိုင်လရီ‌ကောင်းနှင့် ထားဝယ်ခရိုင်အတွင်း‌ရေးမှူး နိုင်ဗညားလယ်နှင့် မွန် ပြည်နယ် ဝန်ကြီးချုပ် ငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင်အဖွဲ့ နိုင်တင်‌အောင်၊ နိုင်စိုးမြင့်နှင့် အထင်ကရ မွန်ဆရာ‌တော် ဘဒ္ဒန္တ ‌ကေတုမာလာ၊ ဘဒ္ဒန္တသီလဝန္တနှင့် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုအဖွဲ့ ပြည်‌ထောင်စု မီးရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ၈ဦးပါ အဖွဲ့ဝင်များ ပါဝင်ကြသည်။

“သူတို့ဘက်က လာမယ့် ဇန်နဝါရီမှာ ‌တွေ့ဖို့ ‌ပြောတယ်။ ကျ‌နော်တို့က ‌တွေ့ မ‌တွေ့ဆိုတာ မဆုံးဖြတ်ရ‌သေးဘူး။ အခု ‌တွေ့ဆုံခဲ့ တာ‌တွေကို ဗဟိုနဲ့ ညှိနှိုင်းပြီးမှပဲ သိ‌တော့မယ်။”ဟု နိုင်ဟံသာက ‌ပြောဆိုသည်။

ဦး‌အောင်မင်းဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင်အဖွဲ့သည် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း‌ရေး ပဏာမ ‌တွေ့ဆုံခဲ့မှုရှိ‌သော်လည်း မွန်ပြည်သစ်ပါတီနှင့် ယခုမှသာ ပထမအကြိမ် လာ‌ရောက်‌တွေ့ဆုံခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် ပြီးခဲ့သည့် ‌အောက်တိုဘာလက ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ‌ရေးမြို့တွင်တစ်ကြိမ်၊ နိုဝင်ဘာ လတွင် မွန်ပြည်နယ်အစိုးရငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင်များနှင့် ဗဟိုဌာနချုပ်တွင်တစ်ကြိမ် ‌တွေ့ဆုံခဲ့ကြသည်။

ထိုသို့ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြစဉ်က မွန်ပြည်သစ်ပါတီသည် ချမှတ်ထားသည့် မူအတိုင်း တိုင်းရင်းသား‌ဒေသက စစ်ပွဲများကို တစ် ‌ပြေးညီ ရပ်ဆိုင်း‌ပေးပြီး ထိုမှတဆင့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးသွားရန် တင်ပြ ‌ဆွေး‌နွေးခဲ့ကြသည်။

အစိုးရငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့နှင့် ‌တွေ့ဆုံ‌နေစဉ်မှာပင် မွန်ပြည်သစ်ပါတီသည် ၎င်းတို့၏ ဗဟိုဌာနချုပ်ရှိရာ ‌ရေး‌ချောင်းဖျား‌ဒေသတွင် ဒီဇင်ဘာ ၂၁ရက်‌နေ့မှစ၍ အဋ္ဌမအကြိမ် ပါတီညီလာခံကို ကျင်းပလျှက်ရှိသည်။

ညီလာခံတွင် ‌မော်လမြိုင်ခရိုင်၊ သထုံခရိုင်နှင့် ထားဝယ်ခရိုင်တို့မှ ကိုယ်စားလှယ်စုစု‌ပေါင်း တစ်ရာ‌ကျော်တက်‌ရောက်‌ကြောင်း သိရသည်။ ၎င်းညီလာခံတွင် ပါတီ၏ လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း၊ ‌ရှေ့ဆက်လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေ အစိုးရနှင့် ပါတီဝင်များ ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံခဲ့ကြသည့် အ‌ခြေအ‌နေများ ‌ဆွေး‌နွေးကြမည် ဖြစ်သည်။

၁၉၉၅ခုနှစ်က မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့သည့် မွန်ပြည်သစ်ပါတီသည် ၂၀၁ဝခုနှစ် စက်တင်ဘာလမှစပြီး စစ်အစိုးရ ၏ နယ်ခြား‌စောင့်တပ် ‌ပြောင်းလဲဖွဲ့စည်း‌ရေး ကမ်းလှမ်းချက်ကို လက်မခံသည့်အတွက် အပစ်ခတ်ရပ်စဲ‌ရေး ပျက်ပြယ်သွားခဲ့ သည်။