Home သတင်း KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ‌ကော် မတီကို ဖွဲ့လိုက်ပြီ

KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ‌ကော် မတီကို ဖွဲ့လိုက်ပြီ

2280
နိုဝင်ဘာလ ၁၁ရက်။ (‌ကေအိုင်စီ)

Photo-Nan Paw Gay (‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘော)
မြန်မာအစိုးရနှင့် ငြိမ်းချမ်း‌ရေးကိစ္စများ ‌ဆွေး‌နွေးရန်အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU)က ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင် ‌ရေး‌ကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၈ရက်‌နေ့မှ ၁၁ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် KNU ၏ အ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် အဖွဲ့ဝင် ၇ဦးပါသည့် အဆိုပါ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ‌ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ‌ကော်မတီတွင် ဥက္ကဌအဖြစ် KNU ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘော၊ ဒုဥက္ကဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေး ဖိုး၊ အတွင်း‌ရေးမှူးအဖြစ် ပဒို‌စော‌ဒေးဗစ်‌ထောတို့ဖြစ်ကြပြီး အဖွဲ့ဝင်များအဖြစ် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်၊ ကျန်းမာ‌ရေးတာဝန်ခံ ဗိုလ်မှူး‌ရောဂျာခင်၊ သစ်‌တောတာဝန်ခံ ပဒို‌စောအားတိုးနှင့် ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးတို့ ပါဝင်‌ကြောင်း သိရသည်။

အစိုးရသစ်နှင့် သွား‌ရောက်‌တွေ့ဆုံမည့် KNU ကိုယ်စားလှယ်အဖွဲ့နှင့် သွား‌ရောက်မည့် ‌နေ့ရက်များကို ၎င်းအ‌ရေး‌ပေါ် အစည်း အ‌ဝေးတွင် ‌ရွေးချယ်သတ်မှတ်ခဲ့ခြင်း မရှိ‌သေးသလို ‌နေ့ရက် သတ်မှတ်ခြင်းလည်း မရှိ‌သေးဟု သိရသည်။

သို့‌သော် ယခု ‌ကော်မတီဖွဲ့စည်းမှုနှင့် ပတ်သက်၍ KNU ‌ခေါင်း‌ဆောင်များကို ‌ကေအိုင်စီက ကြိုးစားဆက်သွယ်‌နေဆဲ ဖြစ်‌နေ သဖြင့် အ‌သေးစိတ် အ‌ခြေအ‌နေကို မသိရှိရ‌သေး‌ပေ။

KNU သည် ၂၀၀၈ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ၁၄ကြိမ်‌မြောက် ညီလာခံမှ ချမှတ်ဆုံးဖြတ်ထားသည့်အတိုင်း နိုင်ငံ‌ရေးပြဿ နာကို နိုင်ငံ‌ရေးနည်းအရ တစ်ဆင့်ချင်း ‌ဖြေရှင်းသွားမည့်မူအ‌ပေါ်တွင် လုပ်‌ဆောင်သွားခြင်းဖြစ်သည်ဟု KNU အဖွဲ့ဝင်တစ်ဦး က ‌ကေအိုင်စီကို ‌ပြောသည်။

‌လေးရက်ကြာမြင့်သည့် KNU ၏ အ‌ရေး‌ပေါ် အစည်းအ‌ဝေးသို့ ခရိုင်၊ တပ်မဟာ ၇ခုမှ ‌ခေါင်း‌ဆောင်များ ပါဝင်သည့် ဗဟို‌ကော် မတီဝင်များနှင့် အရံဗဟို‌ကော်မတီဝင်များသာ တက်‌ရောက်ခဲ့ကြခြင်း ဖြစ်သည်။

KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီသည် ‌ရှေ့ဆက် လုပ်‌ဆောင်သွားမည့် ကိစ္စရပ်များကို ဆက်လက်၍ ကြီးကြပ်စီစဉ် ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁ဝရက်‌နေ့က ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် မြန်မာအစိုးရ၏ ဗဟို ကိုယ်စားလှယ်များ နှင့် KNU အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့်အဖွဲ့တို့ အချိန် ၃နာရီကြာ ပဏာမ ‌တွေ့ဆုံမှုပြုခဲ့သည်ဟု သိရ သည်။

၎င်း‌တွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်မှ မီးရထားဝန်ကြီး ဦး‌အောင်မင်း၊ တြိဂံတိုင်းမှူး(ငြိမ်း) ဗိုလ်မှူးချုပ်ချစ်သန်း၊ ပညာရှင်များ ဖြစ်ကြသည့် ‌ဒေါက်တာတင်‌မောင်သန်း၊ ‌ဒေါက်တာ‌ကျော်ရင်လှိုင်၊ ဦးလှ‌မောင်‌ရွှေနှင့် လုပ်ငန်းရှင်များဖြစ်သည့် ဦး‌ငွေစိုး၊ ဦး တိုနီနှင့် ဦးကိုကို‌မောင်တို့ ဇနီး‌မောင်နှံတို့ ပါဝင်ခဲ့ကြသည်။

ယင်းမတိုင်ခင် ပြည်နယ်အစိုးရ ကိုယ်စားလှယ်များနှင့် ၂ကြိမ် ‌တွေ့ဆုံခဲ့မှုမှာ EC ဆုံးဖြတ်ချက် မပါဝင်သဖြင့် တရားမဝင် ‌ကြောင်း KNU ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက ‌ကေအိုင်စီကို ‌ပြောဆိုခဲ့ပြီးဖြစ်သည်။

သို့‌သော်လည်း ‌ကေအိုင်စီမှ လက်ခံရရှိသည့် သတင်းများအရ ၎င်းတရားမဝင် ‌တွေ့ဆုံမှုကို ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ် စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်က ညွှန်ကြားကာ ဦး‌စောဖိုးနီ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်(ငြိမ်း)၊ ဘားအံမြို့။ သိက္ခာ‌တော်ရဆရာ‌တော်ဦး‌စောရင်မြ‌ရွှေ၊ ‌ကော့ကရိတ်မြို့။ အရှင်‌ခေမာဝုဓ၊ ‌တောရ‌ကျောင်းတိုက်၊ မြဝတီမြို့။ အဂင်္လီကန် အသင်း‌တော်လူကြီး ဦး‌စောဗစ်တာ၊ ဦးတင်‌အေး၊ ‌ရွှေမြင်းဝန်ဘုရား‌ဂေါပက(မြဝတီမြို့)နှင့် ဦး‌စောအယ်ဝါးတို့က ‌တွေ့ဆုံခဲ့ကြ ခြင်းဖြစ်သည်ဟု နယ်စပ်သတင်းများအရ သိရသည်။