Home သတင်း ၂၀၀၈ဖွဲ့စည်းပုံဖြင့်နိုင်ငံ‌ရေးပြဿနာ မ‌ဖြေရှင်းနိုင်‌ကြောင်း ABMA ‌ကြေညာချက်ထုတ်

၂၀၀၈ဖွဲ့စည်းပုံဖြင့်နိုင်ငံ‌ရေးပြဿနာ မ‌ဖြေရှင်းနိုင်‌ကြောင်း ABMA ‌ကြေညာချက်ထုတ်

2227
နိုဝင်ဘာလ ၂၁ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)မှ ကြားဖြတ်‌ရွေး‌ကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်လိုက် ခြင်းသည် ‌ရွှေဂုံတိုင်‌ကြေညာစာ တမ်းနှင့် ဆန့်ကျင်‌နေသည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးပြဿနာများ ကို‌ဖြေရှင်းနိုင်လိမ့်မည်မဟုတ်‌ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာသံဃာ့တပ်‌ပေါင်းစု အဖွဲ့ကြီး(ABMA) က ဆိုသည်။

“NLD အ‌နေနဲ့ ‌ရွှေဂုံတိုင် ‌ကြေညာစာတမ်း‌တွေကို အ‌ကောင်အထည် မ‌ဖော်နိုင်‌သေးပဲနဲ့ ဒါကို လက်ခံပြီး‌တော့ လုပ်လိုက်တဲ့အ တွက် နိုင်ငံရဲ့ ငြိမ်းချမ်း‌ရေး၊ ညီညွှတ်‌ရေး၊ စစ်မှန်တဲ့ ဒီမိုက‌ရေစီရရှိ‌ရေး အပါအဝင် လူ့အခွင့်အ‌ရေး‌ေ‌တွေကို ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေ‌အောက်က‌နေ ရ‌အောင် လုပ်ယူနိုင်လိမ့်မယ်လို့ သိပ်ပြီး သံသယရှိတယ်။ ‌နောက်ပြီး ဖြစ်နိုင်ဖို့ကလည်း အင်မ တန်မှ ခက်ခဲပါတယ်”ဟု ABMA မှ ဦးပဉ်ဖင်း နန္ဒမာလာက ‌ပြောသည်။

နိုဝင်ဘာလ ၁၈ရက်‌နေ့က ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုက‌ရေစီ အဖွဲ့ချုပ်-NLD ၏ ဗဟိုဦးစီးအဖွဲ့ အစည်းအ‌ဝေးတွင် ပါတီ မှတ်ပုံတင်‌ရေးနှင့် ‌ရွေး‌ကောက်ပွဲဝင်‌ရေး ဆုံးဖြတ်ချက်အ‌ပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်‌ပေါင်းစုအဖွဲ့ကြီးမှ ယ‌နေ့ရက်စွဲ ဖြင့် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NLD ၏ ဆုံးဖြတ်ချက်သည် ‌ရွှေဂုံတိုင် ‌ကြေညာစာတမ်းမှ လမ်း‌ကြောင်းလွဲသွားသည့်အပြင် ပြည်သူလူထု၏ ဆန္ဒနှင့် ကွာဟ ချက်များ ရှိ‌နေသည်ကို ‌ထောက်ပြလိုသည့် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဦးနန္ဒမာလာက ‌ပြောသည်။

“‌ရွှေဂုံတိုင်‌ကြေညာစာတမ်းထဲမှာဆိုရင် နိုင်ငံ‌ရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်‌ပေးဖို့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြန် လည် သုံးသပ် ပြင်ဆင်‌ရေး ‌နောက်ပြီး တိုင်းရင်းသား လူမျိုးများအားလုံး အခွင့်အ‌ရေး တန်းတူညီမျှမှုရရှိ‌ရေး၊ ၁၉၉ဝ ပြည့်နှစ်က ‌ရွေး‌ကောက်ပွဲ ရလဒ်ဖြစ်တဲ့ ပြည်သူ့လွှတ်‌တော်ကို အသိအမှတ်ပြုတာ‌တွေ တစုံတခုမှ မ‌တွေ့ရှိရ‌သေးဘဲ ‌ရွေး‌ကောက်ပွဲဝင် တာဟာ ဦးပဉ်ဖင်းတို့အ‌နေနဲ့ သိပ်ပြီး‌တော့ မနှစ်သက်တဲ့သ‌ဘောပါ”ဟု ‌ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်‌ပေါင်းစု အပါအဝင် ပြည်တွင်းပြည်ပ အင်အားစု အသီးသီးသည် အမျိုးသား ဒီမိုက‌ရေစီအ ဖွဲ့ချုပ်၏ ‌ရွှေဂုံတိုင်‌ကြေညာစာတမ်းကို ကိုင်စွဲကာ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်နှင့်အတူ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ ‌ဒေနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ခဲ့ကြပြီး ယခုလည်း ယခင် အ‌ခြေအ‌နေနှင့်မခြား ဒီမိုက‌ရေစီကို ‌ဖော်‌ဆောင်မည့် အ‌ပြောင်းအလဲ မ‌တွေ့ရှိရ‌သေး‌ကြောင်း ထို‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

အစိုးရအ‌နေဖြင့် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်လိုပါက တိုင်းရင်းသား‌ဒေသများတွင် လက်ရှိ ဖြစ်ပွား‌နေသည့် စစ်ပွဲ များနှင့်အတူ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ရပ်တန့်ပြီး နိုင်ငံ‌ရေး အကျဉ်းသားများကိုလည်း ခြွင်းချက်မရှိ လွှတ်‌ပေး‌ရေးနှင့် တိုင်းရင်းသား လူမျိုးစုအားလုံး ပါဝင်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများကို ပြုလုပ်‌ပေးသင့်‌ကြောင်း ထိုထုတ်ပြန်ချက်ထဲတွင် တိုက် တွန်းထားသည်။

ABMA အ‌နေဖြင့် တိုင်းသူပြည်သူသား ဒကာ ဒကာမအ‌ပေါင်းတို့၏ ဓမ္မစစ် ဘဝမှန်ကို ‌ရှေ့ရှု‌သောအားဖြင့် ၎င်းတိုက်တွန်းချက် ပါအတိုင်း ပြည်တွင်းစစ်ရပ်စဲ‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေး၊ နိုင်ငံ‌ရေးအကျဉ်းသားအားလုံး လွတ်‌မြောက်‌ရေး၊ နိုင်ငံ‌ရေးအရ ‌တွေ့ ဆုံ‌ဆွေး‌နွေး အ‌ဖြေရှာ‌ရေးနှင့် ဒီမိုက‌ရေစီအခွင့်အ‌ရေးများ ရရှိ‌ရေးတို့အတွက် ပြည်သူအ‌ပေါင်းနှင့် လက်တွဲ ကြိုးပမ်း‌ဆောင် ရွက်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်‌ပေါင်းစုကို ၂၀၀၇ခုနှစ်၊ စက်တင်ဘာ ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးကာလတွင် မြန်မာနိုင်ငံရှိ သံဃာအဖွဲ့အစည်းများ စု‌ပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာပြည်တွင်းအပြင် အ‌မေရိကန်၊ အိန္ဒိယနှင့် ဂျပန် နိုင်ငံများတွင်လည်း အဖွဲ့ဝင်သံဃာ‌တော်များ ရှိသည်။