Home သတင်း လက်နက်ကိုင်တပ်ဖွဲ့၏‌ငွေ‌တောင်း ခံမှုကိုဘုရားသုံးဆူမြို့ခံများ စိုးရိမ်‌ကြောက်လန့်‌နေ

လက်နက်ကိုင်တပ်ဖွဲ့၏‌ငွေ‌တောင်း ခံမှုကိုဘုရားသုံးဆူမြို့ခံများ စိုးရိမ်‌ကြောက်လန့်‌နေ

1683
နိုဝင်ဘာလ ၂၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ အတင်းအဓမ္မ ‌ငွေ ‌တောင်းခံမှုများ‌ကြောင့် ယခုအချိန်တွင် မြို့ခံများမှာ စိုးရိမ်ထိတ်လန့်‌နေကြသည်။

၎င်းလက်နက်ကိုင်တပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ဘုရားသုံးဆူမြို့ရှိ စီးပွား‌ရေးလုပ်ငန်းရှင်နှင့် ‌ငွေ‌ကြေးရှိသူများအား လူ ကိုယ်တိုင်ဖြင့်လည်း‌ကောင်း၊ ဖုန်းဆက်၍လည်း‌ကောင်း၊ လူ‌နေအိမ်သို့ စာဖြင့် ‌ရေးသား၍လည်း‌ကောင်း ခြိမ်း‌ခြောက်‌တောင်း ခံ‌နေမှုများ‌ကြောင့် မြို့ခံများမှာ စိုးရိမ်‌ကြောက်လန့်ရခြင်း ဖြစ်သည်။

အမည်မ‌ဖော်လိုသူ ဘုရားသုံးဆူမြို့မှ စီးပွား‌ရေးလုပ်ငန်းရှင်တစ်ဦးက “ပိုက်ဆံရှိတဲ့လူ‌တွေကို တစ်သိန်း‌ပေး၊ နှစ်သိန်း‌ပေး၊ တစ် ‌သောင်း‌ပေး၊ နှစ်‌သောင်း‌ပေးဆိုပြီး သူတို့ အစီအစဉ်အလိုက် ‌တောင်း‌နေတယ်။ အဲဒါကို စစ်တပ်ကလည်း မဖမ်း‌ပေး၊ မကာ ကွယ်နိုင်ဘူး။ ဒါ‌ကြောင့် တချို့ရာဘာခြံသမား‌တွေ ထိတ်လန့်ပြီး ခြံထဲ‌တောင် မသွားရဲကြ‌တော့ဘူး။ အခု ကျ‌နော်တို့ လုပ်ငန်း ရှင်သမား‌တွေ ကျီးလန့်စာစား‌နေသလို ဖြစ်‌နေတယ်။”ဟု ‌ပြောသည်။

ယင်းသို့ ‌တောင်းခံ‌ငွေမှာ ထိုင်းဘတ်‌ငွေဖြစ်သည့်အပြင် ၎င်းအဖွဲ့သည် ရာဘာခြံသို့သွားသည့် ရာဘာခြံပိုင်ရှင်များအား ပြန်‌ပေး ဆွဲပုံစံဖြင့် ခြံထဲသို့ အလစ်ဝင်‌ရောက် ဆွဲ‌ခေါ်သည်အထိ လုပ်‌ဆောင်ခဲ့သဖြင့် ၎င်းတို့ ‌တောင်းဆိုလာသည့်‌ငွေပမာဏအတိုင်း ‌ပေး‌ဆောင်လိုက်ရသူ ၁ဝဦးခန့်ရှိပြီဖြစ်‌ကြောင်းလည်း အဆိုပါ စီးပွား‌ရေးလုပ်ငန်းရှင်က ဆက်‌ပြောသည်။

