Home ထိပ်တန်းသတင်း ပင်လယ်ရပ်ခြားဖွံ့ဖြိုး‌ရေး -ODA မကူညီမီ ကွင်းဆင်း‌လေ့လာမှု ဂျပန် ကြိုလုပ်သင့်

ပင်လယ်ရပ်ခြားဖွံ့ဖြိုး‌ရေး -ODA မကူညီမီ ကွင်းဆင်း‌လေ့လာမှု ဂျပန် ကြိုလုပ်သင့်

1981
ဒီဇင်ဘာလ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်‌ကော်မြို့နယ်ရှိ ‌လောပိတ(ဘီလူး‌ချောင်း) အမှတ်-၂ ‌ရေအားလျှပ်စစ်စစ်ရုံ ပြန်လည်ပြုပြင် မွမ်းမံ‌ရေးအတွက် မြန်မာအစိုးရအား ပင်လယ်ရပ်ခြားဖွံ့ဖြိုး‌ရေးအကူအညီ-ODA မ‌ပေးမီ ထို‌ဒေသကို ကွင်းဆင်း‌လေ့လာမှု ကြို လုပ်သင့်‌ကြောင်း ဂျပန်အစိုးရအား ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPP က ယ‌နေ့ တိုက်တွန်းလိုက်သည်။

အမှတ်-၂ ‌လောပိတ‌ရေအားလျှပ်စစ်စက်ရုံ တည်‌ဆောက်ပြီးကာလအတွင်း မြန်မာအစိုးရက လုံခြုံ‌ရေးအ‌ကြောင်းပြကာ ထို‌ဒေ သရှိ နယ်‌မြေများတွင် ‌ထောင်ထားသည့် ‌မြေမြှုပ်မိုင်းများ‌ကြောင့် လူတိရိစာ္ဆန်များ ထိခိုက်‌သေ‌ကြေရခြင်း၊ ‌လျော်‌ကြေးမ‌ပေးဘဲ ‌ကျေးရွာများကို အဓမ္မ‌ရွှေ့‌ပြောင်းခိုင်းခြင်းနှင့် စက်ရုံမှထွက်ရှိသည့် လျှပ်စစ်မီးများမှာ ‌ဒေသခံများအတွက် အကျိုးခံစားမှုမရှိ ‌ကြောင်း KNPP ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ခူးဦးရယ်က ‌ပြောသည်။

“မြန်မာအစိုးရဟာ အ‌ပေါ်ယံ‌လောက်သာ ပြုပြင်‌ပြောင်းလဲမှု‌တွေ လုပ်တာကို နိုင်ငံတကာက အ‌ပြောင်းအလဲ တကယ် စလုပ် လာတယ်လို့ ထင်တယ်။ ဂျပန်ကလည်း အဲလိုယူဆပြီး (ODA)အကူအညီ ‌ပေးတာလို့ နားလည်တယ်။ ခုချိန်မှာ ‌လောပိတ ‌ဒေသမှာ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှု‌တွေ ဆက်ရှိ‌နေတာကိုသိဖို့ ဂျပန်အစိုးရဟာ အကူအညီမ‌ပေးခင် ဒါ‌တွေကို အရင် လာ‌ရောက်‌လေ့လာသင့်တယ်။ ဘာပဲလုပ်လုပ် ပြည်သူ‌တွေဟာ အခရာကျတယ်။”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာစစ်အစိုးရလက်ထက် လူ့အခွင့်အ‌ရေးချိုးမှုများ ကျူးလွန်ခဲ့သည့်အ‌ပေါ် ‌လောပိတ‌ဒေသတွင် ၁၂နှစ်မျှ ODA အကူအညီ ‌ပေးမှု ရပ်တန့်ထားပြီး‌နောက် ဦးသိန်းစိန်အစိုးရလက်ထက်တွင် နှုတ်အားဖြင့် အ‌ပြောင်းအလဲဆီသို့ ဦးတည်‌နေသည်ဟု ‌ပြော ‌သော်လည်း လက်‌တွေ့၌ မည်သည့်အ‌ပြောင်းအလဲမျှ မလုပ်‌ဆောင်‌သေးသည်ကို ဂျပန်အ‌နေဖြင့် အမှန်တကယ်သိရန် ကွင်း ဆင်း‌လေ့လာမှု လုပ်သင့်‌ကြောင်း KNPP ၏ ‌ကြေညာချက်၌ ‌ထောက်ပြထားသည်။

