Home သတင်း DKBA လူထုအစည်း အ‌ဝေး ပြုလုပ်မည်

DKBA လူထုအစည်း အ‌ဝေး ပြုလုပ်မည်

1712
နိုဝင်ဘာလ ၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖလူး‌ဒေသရှိ တာအုထာ့‌နေရာတွင် ဗိုလ်မှူးချုပ်‌စောလားပွယ် ဦးစီးသည့် တိုးတက်‌သောဗုဒ္ဓဘာ သာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)က မနက်ဖြန် ၁ဝနာရီ၌ လူထုအစည်းအ‌ဝေးတရပ် ပြုလုပ်မည်ဖြစ်‌ကြောင်း DKBA ဘက်မှ ‌ပြောသည်။

ထိုအစည်းအ‌ဝေးအတွက် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံနှင့် ဖလူး‌ဒေသရှိ ရွာ‌ပေါင်း ၄ဝခန့်မှ ရွာသူကြီးများကို ဖိတ်ကြား ထားသည်ဟု DKBA မှ ပြည်ပဆက်ဆံ‌ရေးတာဝန်ခံ ဗိုလ်မှူး‌စောလိုးလိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ DKBA ‌တွေ ဘာ‌တွေ လုပ်ခဲ့လဲ။ လက်ရှိ ဘာ‌တွေ လုပ်‌နေလဲ။ ‌နောက် လူထု‌တွေ ဘာဖြစ်ချင်လဲ။ အဲဒါ‌တွေကို ရှင်း လင်းမယ်။ ဖိတ်ကြားထားတဲ့သူ တချို့‌တော့ ‌ရောက်‌နေပြီ။”ဟု ‌ပြောသည်။

သို့‌သော် ၎င်းတို့ ပြုလုပ်မည့် အစည်းအ‌ဝေး‌နေရာနှင့် အလှမ်း‌ဝေးသည့် အချို့ရွာများမှ ရွာသူကြီးများကိုသာ ဖိတ်ကြား‌ကြောင်း နှင့် မလာနိုင်‌သော ရွာသူကြီးများအစား ရွာသားများက ကိုယ်စားအ‌နေဖြင့် လာ‌ရောက်ကြမည်ဖြစ်‌ကြောင်း သူက ဆက်‌ပြော သည်။

DKBA မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမို‌ရှေး ဦး‌ဆောင်‌သော ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့သည် မြန်မာအစိုးရ၏ ငြိမ်းချမ်းမှု တည်‌ဆောက်‌ရေးအဖွဲ့နှင့် ဘားအံမြို့၌ နိုဝင်ဘာလ ၁ရက်‌နေ့မှစ၍ သုံးရက်ကြာ ‌တွေ့ဆုံခဲ့ပြီး အချက် ၅ချက်ပါ ပဏာမ သ‌ဘောတူညီမှုကို လက်မှတ်‌ရေးထိုးခဲ့ကြသည်။

၎င်း‌တွေ့ဆုံမှု၊ လက်မှတ်‌ရေးထိုးမှု အပြီး‌နောက်ပိုင်း DKBA မှ ယခုလို လူထုအစည်းအ‌ဝေးကို ပြုလုပ်လာခြင်း ဖြစ်သည်။

DKBA ကလို့ထူး‌ဘောတပ်ဖွဲ့သည် လူထုအစည်းအ‌ဝေးအတွက် ကြိုတင်ပြင်ဆင်ရန် ယမန်‌နေ့က တပ်မှူးများ အစည်းအ‌ဝေး တရပ် ပြုလုပ်ခဲ့ရာတွင် မြန်မာအစိုးရနှင့် သွား‌ရောက်‌တွေ့ဆုံခဲ့သည့် DKBA ကိုယ်စားလှယ်များက ၎င်းတို့ ‌ဆွေး‌နွေးခဲ့သည်များ ကို ပြန်လည် ရှင်းပြခဲ့သည်ဟု သိရသည်။

အဆိုပါ DKBA တပ်ဖွဲ့သည် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၆ရက်‌နေ့ကလည်း ဘားအံမြို့ ဝန်ကြီးရုံး၌ ပြည်နယ်အစိုးရ အဖွဲ့နှင့် ‌တွေ့ဆုံခဲ့သည်။

ကရင်ပြည်နယ် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်အဖွဲ့တွင် ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်၊ ဦးစီးအရာရှိ(ပထမတန်း) ပြည်သူ့စစ်မှ ဒုဗိုလ်မှူးကြီး‌ကျော်မြင့်၊ နယ်စပ်‌ဒေသဖွံ့ဖြိုး‌ရေးဦးစီးဌာန ဒုတိယ ညွှန်ကြား‌ရေးမှူး ဦးသက်‌နောင်၊ ပြည်နယ်ဥပ‌ဒေချုပ် ဦးသိန်းလွင်တို့ ပါဝင်ကြသည်။

အလားတူ ဗိုလ်မှူးကြီးမို‌ရှေး ဦး‌ဆောင်‌သော DKBA ကလို့ထူး‌ဘော ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်အဖွဲ့တွင် ‌စောဟိဒို့၊ ‌စော‌မောင် ‌လေးနှင့် ‌စောစိန်ဝင်းတို့ ပါဝင်ခဲ့ကြသည်။

(ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောတပ်ဖွဲ့မှ အဖွဲ့ဝင်အချို့)

အစိုးရနှင့် DKBA တို့ သ‌ဘောတူညီခဲ့သည့် အချက်များထဲတွင် ယခုလ ၆ရက်‌နေ့မှစ၍ အပစ်ခတ်ရပ်စဲကြရန်၊ အပစ်အခတ် ရပ်စဲ‌ရေး ကာလအတွင်း ဆုံဆည်းမြိုင်ဝန်းကျင်၌ DKBA တပ်များအား ယာယီ အ‌ခြေပြု ‌နေထိုင်ရန်၊ မြဝတီမြို့တွင် DKBA ၏ ယာယီ ဆက်ဆံ‌ရေးစခန်း ဖွင့်လှစ်ရန်၊ နယ်‌ကျော်လွန်၍ လက်နက်ကိုင်‌ဆောင်မှု နှစ်ဖက် ကြိုတင်ညှိနှိုင်းမှု ‌ဆောင်ရွက်ကြရန် နှင့် နယ်‌မြေဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ်ပြီး ထာဝရငြိမ်းချမ်း‌ရေး ရသည်အထိ ဆက်လက် ‌ဆွေး‌နွေးကြရန်တို့ ပါရှိ‌ကြောင်း သိရ သည်။