နိုဝင်ဘာလ ၂၂ရက်‌နေ့ကလည်း ဘုရားသုံးဆူမြို့၊ ထားဝယ်စုရှိ ရာဘာခြံတစ်ခြံတွင် အလုပ်လုပ်‌နေသူ ရွာသား ၂နှစ်ဦးအား မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင် ၃ဦးပါအဖွဲ့မှ ပြန်‌ပေးဆွဲမှုကို လိုက်လံရှင်းလင်းသည့် ဘုရားသုံးဆူမြို့၊ ‌ကျေးရွာကာ ကွယ်‌ရေးအဖွဲ့နှင့် ပစ်ခတ်မှု အချိန်တို ဖြစ်ပွားခဲ့‌သေး‌ကြောင်း ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

၎င်းက “လူ ၂‌ယောက်ကို ဖမ်း‌ခေါ်သွားတာ ၂၂ရက်‌နေ့ည‌နေ‌ပေါ့။ ကျ‌နော်တို့ ပြန်လိုက်တာ ၂၃ရက်‌နေ့ည ၂နာရီခွဲမှာ ကျ‌နော် တို့ သွားလိုက်တယ်။ (၇)နာရီခွဲ‌လောက် သူတို့ချိန်းတဲ့ ‌တောင်တွင်းမှာ ကျ‌နော်တို့ သွားဝိုင်းလိုက်တယ်။ အဲဒီမှာ ပစ်ခတ်မှုဖြစ် ‌တော့ သူတို့ဖမ်းထားတဲ့ တရားခံ ၂‌ယောက်က ကိုယ်လွတ်ရုန်း‌ပြေးရတာ‌ပေါ့။”ဟု ‌ပြောသည်။

ဘုရားသုံးဆူမြို့ခံများက အဆိုပါတပ်ဖွဲ့မှာ မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု ထင်မြင်ယူဆ‌နေကြသည်။
မွန်ပြည်သစ်ပါတီ၏ အတွင်း‌ရေးမှူး နိုင်ဟံသာက “အဲဒါ အရင်က ကျ‌နော့်ဆီက တပ်မှူး‌ဟောင်းတစ်‌ယောက်ပါ။ နာမည်က ခင် ‌မောင်ဦးပါ။ ကျ‌နော်တို့‌ခေါ်တာ ဗိုလ်မှူးကြီး‌ရှောင်ရဲ့ အဖွဲ့ဝင်‌တွေ။ အဲသလိုပဲ ဒီဘုရားသုံးဆူဂွင်မှာ မကြာမကြာ ပိုက်ဆံလာ ‌တောင်း‌လေ့ရှိတယ်။ တမင်တကာ ‌ငွေလိုက်ရှာတဲ့လူ‌တွေပါ။ နိုင်ငံ‌ရေး ခံယူချက်လည်း မရှိပါဘူး။ သူ့လူ သုံး‌လေးဦး‌လောက်ပဲ ရှိတယ်။ ဒီအထဲမှာ မွန်နဲ့ ကရင်ရွာသားတချို့ကို ‌ခေါ်စုထားတယ်။”ဟု ‌ပြောသည်။

၎င်းလက်နက်ကိုင်တပ်ဖွဲ့သည် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ အတိအကျ မသိ‌သော‌ကြောင့် စစ်တပ်နှင့် တာဝန်ရှိသူများက ‌ဖြေရှင်းနိုင်ရန် ခက်ခဲ‌ကြောင်း အမည်မ‌ဖော်လိုသည့် ရပ်ကွက်မှူးတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူမြို့တွင် လွန်ခဲ့သည့် ၃-၄ လကလည်း အလားတူ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့၏ ‌ငွေ‌တောင်းခံမှုများရှိပြီး အချိန်အနည်းငယ် ‌ပျောက်သွားရာမှ ပြီးခဲ့သည့် ရက်ပိုင်းကမှ ပြန်လည် ‌ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် အစိုးရစစ်တပ် အပါအဝင် မွန်နှင့် ကရင်အပစ်ရပ်အဖွဲ့များ အ‌ခြေချလှုပ်ရှားလျှက်ရှိ ရာ အမည်မသိ လက်နက်ကိုင်အဖွဲ့များ၏ ဝင်‌ရောက်ပစ်ခတ်မှုများ၊ ‌ငွေ‌တောင်းခံမှုများလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။