Home ထိပ်တန်းသတင်း NLDမှတ်ပုံတင်‌ရေးနှင့်‌ရွေး‌ကောက်ပွဲ ဝင်‌ရေး ဆုံးဖြတ်လိုက်ပြီ

NLDမှတ်ပုံတင်‌ရေးနှင့်‌ရွေး‌ကောက်ပွဲ ဝင်‌ရေး ဆုံးဖြတ်လိုက်ပြီ

1787
နိုဝင်ဘာလ ၁၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD က ၎င်းတို့နိုင်ငံ‌ရေးပါတီ မှတ်ပုံတင်‌ရေးနှင့် ‌ရွေး‌ကောက်ပွဲဝင်‌ရေးအတွက် ယ‌နေ့ ရန်ကုန် မြို့ NLD ရုံးချုပ်၌ ကျင်းပသည့်အစည်းအ‌ဝေးတွင် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

အဆိုပါ အစည်းအ‌ဝေးတွင် ဒီမိုက‌ရေစီပါတီများ အပါအဝင် တက်‌ရောက်သည့် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များမှ NLD ပါတီခွဲ ၁၄ခုက ‌ထောက်ခံမှုအများဆုံးဖြင့် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အစည်းအ‌ဝေးသို့ တက်‌ရောက်ခဲ့သူ NLD ၏ ဗဟိုအလုပ်အမှု‌ဆောင် ဦးဝင်းတင်က “NLD ပါတီဟာ အခုထိ တရားဝင် ပါတီ မဟုတ်ဘူး။ သူတို့(အစိုးရ)လည်း မှတ်ပုံမတင်နိုင်‌အောင် လုပ်ထားတယ်။ သူတို့က မှတ်ပုံတင်နိုင်‌အောင် ဥပ‌ဒေ‌တွေ ပြင်ပြီးပြီ ဆို‌တော့ NLD ဟာ အခုလို မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တာပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ သူက နိုင်ငံ‌ရေးမှတ်ပုံတင်‌ရေးနှင့် ‌ရွေး‌ကောက်ပွဲဝင်‌ရေးကို ဆုံးဖြတ်လိုက်သည့်အ‌ပေါ် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုအားလုံး NLD ပါတီနှင့် အမျိုးသားဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ဝိုင်းရံကြရန် တိုက်တွန်းပန် ကြား‌စေလို‌ကြောင်း ဆက်လက် ‌ပြောဆိုသည်။

ထို့အပြင် ‌ဒေါ်‌အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း NLD ပါတီ ပြန်လည် မှတ်ပုံတင်‌ရေးနှင့် ‌ရွေး‌ကောက်ပွဲဝင်‌ရေးတွင် ပါတီဝင်များထဲ၌ လက်မခံနိုင်သူများလည်း အချို့ရှိနိုင်‌သော်လည်း ဒီမိုက‌ရေစီသ‌ဘောအရ အများဆုံးဖြတ်ချက်ကို လိုက်နာကာ ကူညီပံ့ပိုးမှုများ‌ပေးကြရန် ‌မေတ္တာရပ်ခံလို‌ကြောင်း အစည်းအ‌ဝေးတွင် ‌ပြောသွားခဲ့သည်။

NLD ဗဟိုအဖွဲ့က အစည်းအ‌ဝေးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် ပဲခူး၊ မွန်၊ မန္တ‌လေး၊ မ‌ကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနသင်္ာရီ စသည့် တိုင်း‌ဒေသကြီးမှ NLD ပါတီခွဲ အဖွဲ့ဝင် ကိုယ်စားလှယ်‌ပေါင်း ၁၁၇ဦး ဖိတ်ကြားထားပြီး ၁၄ဦးမှာ အစည်းအ‌ဝေး တက်‌ရောက်နိုင်ခြင်း မရှိ‌ကြောင်း သိရသည်။

