Home ထိပ်တန်းသတင်း ကချင်လူထု ထိခိုက်‌သေဆုံးမှု အစိုးရ၏ စွပ်စွဲ‌ဖော်ပြချက်ကို KIA ငြင်းဆို

ကချင်လူထု ထိခိုက်‌သေဆုံးမှု အစိုးရ၏ စွပ်စွဲ‌ဖော်ပြချက်ကို KIA ငြင်းဆို

1836
ဒီဇင်ဘာလ ၃ရက်၊ ၂၀၁၁ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA ပစ်ခတ်မှု‌ကြောင့် ကချင်လူထု ၁ဦး ‌သေဆုံးပြီး ၇ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယ‌နေ့ ထုတ် မြန်မာအစိုးရပိုင်သတင်းစာ၏ စွပ်စွဲ‌ဖော်ပြချက်မှာ မဟုတ်မမှန်‌ကြောင်း KIA က တုံ့ပြန်ငြင်းဆိုလိုက်သည်။

KIA ‌ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က “အစိုးရရဲ့ ‌ဖော်ပြချက်အားလုံး‌တွေဟာ အမှားကြီး‌တွေချည်းပဲ။ တကယ်ဆိုရင် သူတို့ (မြန်မာအစိုးရတပ်)က ဧရာဝတီမြစ်ရဲ့အ‌နောက်ဘက်ကမ်း ‌ခေါင်းဖူး(ရွာ)ဘက်က‌နေ အ‌ရှေ့ဘက်ကမ်းမှာရှိတဲ့ တာ‌လော ကြီးရွာထဲ လက်နက်ကြီးနဲ့ လှမ်းပစ်တာဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာအစိုးရသတင်းစာ၌ ယခင်လ ၃ဝရက်‌နေ့က မြစ်ကြီးနားမြို့နယ်၊ တာ‌လောကြီး‌ကျေးရွာအုပ်စု၊ ကျွန်းပင်သာရပ်ကွက်ကို KIA ဘက်မှ ပစ်ခတ်ခဲ့ရာ ထိုရပ်ကွက်ရှိ အသက် ၅၂နှစ်အရွယ် ‌ဒေါ်သန်းဆင့်ဆိုသူ ‌သေဆုံးပြီး ၆ဦး ဒဏ်ရာရရှိ‌ကြောင်း၊ ထို‌နေ့ မတိုင်ခင် နိုဝင်ဘာ ၂၉ရက်‌နေ့၌လည်း မိုး‌ကောင်းမြို့နယ်၊ ‌ညောင်‌တော‌ကျေးရွာ အနီးတွင် KIA ပစ်ခတ်၍ အသက် ၄ဝအရွယ် အမျိုးသားတဦးဒဏ်ရရှိ‌ကြောင်း အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက ဆိုသည်။

မြန်မာအစိုးရနှင့် တိုက်ပွဲ ဖြစ်ပွား‌နေသည့်ကာလအတွင်း ပြည်သူကို ၎င်းတို့ဘက်မှ ပစ်ခတ်ခြင်း လုံးဝ မလုပ်ခဲ့‌ကြောင်း၊ နိုဝင် ဘာ ၃ဝရက်‌နေ့က ပစ်ခတ်မှုမှာ မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၃) လက်‌အောက်ခံ ခလရ(၃၈၂)၊ (၃၈၅) တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KIA က ‌ပြောသည်။

“‌ခေါင်ဖူး‌ကျေးရွာမှာ ‌ရောက်‌နေတဲ့ မြန်မာစစ်တပ်‌တွေက ၈၈-မမလက်နက်ကြီးနဲ့ ပစ်လို့ တာ‌လောကြီးဘက်က ‌ဒေါ်ခင်ဆင့်ကို ထိပြီး ‌သေသွားတယ်။ ရွာသား ၇ဦးလည်း ဒဏ်ရာရတယ်။ သူတို့ ‌ရေးထားတဲ့ ‌ဒေါ်သန်းဆင့်ဆိုတာ မှားတယ်၊ ‌ဒေါ်ခင်ဆင့်ပါ။ တကယ်ဆိုရင် ဒဏ်ရာရတဲ့သူလည်း ၇ဦးပါ။ ‌နောက် သူတို့ပစ်တာ ရာမ ဘုန်းကြီး‌ကျောင်း ကို ထိတယ်။ အိမ်နှစ်လုံးလည်း ထိ သွားတယ်။”ဟု ဦးလနန်က ရှင်းပြသည်။

KIA တပ်မဟာ(၅)ဂွင်ရှိ ‌ခေါင်ဖူးတွင် ‌ရောက်ရှိ‌နေသည့် အင်အား ၂၈၀‌ကျော်ရှိ မြန်မာအစိုးရစစ်တပ် ခလရ(၃၈၁)နှင့် (၃၅၈) ကို နိုဝင်ဘာ ၃ဝရက်‌နေ့ မနက် ၁ဝနာရီခွဲတွင် KIA ဘက်က ‌ပြောက်ကျားဖြင့် မိုင်းဆွဲတိုက်ခိုက်ကာ ၁၄ဦး‌သေဆုံးပြီး ၂ဝဦး ‌ကျော် ဒဏ်ရာရရှိခဲ့ပြီး‌နောက် တာ‌လောကြီးရွာကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဖြည့်စွက်‌ပြောဆိုသည်။

ယခုလ ၁ရက်‌နေ့ကလည်း မြန်မာအစိုးရပိုင် သတင်းစာ၌ KIA ၏ မိုင်း‌ထောင်‌ဖောက်ခွဲမှု‌ကြောင့် မြစ်ကြီးနားမြို့မှ နဝမတန်း ‌ကျောင်းသားတဦးနှင့် အသက် ၃၁အရွယ် ဦးတင့်နိုင်ဝင်းဆိုသူ ‌သေဆုံးခဲ့သည်ဟု စွပ်စွဲ‌ဖော်ပြခဲ့သည်။