Home သတင်း ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသားများ စကားရည်လုပွဲသို့ ပရိဿတ် ၁၀၀‌ကျော် တက်‌ရောက်ခဲ့

‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသားများ စကားရည်လုပွဲသို့ ပရိဿတ် ၁၀၀‌ကျော် တက်‌ရောက်ခဲ့

2559
နိုဝင်ဘာလ ၂၆ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ Children Development Center-CDC ‌ကျောင်းတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ပြု လုပ်ကျင်းပသည့် စကားရည်လုပွဲသို့ ‌ကျောင်းသားလူငယ်များ အပါအဝင် လူထုပရိဿတ် ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့နှင့် ၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် စကားရည်လုပွဲ နှင့် ပ‌ဟေဋိ အ‌မေးအ‌ဖြေပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံတွင် ဖြစ်ပျက်‌နေသည့် အကြမ်းဖက်မှု အ‌ခြေအ‌နေများ သိရှိ‌စေရန်နှင့် ‌ကျောင်းသူ၊‌ကျောင်းသားများ အသိပညာစွမ်းရည် မြင့်မားလာ‌စေပြီး အကြမ်းဖက်မှုများ ရပ်တန့်‌ရေး ဝိုင်းဝန်းလုပ်‌ဆောင်ရန် အသိ‌ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်‌ကြောင်း WLB သဘာပတိအဖွဲ့ဝင် ‌လွေး‌နွေ‌နှောင်းက ယခုလို ‌ပြောသည်။

“အဓိက‌တော့ ကျမတို့ မြန်မာနိုင်ငံအတွင်းမှာ ဘာ‌တွေဖြစ်‌နေတာလဲဆိုတာ အားလုံး သိ‌စေချင်တာရယ်၊ ‌ကျောင်းသူ‌ကျောင်း သား‌တွေ စကားရည်လုစွမ်းရည် တိုးတက်လာ‌အောင်၊ ‌နောက်ပြီး ဒီလိုအမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု‌တွေ ရပ်တန့် ‌အောင် လုပ်‌ဆောင်သွားဖို့ အသိ‌ပေးချင်တာ‌တွေ‌ကြောင့် ကျင်းပလိုက်တာပါ။”ဟု ‌ပြောသည်။

အစီအစဉ်ကို မနက် ၉နာရီတွင် စတင်ခဲ့ပြီး WLB မှ သဘာပတိအဖွဲ့ဝင် မွန်ဆိုဖီယာ၊ CDC ဒု‌ကျောင်းအုပ် ဦး‌နေမျိုး‌အေးတို့မှ အမှာစကား‌ပြောကြားခြင်း၊ WLB ၏ မဲ‌ဆောက်မြို့ တာဝန်ခံ မနုနုလှိုင်မှ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ‌နောက်ခံသမိုင်း ‌ကြောင်းများ ‌ပြောကြား‌ပေးခြင်း၊ စကားရည်လုပွဲများနှင့် ပ‌ဟေဋ္ဌိအ‌မေးအ‌ဖြေများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ ဗကသ၊ NLD-LA မှ အဖွဲ့ဝင်များ ‌ရွှေ့‌ပြောင်းအလုပ်သမားများ၊ အဖွဲ့အစည်းများမှ အဖွဲ့ဝင်တချို့နှင့် CDC၊ SYCP၊ BHSOH စသည့် ‌ရွှေ့‌ပြောင်းအထက်တန်း‌ကျောင်းများမှ ‌ကျောင်းသူ၊‌ကျောင်းသားများ တက်‌ရောက်ခဲ့ကြသည်။

စကားရည်လုပွဲတွင် “အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုသည် အနာဂတ်‌ခေါင်း‌ဆောင် ဖြစ်မှုကို အဟန့်အတား ဖြစ်‌စေသည်” ဟူ‌သော‌ခေါင်းစဉ်ဖြင့် အဆိုတင်သွင်းမှုကို ငြင်းဆိုယှဉ်ပြိုင်သွားခဲ့သည့် BHSOH မှ ‌ကျောင်းသူတစ်ဦးက ယခုလို ‌ပြောသည်။

“သမီး ဒီပြိုင်ပွဲမှာ ပြိုင်ရတဲ့အတွက် အရမ်း‌ပျော်ပါတယ်။ သူတို့‌ပြောတာ‌တွေကို ဘယ်လိုမျိုး ပြန်‌ချေပရမလဲ။ ဘယ်လိုဖြတ်ထိုး ဉာဏ် သုံးရမလဲဆိုတာ‌တွေအတွက် အများကြီး ပြင်ဆင်ခဲ့ရပါတယ်။ ပြိုင်ပွဲမှာ အားလုံးက နိုင်ချင်ကြတာ‌လေ။ ဒါ‌ကြောင့် သမီး တို့လည်း နိုင်‌အောင် အဆိုတင်သွင်းမှုကို ငြင်းဆိုယှဉ်ပြိုင်ခဲ့ကြတာပါ။ ဒီ‌ခေါင်းစဉ်လိုပဲ အနာဂတ်မှာ ‌ခေါင်း‌ဆောင်ဖြစ်ဖို့အ တွက် အမျိုးသမီး‌တွေအ‌ပေါ် အကြမ်းဖက်မှု လုံးဝကို မရှိသင့်ဘူးလို့ သမီးအ‌နေနဲ့ ‌ပြောချင်ပါတယ်။”ဟု ‌ပြောသည်။

အခမ်းအနားသို့ တက်‌ရောက်လာသူ ဧည့်သည်အမျိုးသမီးတဦးက “ဒီလိုပွဲ‌တွေကို အဖွဲ့အစည်း‌တွေက‌ကော အားလုံးက စိတ် ဝင်တစားနဲ့ တက်‌ရောက်‌စေချင်တယ်။ ‌ကျောင်းသားလူငယ်‌တွေချည်း မဟုတ်ဘဲ အမျိုးသား၊ အမျိုးသမီး‌တွေ အများကြီး တက် ‌ရောက်ရင် ပို‌ကောင်းပါတယ်။ ‌နောက်နှစ်‌တွေမှာလည်း စကားရည်လုပွဲတင်မကပဲ ပြခန်း‌လေး‌တွေနဲ့ ထိထိ‌ရောက်‌ရောက် လုပ် ‌စေချင်တယ်။”ဟု ‌ပြောသည်။

WLB အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး ၁၆ရက်တာလှုပ်ရှားမှုအဖြစ် စကားရည်လုပွဲနှင့် ပ‌ဟေဋ္ဌိ အ‌မေးအ‌ဖြေ များကို ပြီးခဲ့သည့် ၂၀၁ဝခုနှစ်မှ စတင်ပြီး မဲ‌ဆောက်မြို့ CDC ‌ကျောင်းတွင် ကျင်းပခဲ့ရာ ယခုတကြိမ်သည် ဒုတိယ‌မြောက်ဖြစ် သည်။