ယ‌နေ့နံနက် ၁ဝနာရီမှ မွန်းလွဲ ၁နာရီခွဲ‌ကျော်အထိ ကျင်းပခဲ့သည့် ထိုအစည်းအ‌ဝေးတွင် တက်‌ရောက်ခဲ့သည့် ပြည်နယ်နှင့် တိုင်း NLD ပါတီအဖွဲ့ဝင် ကချင်၊ ချင်း၊ မွန်၊ စစ်ကိုင်းမှ NLD ကိုယ်စားလှယ်များက ‌ရွေး‌ကောက်ပွဲသည့်အဆင့်ထိ စိတ်အား ထက်သန်မှု မရှိခဲ့သည်မှလွဲ၍ ကျန်အဖွဲ့ဝင် ကိုယ်စားလှယ်အားလုံးက ပါတီမှတ်ပုံတင်‌ရေးအပြင် ‌ရွေး‌ကောက်ပွဲဝင်‌ရေးအဆင့် ထိပါ ‌ထောက်ခံခဲ့ကြသည်။

ယခုလ ၄ရက်‌နေ့က နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ဥပ‌ဒေ ပြန်လည်ပြင်ဆင်သည့်အ‌နေဖြင့် အချက်‌လေးချက်ပါဝင်သည့် ဥပ‌ဒေ ကို မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်လက်မှတ်ထိုး၍ မြန်မာအလင်းသတင်းစာတွင် ထုတ်ပြန်ပြဌာန်းခဲ့သည့်‌နောက် ပိုင်း NLD ပါတီသည် ယခုလို အစည်းအ‌ဝေး ‌ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်သည်။

NLD အ‌နေဖြင့် ယခုလို ဆုံးဖြတ်လိုက်ခြင်းသည် ၂၀၀၈ခုနှစ်က အတည်ပြု ပြဌာန်းလိုက်သည့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို လက်ခံလိုက်ရာကျ‌ကြောင်း ‌ဝေဖန်မှုအချို့ရှိ‌နေကြသည်။

ဆရာဦးဝင်းတင်က “NLD က ဒီလို ဆုံးဖြတ်လိုက်တာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံသလို ဖြစ်နိုင်ပါတယ်။ သို့‌သော် တစ်ဖက်က ‌နေ ပြန်ပြီး ကြည့်မယ်ဆိုရင် ‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ နိုင်ငံ‌ရေးဩဇာနဲ့ NLD ရဲ့ နိုင်ငံ‌ရေးဩဇာတို့နဲ့ ‌ပေါင်းစပ်ပြီး‌တော့ လွှတ် ‌တော်ထဲကို ‌ရောက်ရင်‌တော့ ဒီအ‌ခြေခံ ဥပ‌ဒေကို ပြင်ဖို့အတွက်အားထုတ်မယ်၊ လုပ်ငန်းစဉ်‌တွေ ချမယ်၊ လုပ်သွားမယ်ဆိုရင် ‌တော့ ‌ကောင်းတဲ့အကျိုးရလဒ်‌တွေ ‌ပေါ်နိုင်မယ်။”ဟု သူ၏အမြင်ကို ‌ပြောသည်။

၁၉၈၈ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် NLD ပါတီသည် ၁၉၉ဝပြည့်နှစ် ပါတီစုံဒီမိုက‌ရေစီ ‌ရွေး‌ကောက်ပွဲတွင် လွှတ်‌တော်အ မတ်‌နေရာ ၄၉၂‌နေရာအနက် ၃၉၂‌နေရာ အနိုင်ရရှိခဲ့‌သော်လည်း နိုင်ငံ‌တော်ငြိမ်ဝပ်ပိပြားမှုတည်‌ဆောက်‌ရေးအဖွဲ့-နဝတ စစ် အစိုးရက NLD အား အာဏာလွှဲ‌ပြောင်း‌ပေးခြင်း မရှိခဲ့‌ပေ။