ထို့အပြင် မြန်မာအစိုးရသည် အမှန်တကယ် နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲလိုသည့် အာသီသရှိမည်ဆိုပါက နိုင်ငံ‌ရေးအကျဉ်းသား များကို ချွင်းချက်မရှိ လွှတ်‌ပေးရန်၊ တိုင်းရင်းသား‌ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခနှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ရပ် တန့်‌ပေးရန်၊ တိုင်းရင်းသားများနှင့် နိုင်ငံ‌ရေးစားပွဲဝိုင်းတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် ဂျပန်က တိုက်တွန်းသင့်‌ကြောင်းလည်း KNPP က ဆိုသည်။

ယခုနှစ် ‌အောက်တိုဘာလ ၂၁ ရက်က မြန်မာ နိုင်ငံခြား‌ရေးဝန်ကြီး ဦးဝဏ္ဏ‌မောင်လွင်နှင့်အဖွဲ့သည် ဂျပန်နိုင်ငံသို့ ၃ရက်တာ ခရီးအဖြစ် သွား‌ရောက်လည်ပတ်ခဲ့စဉ် ဂျပန်နိုင်ငံခြား‌ရေးဝန်ကြီး ခိုအိချီးရိုးဂင်းဘာ(Koichiro Gemba) က မြန်မာအစိုးရအား ‌လောပိတ အမှတ်-၂ ‌ရေအားလျှပ်စစ်စစ်ရုံ ပြန်လည်မွမ်းမံရန်အတွက် (ODA)အကူအညီ‌ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းခရီးစဉ်အတွင်း ဂျပန်နိုင်ငံ အ‌ခြေစိုက် မြန်မာ့ဒီမိုက‌ရေစီ‌ရေးလှုပ်ရှားသူ ၂၀ဝခန့်က မြန်မာနိုင်ငံတွင် စစ်မှန်သည့် ပြုပြင် ‌ပြောင်းလဲမှု မရှိ‌သေးသည့်အတွက် ODA အကူအညီမ‌ပေး‌သေးရန် ဂျပန်နိုင်ငံခြား‌ရေးဝန်ကြီးဌာန‌ရှေ့တွင် စု‌ဝေးဆန္ဒပြခဲ့ကြ ‌သေးသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံအတွင်း ၂၀၀၃ခုနှစ် ဒီပဲယင်း အ‌ရေးအခင်း ဖြစ်ပွားသည့်‌နောက် ODA အကူအညီ ဖြတ်‌တောက် ခဲ့ခြင်းဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်ပြီး‌နောက် စစ်ရှုံးသည့် ဂျပန်သည် မြန်မာနိုင်ငံအား စစ်‌လျော်‌ကြေးအဖြစ် ‌လောပိတ ‌ရေးအားလျှပ်စစ် အမှတ်-၂ စက်ရုံကို ODA အကူအညီဖြင့် ဘီလူး‌ချောင်း၏ ‌လောပိတ‌ရေတံခွန် ‌အောက်ဘက်၌ အဆင့်နှစ်ဆင့်ခွဲ၍ ၁၉၅ဝခုနှစ်တွင် စတင် ‌ဆောက်လုပ်ခဲ့ပြီး ၁၉၇၄ခုနှစ်တွင် တည်‌ဆောက်ပြီးစီးကာ လျှပ်စစ်ဓါတ်အား ၁၆၈ မီဂါဝပ် ထုတ်လုပ်‌ပေးလျက်ရှိသည်။

ဘီလူး‌ချောင်းတွင် လက်ရှိ တည်‌ဆောက်ဆဲဖြစ်သည့် ‌လောပိတ ‌ရေအားလျှပ်စစ်စက်ရုံ အမှတ် ၃ အပါအဝင် ‌လောပိတ ‌ရေအားလျှပ်စစ်စက်ရုံ အမှတ် ၁နှင့် အမှတ် ၂ဟူ၍ သုံးခုရှိပြီး ထွက်ရှိ‌သော လျှပ်စစ်အားများကို မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းသို့ ပို့‌ပေးလျှက်ရှိ‌ကြောင်း သိရသည်။